Episode 8 Unicode

2.8K 236 10
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၈

"လောက.. အလှသစ္စာတရားဖွေရှာ. .ဘယ်မှာတွေ့နိုင်တာ အယူအဆမ်ားစြာ. .တချိူ့ကတော့.နှလုံးသားထဲမှာရှာ.. သြော် တစ်ချိူ့က ဒါဟာ ရုပ်လက္ခာ.."

ခုမှအခန်းထဲက ထြက္လာတဲ့ တီခ်ယ္က သီချင်းကိုညည်းနေဆဲပင်။ သံယာသည့် အသံကြောင့် ယုယသည် စန္ဒာရားလှထွဋ် ရဲ့အသံကိုပင်နားမထောင်ပဲ သူမရှေ့က ဆည်းလည်းအသံကိုပဲ နားစွင့်နေမိသည်။

တီခ်ယ္က သူ့အနားလာထိုင်သည်။ ဆံပင်တို့ကို အပေါ်သပ်သင်ပေးသည်။ နောက်ပြီး နောက်ပြီး..ပါးတစ်ဖက်ကို နွေးထွေးစွာ နူတ်ခမ်းဖြင့် ထိတွေ့ပြန်သည်။ ယုယ ကျောက်ရုပ်လိုပဲ မလှုပ်မယှက် နေမိသည်။ စန္ဒာရား လှထွဋ် ရဲ့သီချင်းသံကို တစ်ချက်ချက်ကြားရသည်။

"ထွေးပွေ့ယူထား..သူ့အား.အတွေ့တွေနွေးနေဆဲပါ။"

"သမီး ဗိုက်ဆာပြီလား"

အဆက်ဆက် မရှိတဲ့ ထိုစကားကို တီချယ်ကဆိုပြန်သည်။ ကတ်ဆက်ထဲမှ သီချင်းသံအဆုံး ကတ်ဆက်ခလုပ်ကို သွားပိတ်လိုက်သော တီချယ်။

"ထ မီးဖိုထဲသွားကြရအောင်ကွယ် တီချယ်လည်း ဗိုက်ဆာပြီ"

ဝမ်းဗိုက်ကို ခက္ဖြဖြ ပြတ္ကာ ဆိုလာတဲ့ တီခ်ယ္က ကလေးလိုပဲမလား..ဒါမဲ့လည်း စောနက သူ့ပါးအား နမ်းခဲ့တဲ့ ကြောက်စရာကောင်းတဲ့ တီချယ်လည်းဖြစ်နေပြန်သည်။

ကမ်းလာတဲ့ တီချယ့် လက်ကို ဆြဲကာ ထလိုက်ရင်း ထမင်းစားခန်းထဲသို့ နှစ်ယောက်သား သွားလိုက်တော့သည်။

"တီချယ့်လက်ရာက အကောင်းဆုံးပဲ"

"ဟယ် ဒီကေလး အန်တီတင်တော့ စိတ်မကောင်းဖြစ်နေတော့မှာပဲ"

မြအပြောအား မျက်လုံးများပြူးကာ ကြည့်လာတဲ့ယုယ။

"တီချယ်ကလည်း အဲ့လိုမဟုတ်ဖူးလေ တီချယ်ကော မေမေကော လက်ရာတူတူပဲ နှစ်ယောက်လုံးကောင်းတယ်"

"အမျိူးမျိူးပဲနော် စား "

ပုန်းရေကြီး ဖြင့်ချက်ထားသည့် ဝက်သားဖက်များကို ယုယပန်းကန်ထဲသို့ ထပ်ထည့်ပေးလိုက်ကာ မြဝတ်ရည်မေ ပြုံးမိသည်။ ယုယ ယုယ အဲ့ကေလးက တကယ့်ကို ထူးဆန်းပြီး မြအတွက်တော့ ခ်စ္စရာပါ။ သူ့အကြောင်းတွေးရုံနဲ့တင် မြအားအမြဲပြုံးစေသည်လေ။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now