Episode 20

999 55 2
                                    

GL Fiction( OC ) By ( Pone )

တီချယ်က ဆည်းလည်းလေး

အပိုင်း ၂၀

"ကဲ ရုပ်က ဘာဖြစ်နေရပြန်တာလဲ"

အင်းယားကန်ဘောင် အနီးက စားသောက်ဆိုင်မှာ ထိုင်နေတဲ့ ယုယကို တီချယ်က ပြုံးစစမေးသည်။ စားပွဲပေါ်က ဖျော်ရည်ခွက်နှစ်ခွက်က အရည်ပျော်နေလေပြီ။

''ဘာမှမဖြစ်ပါဖူး ဒါပြီးရင် ဘယ်ကိုသွားဦးမှာလဲ"

ဆူပုတ်ပုတ်နဲ့မေးလာတဲ့ ယုယ ပါးတွေကို တီချယ်က ဖျစ်ညစ်သည်။ တီချယ့် မျက်နှာကြီးကလေ အပိုမဆိုဖူး။ ဘုရားစူး ပြုံးဖြီးနေတာပါဆို။

''ဆူပုတ်မနေနဲ့ သမီးဘယ်သွားချင်လဲပြော တီချယ်လိုက်ပို့မယ်"

အရင်ကလည်း တစ်ယောက်တည်းသွားနေကျပါလို့ပြောလိုက်ချင်ပေမဲ့ ယုယ မပြောခဲ့ပါ။ ဝေးမယ်မှန်းသိနေတာကြောင့် မဝေးခင်မှာ ဒီနေ့လေးကို တန်ဖိုးထားချင်သေးသည်။

''ကျောင်းထဲက သစ်ပုတ်ပင်ဆီသွားကြမယ်"

ယုယ အပြောကို တီချယ်က နူတ်ခမ်းတွေ ခပ်ဖွဖွကိုက်ထားပြန်သည်။ ကြည့် တီချယ်မြက ချစ်ဖို့ကောင်းနေတာမဟုတ်ဖူးလား။

"သစ်ပင်ပုတ်ဆီ ဘာသွားလုပ်မလို့လဲကွယ်"

"တီချယ့်ကို ချစ်ကြောင်းသစ္စာသွားဆိုမလို့"

"အိုကွယ် ယုယ ကလေး"

တီချယ်က ရှက်ရမ်းသာ ရမ်းသည်။ ဒီမိန်းမ ရှက်ရင်သိပ်လှတာ။ အအေးခွက်လေးကတော့ သနားစရာပါ။

"ဒါဖြင့် ထကွယ်။ သိချင်လှတယ်။ ဘာတွေ သစ္စာဆိုမလဲဆိုတာ။"

ထူးဆန်းစွာနဲ့ပဲ ဒီနေ့မှာ မိုးဖွားဖွားများ ကျဆင်းနေခဲ့သည်။ ဆိုင်အပြင်ထွက်ခါနီးမှ ယုယ သတိတရဖြင့် လွယ်အိတ်ထဲက ထီးအား ထုတ်လိုက်သည်။ ထီးအမြဲဆောင်တက်သည့် ကိုယ့်ကိုကိုယ် ဒီတစ်ခါကျေးဇူးတင်မိသည်။

''တော်သေးတာပေါ့ သမီး ထီးပါလာလို့ မိုးကလည်း သူ့အချိန်လည်း မဟုတ်ပဲနဲ့"

မိုးမင်းကြီးအား အပြစ်တင်နေတဲ့ တီချယ့်ကိုယ်လုံးလေးကို ယုယဖက်သို့ ဆွဲသွင်းမိသည်။ ပြောစရာမလိုအောင် တီချယ့်လက်တွေက ယုယ ခါးပေါ်မှာပင်။ ဆံပင်အရှည်ကြီးများကို အပေါ်တစ်လွှာ ဖဲပြားအညိုရောင်နဲ့ စည်းနှောင်ထားတဲ့ တီချယ့်ကို ဖြတ်သွား ဖြတ်လာ လူအများက ငေးကြည့်ကြသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now