Episode 2 Unicode

3.9K 258 7
                                    

GL Fiction ( OC ) By ( Pone )

တီချယ်က ဆည်းလည်းလေး

အပိုင်း ၂

'သမီး လာ.ဒီမှာတင်လိုက်နော်. '

စားပွဲခုံးလေးထောင့်ခပ်ကျယ်ကျယ်ကိုညွှန်ပြလာသည့်တီချယ်အားယုယခေါင်းငြိမ့်ပြလိုက်မိသည်..လက်ထဲမှစာအုပ်အထုတ်အားထိုစားပွဲပေါ်တင်လိုက်ရင်းရုံးခန်းထဲကဆရာနဲ့ဆရာမများအားခနလိုက်ကြည့်မိသည်..

သူကြည့်နေတုန်းမှာပဲတီချယ်ခက်ကသူ့ကိုပြုံးပြကာတီချယ်ကိုကြည့်လေသည်..တီချယ်ကတော့ခုထိစားပွဲပေါ်စာအုပ်တွေတင်နေတုန်းပင်..

'မြဝတ်ရည်တို့များနော်..ဒီရက်ပိုင်းရုံးခန်းတောင်မလာပါလား..အလုပ်တွေကဘယ်မှာသွားရူပ်နေလဲမသိဖူး.'

ခပ်ပြုံးပြုံးပင်ပြောလာသည့်တီချယ်ခက်ကိုသူကောတီချယ်မြဝတ်ရည်မေကောကကြည့်နေမိကြသည်.သူကတော့ပြုံးရုံသာပြုံးနေမိပေမဲ့တီချယ်ကတော့နှုတ်ခမ်းဆူကာဖြင့်...

'ဘယ်မှာမှမရူပ်ရပါဖူးနော်..ဒီရက်ပိုင်းစာအုပ်တချိူ့ကိုပြန်သိမ်းနေလို့ပါ..ဒါ့ကြောင့်ရုံးခန်းထဲမလာဖြစ်တာပါရှင်.'

ထိုသို့ပြောလာသည့်တီချယ်အားတီချက်ခက်လည်းကြည့်ကာပြုံးလျက်နဲ့ပင်စကားဆိုပြန်သည်..

'သိပါရဲ့နော်.သပ်သပ်စတာပါ..ခုကောပြီးပြီလား.'

တီချယ်မြဝတ်ရည်မေသည်ယုယနားသို့လျှောက်လာလျက်နဲ့ပင်..

'ပြီးပြီလေ..ခုတော့အတန်းဝင်ရမှာမို့သွားတော့မယ်ကွယ်.'

ခပ်ဖွဖွလျှောက်ရင်းစကားများပြောလာသည့်တီချယ်ကိုယုယတစ်ယောက်သေချာကြည့်ကာပြုံးမိသည်..တီချယ်ကတကယ့်ကိုယုယရဲ့ဆည်းလည်းလေး..

'ဟုတ်ပါပြီမြရယ်..သမီးယုယသမီးတီချယ်ကိုစောင့်ရှောက်လိုက်ဦးနော်..'

တီချယ်ခက်စကားကြောင့်ယုယလည်းပြုံးကာခေါင်းငြိမ့်ပြလိုက်မိသည်..ဒါကိုပင်ယုယရဲ့အချစ်တော်တီချယ်မြဝတ်ရည်မေဆိုတဲ့အမျိူးသမီးကနှုတ်ခမ်းများပိုမိုဆူကာဖြင့်..

'မခက်နော်..မြကိုယုယစောင့်ရှောက်ပေးခိုင်းရအောင်မြက ကလေးပင်မဟုတ်..'

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now