Episode 23

912 55 4
                                    

GL Fiction ( OC ) By ( Pone )

တီချယ်က ဆည်းလည်းလေး

အပိုင်း ၂၃

ယုယ ငေးမိုင်နေစွာဖြင့် အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေယာဉ်ဟု ရေးသားထားသည့် စာတန်းကို ငေးကြည့်နေမိသည်။ မေမေနဲ့ဖေဖေ မမတို့က ယုယ လန်ဒန်မှာပညာသင်ယူဖို့ကို သဘောတူခဲ့သည်လေ။

"ယုယ သမီးဟိုရောက်ရင်အအေးမမိစေနဲ့နော် မေမေအနွေးထည်အထူကြီးတွေထည့်ပေးထားတယ်"

မေမေက သူ့သမီးကို အိမ်က စထွက်ထဲက မှာနေတာမပြီးတော့ချေ။ ဖေဖေကတော့ ယုယရဲ့ ခရီးဆောင်အိတ်ကို လက်မှာသယ်ပိုးထားသည်။ မမကလည်း ယုယတွက်ဆိုပြီး ဝယ်လာတဲ့ အနွေးထည်ကိုကိုင်ထားသည်။

" အနောက်နိုင်ငံတွေက အေးတယ်တဲ့ မေမေတို့ TVမှာလာရင်သူတို့နိုင်ငံကနှင်းတွေဖုံးနေတာပါပဲကွယ်"

မေမေသည် စိုးရိမ်စွာဖြင့် သူTVကြည့်တုန်းကပါသည့် နှင်းခဲများအကြောင်းကို အလောတကြီးပြောသည်။

"ဟုတ် သမီး ဟိုရောက်လည်းနွေးအောင်နေပါ့မယ် "

မိဘမေတ္တာက တုနိုင်းမဲ့၏ ခုလည်း ယုယအတွက်ဆိုပြီး အနွေးထည်ကို ဘယ်နှထည်မှန်းမသိ ထည့်ပေးထားကြသည်လေ။

"သမီး ဖေဖေမှာချင်တာကတော့ ဟိုရောက်ရင်စာကိုကြိုးစား ကျန်းမာရေးလည်းဂရုစိုက်ကွ။ နောက်ပြီးအပေါင်းသင်းလည်း ကြည့်ပေါင်း ကြားလား"

ဖေဖေရဲ့ဂရုဏာသက် အသံတို့သည် ယုယနားထဲသို့ စွဲနေစေပါသည်။ ခရီးသည်များထိုင်ရန် ခုံများတွင် ယုယတို့ မိသားစုထိုင်နေကြခြင်းသာ။ မမကတော့ ယုယ ပါးကိုခပ်ကြာကြာ နမ်းရိုက်နေလေသည်။

"ယုယ သမီး"

အေးချမ်းသည့် အသာလာရာဖက်ကို ယုယကော မေမေတို့ပါ မော့ကြည့်မိသည်။ ထိုလူက တခြားသူမဟုတ် ယုယရဲ့ တီချယ်ပင်။ မျက်နှာချင်းဆိုင် အရှေ့မှ လာရပ်သည့် တီချယ်ကြောင့် ယုယ မတ်တပ် ထရပ်မိသည်။ မေမေတို့ကတော့ ထိုင်နေကြဆဲပင်။ တီချယ်က ယုယ လက်တွေကို လျှက်တပြတ်ကိုင်လိုက်သည်ကို ယုယ ခံစားရလိုက်သည်။

"ဦးမောင်တို့ ခနလေးနော် ယုယကို ဟိုနားခနခေါ်သွားမလို့"

တီချယ့်အပြောကို မငြင်းတက်သည့် ဖေဖေက ခုလည်းခေါင်းငြိမ့်ပြကာ မြန်မြန်ပြန်လာခဲ့ဟုဆိုပြန်သည်။ ယုယ လေယာဉ်ထွက်ခါနီးမှ ရောက်လာတဲ့ တီချယ်က ခုလည်း ယုယကို လေယာဉ်ကွင်းရဲ့ လူခြေအနည်းငယ်သာ ပြတ်သည့် နေရာသို့ ခေါ်လာပြန်သည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now