Episode 24 Unicode

2.2K 237 25
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၂၄

အေးစက်နေတဲ့ လေတို့ကို ယုယ ရူရိူက်ရသည်။ လန်ဒန်မြို့ရဲ့အေးစက်မူကို ခန္ဓာကိုယ်က ခံစားရတိုင်း တီချယ့်ကိုသတိတရ ရှိပါသည်။ လန်ဒန်ကို စရောက်တဲ့နေ့ထဲက တီချယ်နဲ့ အဆက်သွယ်မရခဲ့ပေ။ သတိရလွန်း၍ ဖုန်းဆက်ရင်လည်း ဖုန်းကအမြဲ စက်ပိတ်ထားသည်နှင့်သာတိုးသည်။ မေမေတို့ကို တီချယ့်အကြောင်းမေးတုန်းကလည်း တီချယ်မြက ပြောင်းသွားတယ်သမီးရဲ့ ဆိုတာပဲ ကြားရသည်။ ဘယ်ပြောင်းသွားခဲ့လဲဆိုတာကို ယုယ မသိသလို မေမေတို့လည်းမသိခဲ့ပေ။ အဲ့တုန်းကဆို ယုယမွာ ငိုလိုက်ရတာအမောပင်။ လန်ဒန်ကနေတောင် ထွက်ပြေးချင်မိသည့်အထိပင်။

"ဟေး ယုယ Are You Ok''

"yes l am''

လန်ဒန်ကို စရောက်ပြီး ကျောင်းတက်ရတဲ့အချိန်မှာ အန်ဒရီယာဆိုတဲ့ လန်ဒန်နဲ့တရုတ်စပ်ထားသည့် ကပြားမလေးနဲ့ စ ခင်ခဲ့ရသည်။

"နင့်ကြည့်ရတာ မိူင်နေတယ် အဆင်ပြေလား "

"ဒီလိုပါပဲ ညက စာက်က္တာ နောက်ကျပြီးအိပ်ရာဝင်တာညဥ့်နက်သွားလို့လေ"

မမှန်သော မုသားအားဆိုကာ အန်ဒရီယာကို လိမ်ရပြန်သည်။ သဘောကောင်းသလို အသားဖြူဖြူ ဆံပင်အနီရောင်ကောက်ကောက်လေးနဲ့အန်ဒရီယာက ချစ်စရာကောင်းသလို ချောလည်းချောသည်။

"အတန်းတက်ရတော့မယ်လေ သွားကြမလား"

ယုယ ထိုင်နေတဲ့ ခုံအောက်က မိမိရဲ့ ရူးဖိနပ်အဖြူလေးကို သေချာစွာ ငုံစီးရသည်။ ယုယ ထိုင်နေတဲ့နေရာက မေပယ်ရွယ်တွေကြွေကျနေတဲ့ မေပယ်ပင်အောက်မှာပင်။

"သွားကြမယ်လေ ငါဖိနပ်ကြိုးချည်နေလို့"

ဖိနပ်ကြိုးချည်နေတဲ့ အချိန်အတွင်း အန်ဒရီယာရဲ့အသံမကြားရတော့ပေ။

"အန္တီ ချည်ပေးမယ် ယုယ"

ယုယ လက်တွေကိုဖယ်ကာ ပြယ်နေသည့် ဖိနပ်နားသို့ ငုတ်တုတ်ထိုင်လိုက်တဲ့ အန်တီဝတ်လွှာ။ ယုယ ကပ်ာကရာ တားရပါသည်။

"ရပါတယ် ယုယ ငရဲကြီးတော့မှာပဲ"

"ဘာမွ မဖြစ်ပါဖူး ကလေးရဲ့"

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now