Episode 32 Unicode

2.5K 250 26
                                    

GL Ficton ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၃၂

တီချယ်နဲ့ရန်ကုန်ပြန်လာပြီးတဲ့ နောက်မှာ ယုယက တီချယ့်နဲ့တူတူနေပါသည်။ မိဘတွေကလည်း ခွင့်ပြုခဲ့သည်လေ။ မိဘေတြ မသိသေးတာက တီချယ်နဲ့ယုယက ဘယ်အဆင့်ထိရောက်နေလဲဆိုတာကိုပင်။

"တီချယ် ဆေးရုံသွားကြရအောင်နော်"

"မသွားချင်ဘူး သမီးရယ်။"

အမြဲဆိုးလာတဲ့ တီချယ့်ကို ယုယ အမြဲအလိုလိုက်ရသေးသည်။ ဘာနေနေသိပ်ချစ်တာကိုး။

"လာပါ။ ယုယမှာငွေတွေစုထားတာရှိတယ်။ တီချယ်ဆေးခန်းပြရမယ်။ ဆေးရုံကောင်းကောင်းတွေမှာ တီချယ့်ကိုထားမယ်။"

ပြုံးရွှင်လျက်ပြောလာတဲ့ ယုယကို မြ ငေးသာကြည့်မိသည်။ မပြောင်းမလဲသည့် ဧည့်ခန်းထဲက ကျွန်းထိုင်ခုံအကြီးကြီးပေါ်တွင် မြကော ယုယေကာ ဘေးချင်းကပ်လျက်ထိုင်နေကြသည်။ ခပ်နွမ်းနွမ်းဝတ်ထားတဲ့ မြရဲ့ မြန်မာဝမ်းဆက် အပြာရောင်တစ်ထောင့်ဆစ်လက်ဖုံးကို ယုယက လက်အနားစလေးများကို ကိုင်တွယ်နေသည်။

"ယုယ တီချယ်သိပ်ပျော်တယ်သိလား။"

မသိရိုးအမှန်နဲ့ကြည့်လာတဲ့ မျက်ဝန်းကြည်ကြည်လေးများကတောက်နေသည်။ မြကို တစ်စိမ့်စိမ့်ကြည့်နေတဲ့ ယုယကို ချစ်လိုက်ရတာ။

"ဘာကိုပျော်တာလဲ။"

မသိရိုးအမှန်နဲ့မေးလာတဲ့ မေးခွန်းတွေ။ လွမ်းစရာ။ ဒါတွေက လွမ်းစရာ။

''ယုယ ကေလး တီချယ်သမီးကို ကောင်းကောင်းမွန်မွန်နေနိုင်အောင်ပျိူးထောင်ပေးပြီးပြီ။ လူ့လောက အလယ်မှာမကြောင့်မကျနဲ့ နေနိုင်အောင်ပညာတွေသင်ပေးခဲ့ပြီးပြီ။ ဒီလိုစိတ်ဓာတ်မာအောင်လည်း တီချယ် တစ်ထောင့်တစ်နေရာကနေ ပျိူးထောင်ပြီးပြီလို့ယုံကြည်တယ်။ ဘဝကိုအေးအေးဆေးဆေးနဲ့ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်နေပြီ။"

''ဒါတွေကတီချယ့်ကျေးဇူးတွေကြောင့်ပါ။"

ခပ်ရေးရေးလေးပြုံးနေတဲ့ တီချယ့်ကို ယုယ မှင်သက်စွာကြည့်နေမိသည်။ ယုယ သိတာပေါ့။ ယုယကို အမြင့်ကိုရောက်အောင်တွန်းတင်ပေခဲ့တာက တီချယ်ပါ။ ယုယဘဝကိုကောင်းကောင်းမွန်မွန်နဲ့ပညာတက်ကြီးဖြစ်အောင်တီချယ်က လန္ဒန္ထိ ပညာသင်လွှတ်ခဲ့သည်လေ။ ဒီကျေးဇူးတွေကိုလည်း ဘယ်တော့မှ မေ့မှာမဟုတ်ပါ။ တီခ်ယ္က ယုယအတွက်တော့ မိဘလည်းဟုတ်သည်။ အမတစ်ယောက်လိုလည်းဟုတ်သည်။ ချစ်မြတ်နိုးရသူတစ်ယောက်လည်းဟုတ်နေပြန်သည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now