GL Fiction ( OC ) By ( Pone )
တီချယ်က ဆည်းလည်းလေး
အပိုင်း ၁
''တီချယ်. တီချယ်..''
အသံကျယ်ကျယ်ဖြင့် အော်ခေါ်နေတဲ့ အသံကြောင့်..မြဝတ်ရည်မေဆိုတဲ့သူမ နောက်ကိုလှည့်ကြည့်လိုက်မိသည်။လက်ထဲကကိုင်ထားတဲ့ ကျိန်ဆွဲခြင်းလေးအား ဆုပ်ကာကိုင်လိုက်မိသည်။ထုံးဖွဲ့ထားတဲ့ဆံထုံးတို့အား သေသပ်လှစွာဖြင့်ပေ။
သစ်ရွက်ခြောက်များ ကြွေကျနေတဲ့ ခရေပင်အရိပ်အောက်တွင် မတ်တပ်ရပ်လျက် သူ့ကိုအော်ခေါ်လာသည့်.ယုယအောင်ဆိုတဲ့ ကလေးမသည် သူ့အနားကို ခပ်မြန်မြန်နဲ့လျောက်လာလေသည်။ သူ့အနားရောက်တော့မှဘေးမှလွယ်ထားသည့် ကချင်ချည်လွယ်အိတ်လေးထဲမှ တစ်စုံတစ်ခုကိုထုတ်လိုက်ရင်း...
''သမီးတီချယ်တွက်ပန်းယူလာတယ်။ ကြည့်ပါဦးမလှဖူးလား..''
ပြောလည်းပြော.ပန်းအဝါရောင် အသီးလေးများနဲ့တူတူအရွက်စိမ်းလေးများတွဲခိုနေတဲ့ သနပ်ခါးပန်းအချို့ကို သေချာစွာစည်းနှောင်ထားသည့် သရေပင်းအနားလေးအား ကိုင်ထားသည့် တက္ကသိုလ်ကျောင်းသူလေးယုယအောင်။
''ဟယ်..သမီးရယ်အဲ့ဒါပဲစောနကတီချယ်အခန်းထဲဝင်တော့ပေးတာမဟုတ်ဖူးကွယ်၊ ခုတော့ဖြင့် အနောက်ကနေလိုက်ရတာမောနေရောပေါ့။ ''
တီချယ်က သူ့ကိုထိုသို့ ဂရုတစိုက်ပြောလာသည်မို့ ယုယအောင်လည်း မျက်နှာကလေးပြုံးရွှင်စွာဖြင့်
''မဟုတ်တာပဲတီချယ်ရယ်..သမီးဖြင့်မမောပါဖူး..တီချယ်တွက်သမီးကိုယ်တိုင်စိုက်ထားတဲ့သနပ်ခါးပန်းလေးအရင်ဦးဆုံးပွင့်လာလို့လေ.၊.အဲ့ဒါတီချယ်ကိုသမီးကိုယ်တိုင်ပန်ပေးမယ်နော်.''
မြဝတ်ရည်မေလည်း ထိုကလေးအပြောတို့ကို လွန်စွာမှနှစ်သက်သဖြင့် ပါးချိုင့်ကလေးများပေါ်သည်အထိပြုံးပြလိုက်ရင်း
''ကောင်းပါပြီရှင်.ကောင်းပါပြီ။''
ပြုံးပြုံးလေးပြောလာသည့် တီချယ်အား ယုယအောင်လည်းသေချာကြည့်ရင်း ပြုံးရွှင်စွာနဲ့ပင်ခြေဖျားလေး အနည်းငယ်ထောက်ကာ တီချယ်ရဲ့ဆံထုံးလေး ဘေး၌တရိုတသေနဲ့ပင် သနပ်ခါပန်းလေးအား ပန်ပေးလိုက်လေသည်။
YOU ARE READING
တီခ်ယ္က ဆည်းလည်းလေး
Action'' တီခ်ယ္သိလား တီချယ်အသံကသမီးအတွက်တော့ဆည်းလည်းလေးလိုပဲ ကြားလိုက်တာနဲ့ပြေးတွေ့လိုက်ချင်တာမျိူး'' 💫🍂ယုယအောင် ''သမီးကေလ တကယ့်ကိုသစ်ရွက်လေး လေထဲမှာလွှင့်နေပြီးခြောက်လို့ကြွေကျကုန်တာမျိူး.'' 💫 🍂 မြဝ...