Episode 22 Unicode

2.3K 236 11
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၂၂

"ကဲ ပြန်တော့လေ မပြန်တော့ဖူးလား"

စူကောက်ကောက်ပြောလာတဲ့ တီချယ့်ရဲ့ နူတ်ခမ်းတို့ကို ထပ္ကာ တလဲလဲဖိကပ္ကာ နမ်းမိသည်။

"အာ နမ်းနေတာ မပြီးတော့ဖူး မစပ်တော့ပါဖူးဆို"

တီချယ့် စကားကြောင့် ယုယ အသံကျယ်ကြီးနဲ့အော်ရယ်မိပါသည်။ တုတ်ထိုး စားထားတာကြောင့် တီချယ်စပ်၍ ယုယ နမ်းနေတာလို့ထင်နေပုံရတဲ့ တီချယ်မြဝတ်ရည်မေပင်။

"ရယ်မနေနဲ့ ပြန်တော့လေ"

တီချယ့် မျက်လုံးတွေကို ခပ်ကြာကြာလေး စိုက်ကြည့်မိတော့ အရှက်သည်းစွာ ခေါင်းငုံနေတဲ့ တီချယ်။ ချစ်ရတာမလွယ်ပေမဲ့ ယုယ ထိုအမျိူးသမီးကိုသာ ချစ်သည်။

"ဘာလို့ အဲ့လောက်တောင်ကြည့်နေတာလဲ ဒီမှာရင်ခုန်ပြီးသေတော့မှာပဲ"

ပြုံးလျက်ပြောလာတဲ့ တီချယ့်စကားကြောင့် ယုယ လွန်စွာနှစ်သက်မိ၍ ခေါင်းကို ဖြေးညှင်စွာ ညိမ့်မိသည်။

"ဘာလို့ စိုက်ကြည့်လဲဆိုတော့ အရမ်းကိုချစ်လို့ပေါ့ တီချယ့်ရဲ့ ကြည်ပြာရောင် မျက်လုံးတွေကို သိပ္ခ်စ္တာပဲ။"

"အဲ့လိုတွေ ပြောနေတော့ ဒီကလူက ရှက်နေပြီလေ"

ရှက်ရွံစွာ ပြောလာပြန်တဲ့ တီချယ်။ အသဲယားမိသည်။

"ရှက်နေတာလား ရှက်နေတာကလည်း လှတယ်"

"ယုယ ကေလး တီချယ့်ကို လိုက်မစနဲ့ကွယ်"

နူတ်ခမ်းတို့ကို သွားချွန်ချွန်များနဲ့ ဖိကိုက်ကာ ဆိုလာတဲ့ တီချယ့်ပုံစံ။

"အမြဲသတိရေနေပး တီချယ့်ကို သမီးက နှလုံးသားနဲ့ ခ်စ္တာ အဲ့ဒါကလည်း တီခ်ယ္က သမီး နှလုံးသားကို ကြိုးတွေနဲ့ချည်နှောင်ထားလို့ပဲ"

"တော်တော်တက်နေတာလား"

မျက်စောင်းထိုးလျက် ပြောလာတဲ့ တီချယ့်ကိုယ်လုံးလေးကို ယုယျစာ ဖက်တွယ်မိသည်။ တီချယ်ကလည်း အလိုက်သင့်ပါလာလေသည်။

"ဝေခွဲရခက်သားနော်"

"ဘာကိုလဲလို့"

သံရှည်ဆွဲပြီး ပြောသည့်အသံ။ ဒီအသံကို ယုယ အသဲယားသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now