Episode 17 Unicode

2.4K 220 6
                                    

GL Fiction ( OC ) By (Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၁၇

"ယုယ စားလို့ရမယ့်တစ်ခုခုလုပ်ဦး"

ကျောင်းပိတ်သည်မို့ အိမ်တွင်လာသောင်းကျန်းနေသည့် ခင်ခင်။ ခုလည်း ယုယ အခန်းထဲက ကုတင်ပေါ်သို့ မှောက်ခုံအိပ်ရင်း ပြောနေခြင်းပင်။ မသိလျှင် သူ့အိမ်သူ့ယာလိုပင်။

"အေးပါ လက်ဖက်သုတ်ပေးမယ် အအေးကောသောက်မလား''

မျက်စောင်းခဲကာ ယုယ ခင်ခင်ကို ပြောမိပါသည်။ ဒါကိုပင် ခင်ခင်က စပ်ဖြဲဖြဲလုပ်နေသေးသည်။

"ငါ့သူငယ်ချင်းလေးက သိတက်လိုက်တာ "

"တော်ပါ နင်အပိုတွေပြောမနေနဲ့ ငါ့ကိုဝိုင်းကူပေး"

ပြောလည်းပြော အခန်းထဲမှ ထထွက်သွားတော့မည့် ယုယကို ခင်ခင်ကသေချာကြည့်နေသေးသည်။ ကုတင်ပေါ်က အလူးလဲ အျမန္ထလာတဲ့ ခင်ခင်က ယုယ မျက်စိထဲတော့ ရှပ်ပြာမပင်။

"နေပါဦး နင့်အိမ်လာတဲ့ ဧည့်သည်ကို ဒီလိုဝိုင်းလုပ်ခိုင်းတယ်ပေါ့"

အမေလး ကြားလို့မှကောင်းကြသေးလား။ အိမ်လာလည်တဲ့ ဧည့်သည်ကလည်း အိမ်ရှင်ကြီးလိုပဲမဟုတ်လား။ အမြင်ကပ်ကပ်ဖြင့် ခင်ခင်ကို မျက်စောင်းသာ ထိုးမိပါသည်။

"လိုက်ခဲ့မယ် စောင့်ဦး"

အပြင်ထွက်သွားပြီးဖြစ်သည့် သူမကို ခင်ခင် လှမ်းတားသည့် အသံကြီးကြားရပါသေးသည်။ မသိချင်ယောင်ဆောင်ကာ မီးဖိုခန်းထဲကိုဝင်လာမိသည်။

"သမီး အဲ့ဒါဘာလုပ်မလို့လဲ"

လက်ဖက်သုတ်နေတဲ့ နောက်ကျောဆီမှ မေမေ့အသံကြောင့် ယုယလည်း မေမေ့ကို ပြုံးပြကာနေမိသည်။ မေမေကတော့ ရေချူးိပြီးထွက်လာပုံရသည်။ သနပ်ခါးအဖွေးသားနဲ့ပင်။

"လက်ဖက်သုတ်မလို့မေမေ ခင်ခင်မလေ သူ့အိမ်လိုပဲမသိရင် "

ယုယ အပြောကို မေမေက အသံများထွက်တဲ့ထိ ရယ်လေသည်။

"လုပ်ပေးလိုက်ပါကွယ် သူလည်းပျင်းနေလို့ သမီးဆီလာတာနေမှာပါ။"

ယုယလည်း ခေါင်းခါကာ သက်ပြင်းသာချမိပါသည်။ ဝိုင်းကူမယ်ဆိုတဲ့ ခင်ခင်ကတော့ ခုထိကို ထွက်မလာပါ။ လက္ဖက္သားမ်ားမ်ားပါမွ ကြိုက်တဲ့ ခင်ခင် အတွက် လက်ဖက်အသားများများကို ယုယ ထည့်ရသည်။ လက်ဖက်သုတ်ပြီးပြီဆိုမှ လက်ကို ရေနဲ့စင်ကြယ်အောင်ဆေးပြီး မနက္က မေမေနဲ့ ဈေးမှာဝယ်ခဲ့သည့်အအေးကို ဘူးထဲမွ ဖန်ခွက်ထဲသို့ ထည့်ရသည်။ မနက်ကအေးသော်လည်း ခုတော့ အေအးဗူးက မအေးတော့ပါ။ အချိန်လည်း အတော်ကြာပြီကို။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now