GL Fiction ( OC ) By ( Pone )
တီခ်ယ္က ဆည်းလည်းလေး
အပိုင်း ၃၁
လေအေးအေးတို့သည် ပြတင်းတံခါးမှတစ်ဆင့် ထိုးဖောက်ဝင်လာကြသည်။ လည်ပင်းတွင် ပတ်ထားသည့် သိုးမွှေးအညိုရောင်မာဖလာကို အေးစက်စက်လက်များဖြင့် ဆုပ်ကိုင်မိသည်။ တက္ကသိုလ်အဓိပတိလမ်းမကြီးထက်မှာ ဝင်တိုက်မိတဲ့ လူနှစ်ယောက်ကို မျက်လုံးထဲပုံဖော်နေမိသည်။ သူ့ကိုတကယ်မသိရိုးအမှန်နဲ့ကြည့်နေတဲ့ ကေလးမေလး။ ငယ်စဉ်ထဲက ခ်စ္လာရတဲ့ ကလေးတစ်ယောက် ခုတော့လည်းသူ့ကိုစွန့်ခွာခဲ့ပြီတဲ့လေ။ ဝတ်လွှာရဲ့ ယုယ။ မ်က္လုံးထဲ ပြန်မြင်ယောင်နေမိတဲ့ ပုံရိပ်လေးတစ်ချိူ့။ အဲ့ပုံရိပ်သေးသေးလေးကို ဝတ်လွှာချစ်လိုက်ရတာ။
"အာ့ "
"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ကွယ် အရမ်းနာသွားသေးလား။"
မျက်လုံးအဝိုင်းလေးတွေနဲ့ မော့ကြည့်လာတဲ့ကလေးမလေး။ သူ့ဘေးမှာလည်း စာအုပ်တွေက ပြန့်ကျဲနေသည်။ ကချင်လွယ်အိတ်အဖြူလေးက မြေပြင်ပေါ်မှာ လျော့တိလျော့တွဲ ကျနေသည်။
''ဟုတ်ကဲ့ ရပါတယ်။"
မသက်သာမျက်နှာနဲ့ဆိုလာတဲ့ သူ့ကိုကြည့်ကာ ဝတ်လွှာမှာ စိတ်မကောင်း။
"ခြေထောက်က ရရဲ့လား"
ဖြည်းဖြည်းချင်းထနေတဲ့ ကလေးကို ဝတ်လွှာတွဲပေးလိုက်ရင်း မေးမိသည်။ ဝတ်လွှာရဲ့ ခါးတွေကို အားကိုဖွယ်ရာ ဖက္တြယ္လာတဲ့ ယုယကြောင့် မိမိကိုယ်ကိုကိုယ် ဂုဏ်ယူမိသည်။
"ရပါတယ်အန်တီ လျှောက်နိုင်ပါတယ်။ "
ဒီနေ့က တက္ကသိုလ် ကျောင်းသားတွေဖောင်တင်တဲ့နေ့ဆိုတော့ ဘယ်လောက်တောင်မှ လူများလိုက်လဲ။ လူတွေကနေရာတိုင်းမှာ မဲသဲနေ၏ ။
"သမီးက ချစ်စရာလေးနော် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာပဲ"
ထိုစကားကြောင့် သူမကိုမော့ကြည့်လာတဲ့ ယုယကမျက်လုံးဝိုင်းဝိုင်းလေးဖြင့် ချစ်စရာကောင်းပါသည်။
"သမီးတို့ သိကြလို့လား အန္တီ "
မသိရိုးအမှန်နဲ့မေးလာတဲ့ ယုယကိုကြည့်ရင်း ဝတ်လွှာမှာအချစ်ပိုရသေးသည်။
YOU ARE READING
တီခ်ယ္က ဆည်းလည်းလေး
Action'' တီခ်ယ္သိလား တီချယ်အသံကသမီးအတွက်တော့ဆည်းလည်းလေးလိုပဲ ကြားလိုက်တာနဲ့ပြေးတွေ့လိုက်ချင်တာမျိူး'' 💫🍂ယုယအောင် ''သမီးကေလ တကယ့်ကိုသစ်ရွက်လေး လေထဲမှာလွှင့်နေပြီးခြောက်လို့ကြွေကျကုန်တာမျိူး.'' 💫 🍂 မြဝ...