Episode 15

1.1K 64 3
                                    

GL Fiction ( OC ) By ( Pone )

တီချယ်က ဆည်းလည်းလေး

အပိုင်း ၁၅

"လာ ယုယ အိမ်ထဲသွားရအောင်လေ "

အံ့သြနေတဲ့ ယုယ တစ်ယောက် တီချယ် ခေါ်ရာနောက်ကိုသာ ငေးမောလျက် လိုက်ပါသွားရပြန်သည်။

"ထိုင်နော် တီချယ် ယူစရာရှိနေလို့ "

တီချယ်က ထိုသို့ပြော၍ ခြေလှမ်းကျဲများဖြင့် သူ့အနားက ထွက်သွားလေသည်။ ယုယသည်ပင် ဧည့်ခမ်းထဲမှာ ထိုင်နေရင်း အပြင်အဆင်တွေကို လိုက်ကြည့်နေပြန်သည်။ လိုက်ကာကြီးများက ခမ်းနားစွာ ခေါက်တင်ထားတဲ့ အောက်တွင်တော့ ကြည်လင်နေတဲ့ မှန်ချပ် အပြားလိုက်ကြီးများကို ယောင်အအ ​ငေးရပြန်သည်။ စားပွဲပေါ်ကို တစ်ချက်ကြည့်လိုက်တော့ အင်မတန် အင်မတန်မှ လှသည့် စားပွဲနဲ့အတူ ပန်းအိုး အသေးလေးကိုလည်း တွေ့ရပြန်သည်။ လက်ယပ်မခေါ်ပဲ သိမ်ငယ်စိတ်တို့က အလုအယက် ခိုအောင်းလာကြလေသည်။ ကိုယ်ချစ်တဲ့သူက ဤမျှလောက် ချမ်းသာလိမ့်မည်ဟု မသိခဲ့ပါ။

"သမီး ဒါသောက်လိုက်နော် "

ကမ်းပေးလာတဲ့ ကော်ဖီအေးဗူးလေးအား ယုယ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါသည်။

"ဒီမှာ နေလို့ရတယ်မလား အို ကြာပါတယ် လာ တီချယ့်အခန်းထဲလိုက်ခဲ့တော့ တီချယ် စိတ်မချဖူးကွယ်"

ယုယ လက်တို့ကို ဆွဲကာ ထူရင်း ပြောလာသည့် တီချယ်။

"သမီး ပြန်ရောက်နေတာလား ဖေဖေလည်း မသိရပါလား"

အပေါ်ထပ်ဆီမှ ဆင်းလာတဲ့ အသက်အားဖြင့် ၅၀ကျော် ၆၀နားရှိသည့် ခပ်ဝဝနဲ့ လူတစ်ယောက်။ တီချယ်နဲ့တော့ သိပ်မဆင်ပေ။ သိုပေမဲ့ မျက်လုံးများသည် တူနေလေသည်။ တီချယ့် ဖခင်ပဲ ဖြစ်ရမည်။

"ဟုတ်တယ် ယူစရာလေး ရှိနေလို့ ပြီးရင် ပြန်မှာ"

ခပ်ပြတ်ပြတ် ​ပြောလာတဲ့ တီချယ့် အသံကြောင့် ယုယ သိလိုက်ပါသည်။ ဒီမိသားစုသည် မနွေးထွေးတက်။

"ဟား ဟား ဖေဖေ့ သမီးကတော့လေ ဒီအိမ်က သမီးအိမ်ပဲ စိတ်ကြိုက်နေလို့ရတယ် ဒါနဲ့ ဒီကလေးမက"

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now