Episode 21 Unicode

2.3K 230 11
                                    

GL Ficton ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၂၁

"သမီး ယုယ ကေလး"

အန်တီဝတ်လွှာ ကိုသာ လိုက်ကြည့်နေတဲ့ ယုယကို တီခ်ယ္က အသိဝင်စေရန် အသံပြု၍ လက်ကို ကိုင်တွယ်သည်။ ယုယသည်ပင် တကယ်ကို အသိစိတ် လွင့်နေခဲ့သည်လေ။

"ဟုတ် တီချယ် ယုယရှိတယ်လေ။"

"ခက်ချေရဲ့ကွယ် "

တီခ်ယ္က ထိုသိုသာဆို၍ သက်ပြင်းအရှည်ကြီးချသည်။ ကြည့်ရတာ ယုယကို တစ်ခုခုပြောဖို့နေသလားပင်။

"ယုယ ဘာသိချင်လဲကလေး"

ကိုယ်ကြားချင်တာက တျခား သူပြောတာက တခြားပင်။ အမှန်ဆို ယုယ စိတ်မထင့်အောင် သူတစ်ခုခုတော့ပြောသင့်သည်မလား။ သို့ပေမဲ့ ယုယ ခေါင်းသာခါပြမိပါသည်။ မိုးရွာထားတာကြောင့် လေနုအေးတို့က တစ်ချက်ချက် တိုက်ခတ်နေသည်။

"အေးသလိုပဲနော် တီချယ်ဖျားမယ် အထဲဝင်ကြမယ်လေ"

တီချယ့် ပခုံးတို့ကို ယုယ ဖက္ကာ အိမ်ထဲသို့ခေါ်မိပါသည်။ ထိုအချိန်မှာပင် ယုယ မျက်လုံးတို့သည် ရေစည်ပိုင်းအနီးက သနပ်ခါးပင်ရှိရာကိုသာ ငေးကြည့်မိသည်။

"တီချယ် ခနလေးနော်"

တီချယ့်ပခုံးပေါ်က ယုယ လက်တို့ကို ရုတ်လိုက်ရင်း သနပ်ခါးပန်းပင် ရှိရာဆီသို့ အလျင်အမြန် သွားမိပါသည်။ တော်ရုံကိစ္စများကိုလည်း ယုယ မသိချင်သလို တီချယ့်နူတ်က ထွက်ကျလာမယ့် နာနာကျင်ကျင် စကားလုံးတို့ကိုလည်း ယုယ ကြားနိုင်စွမ်းမရှိပါ။ ဒါ့ကြောင့်လည်း ယုယ အမြဲငြိမ်ငြိမ်လေးသာနေသည်။ ဤမ်ွေလာက္ထိ တီချယ့်အား ယုယ မြတ်နိုးရပါသည်။

"တီချယ့်ဖို့လေ မိုးရွာလို့လားမသိဘူး။ သနပ်ခါးပန်းပင်က စိမ်းစိုပြီး အသီးတွေသီးနေတယ်လေ"

ယုယလက်ထဲက သနပ်ခါးပန်းအချိူ့ကို တီခ်ယ္က ပြုံးပြုံးလေးကြည့်နေသည်။

"ဒါဆို ပန်ပေးလေ တီချယ် စောင့်နေတာကိုကွယ်"

ပိတုန်းရောင်လို ဆံနွယ်ထက်ဆီသို့ ယုယ လက်သွယ်သွယ်များဖြင့် ပန်ဆင်ပေးမိသည်။ သနပ်ခါးပန်းက တီချယ်နဲ့မှ ပိုလိုက်နေသလိုပင်။ မဟုတ်ပါဖူးလေ တီခ်ယ္ကမွ ပန်းတိုင်းရဲ့ ဘုရင်မဖြစ်နေခဲ့တာပါ။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now