Episode 6 Unicode

2.9K 206 2
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၆

သီချင်းတစ်ပုဒ်လုံး ပြီးသွားမှ တီချယ်ကော ယုယေကာ အကြည့်တွေကို ပြင်ရသည်။

"အဟမ်း.''

ချောင်းဟန့်၍ ထသြားတဲ့ တီချယ်ကို ယုယ လိုက်၍ကြည့်ရသည်။ ကတ်ဆက် ခလုပ်တို့ကို ပိတ်လိုက်တဲ့ တီချယ့်လက်ချောင်းလေးတွေက ပျော့ပျောင်းလွန်းတဲ့ ဖယောင်းလေးလား နူးည့ံလွန်းတဲ့ ဖဲကြိုးတွေလား သေချာတွေးရသည်။

"သမီး အချိန်တော့မနည်းတော့ဖူးနော် တီချယ်တို့အိပ်ကြတော့မလား''

ရိုးရိုးပါပဲ။ သူကသာဆန်းဆန်းတွေ တွေးပြီး တီချယ့်အမေးကို ကြောင်လျက်ကြည့်နေမိတာလေ။ တီချယ်ကလှတယ်။ လောကမှာ ရှိသမျှ နတ်ဘုရားရှင်တွေ ဖန္တီးထားတဲ့ လူနတ်သမီးလိုမျိူး။

"အင်း အိပ်ကြမလား။ နည်းနည်းတော့စောသေးသလားလို့"

တိုင်ကပ်နာရီကိုကြည့်ကာ ယုယပြောမိသည်။

"၈:၃၀ပဲရှိသေးတယ်လေ သမီးတို့ ရုပ်ရှင်တကားလောက်ကြည့်ရအောင်လား''

ယုယ အပြောကို တီချယ်ကမငြင်းပေ။ TVနားသို့ တီချယ့် ခြေလှမ်းတွေရွေ့သွားပြန်တယ်။ TV ကိုဖွင့်လိုက်တဲ့အသံကိုယုယ ကြားရသည်။

ဘာကားများဖြစ်မလဲဆိုပြီး TVကိုကြည့်မိတော့ မြူနှင်းဝေဝေဇာတ်ကားဖြစ်နေသည်။ တစ်ယောက်ထိုင်ခုံကနေ သုံးယောက်မျှ ထိုင်လိုရတဲ့ ကျွန်းခုံဆီကို ယုယဖင်ရွေ့ကာထိုင်ရသည်။ ဒီလိုအချိန်ဆို ခြေဆင်းပြီး ကြည့်တတ်တဲ့ သူ့အကျင့်ကိုလည်းပြင်ရဦးမည်။

"ကဲ ရပြီ ကြည့်တော့ ဒါနဲ့ "

သူ့အနား လာရပ်နေတဲ့ တီချယ့်ကို ထိုင်နေလျက်နဲ့ မော့ကြည့်ရသည်။ ဒီတစ်ခါတော့ တီချယ့်မျက်ဝန်းထဲမှာ ပန်းရောင်နှင်းဆီတွေ မြင်နေရသည်။ တီချယ် ရှက်နေလေသလား။

"ပြောလေ တီချယ်ရဲ့ ဘာဖြစ်တုန်း"

"ဒါနဲ့ တီချယ် ယုယ အနားမွာ ထိုင်ကြည့်လို့ရမလား"

တီချယ့် စကားအဆုံး မျက်လုံးပင် အနည်းငယ်ပြူးရသည်။ ဟိုဖက်မှာ လွတ်လပ်နေတဲ့ခုံတွေကတော့ ငိုနေရှာမှာပဲ။ တင်ပါး အုပ္လုနီးနီး ဆံနွယ်တို့အား သပ်သည်။ တီခ်ယိက တကယ့်ကို လူ့စိတ်ကိုကုန်ခမ်းစေသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now