Episode 7 Unicode

2.8K 219 3
                                    

GL Fiction ( OC ) BY ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၇

"အန်တီကြီး ကပ်စေးနှဲတစ်ခု ဘယ်လောက်လဲ "

လင်းအောင်သည် ကပ်စေးနှဲများကိုကြည့်ကာ ဆိုသည်။

"တစ်ခု နှစ်ရာပါ "

ပုဆိုးအဟောင်းအား ခေါင်းပေါ်တင်ထားတဲ့ အသားညိုညို အဒေါ်ကြီးကထိုသို့ပြန်ပြောလေသည်။

"ဒါဆို ကျွန်တော်တို့ကို လေးခုပေးပါဗျ"

လင်းအောင်ရဲ့ စကားအဆုံး ထိုကပ်စေးနှဲသည် အဒေါ်ကြီးက ဝါးခြမ်းတုတ်များဖြင့် ကပ်စေးနှဲကို ယူကာ ရစ်ပတ်နေသည် မြေပဲ နှမ်းများဖြူးနေသည့် ကပ်စေးနှဲကို ခင်ခင်ကသရေယိုကျမတတ်ကြည့်သည်။ ကျော်ခေါင်လည်း ထိုနည်းတူစွာပင်။

ကမ်းပေးလာတဲ့ ပထမဦးဆုံး ကပ်စေးနှဲကို လင်းအောင်ကသူ့ဘေးက ခင်ခင့်ကိုပေးသည်။ ခင်ခင်က ကပ်စေးနှဲကို ကြည့်ရင်း ယုယကိုပြန်ပေးသည်။ ယုယကိုဆို အမြဲဦးစားပေးတတ်သည့် ခင်ခင်မဟုတ်လား။

နောက်တစ်ချောင်းမှ ခင်ခင်ကယူပြီးစားသည်။ ကျော်ခေါင်နဲ့လင်းအောင်တို့လည်း ကပ်စေးနှဲရမှ ယုယတို့ ငွေထုတ်ကာရှင်းလိုက်ကြသည်။

"ဟဲ့ ငါတို့ အတန်းသွားတတ်ရအောင် တီချယ်မြက မှာသွားတယ်လေ အတန်းမပျက်ကြဖို့"

ကျော်ခေါင်က သူ့ရဲ့ ကပ်စေးနှဲကို လျှာနဲ့လျပ်နေရင်းက ထို့သို့ဆိုလေသည်။

"ဟုတ်တယ် သွားတတ်ကြမယ် စာမေးပွဲဖြေရင် အမှတ်ကောင်းအောင်"

ကျော်ခေါင်အပြောကို ထောက်ခံနေတဲ့ ဂျိူသူမ ခင်ခင့်ကို ယုယကြည့်ကာ မဲ့ပြလိုက်သည်။ ကျောင်းတတ်ဖို့ ခုမှတတ်ကြွနေတဲ့ ခင်ခင်ပါလေ။

"ဆည်းလည်းလေးများပွတ်တိုက် ရိူက်သံလို
ခေါင်းလောင်းလေးများ..ထိုးနှက်လိုက်သံလို "

လွယ်အိတ်ထဲမှ ဖုန်းအား ကပျာကရာကိုင်ရသည်။ ထုံးစံအတိုင်း ဖုန်းဆက်တဲ့သူကြောင့် ယုယ ပြုံးရပြန်သည်။

"ဟယ်လို တီချယ်..ဟုတ်"

ဖုန်းအားပြောပြီးသည်နှင့် လွယ်အိတ်ထဲကိုပြန်ထည့်လိုက်ရင်း ခင်ခင်တို့ကို ကြည့်မိသည်။ ခုထိ ကပ်စေးနှဲအား ပယ်ပယ်နယ်နယ် စားနေကြခြင်းဖြစ်ပါသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now