Episode 30 Unicode

2.5K 248 14
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၃၀

"ယုယ ဆေးတိုက်တော့လေ"

အိမ်အပြင်ဖက်ကို ငေးနေတဲ့ ယုယကို သတိပေးရသေးသည်။ ဘာတွေများတွေးနေလဲမသိ။ ဆေးလုံးကြီးကို လက်ထဲကိုင်ထားသေးသည်။

"တီချယ် ယုယနဲ့လန်ဒန်လိုက်ခဲ့ပါလား ယုယဆေးကုပေးပါရစေ။"

အလန့်တကြားလှည့်ကာ ထိုစကားကို ပြောလာတဲ့ မြရဲ့မိန်းကလေးအား အချစ်ပိုရသည်။

"အဲ့ဒါတွေကိုထားဦး ဘာတွေပဲဖြစ်လာလာ ကံကြမ္မာကိုပဲ ကျေးဇူးတင်ရတာပေါ့ရှင်ရယ်"

"ကျေးဇူးမတင်နိုင်ပါဘူးနော်"

ဆေးလုံးကို မြ ပါးစပ်ထဲထည့်ကာ ရေကိုလည်းသူကိုယ်တိုင် တိုက်သည့် ယုယက ထိုသို့ပြောသည်။ ဆေးတိုက်ပြီးမှ ရေခွက်ကို ဘေးနားက စားပွဲပေါ်သို့ တင်လိုက်သေးသည်။

"ကံတရားကပဲ တီချယ့်ကို သမီးနဲ့အဝေးကြီးဆွဲခေါ်သွားနေတာလေ။ အဲ့ဒါကိုကျေးဇူးတင်ရမှာလား ဘာပဲနေနေ ယုယ နှလုံးသားထဲမှာတော့ တီချယ်ကအမြဲရှိတယ်။ ဒါကိုတော့ ဘယ်သူ့မှတားလို့လည်းမရသလို ဘယ်သူမှလည်းယူသွားလို့မရဘူး။ ကံတရားဆိုရင်တောင်ပေါ့။"

ပြုံးပြုံးလေးပြောလာတဲ့ ယုယကြောင့် မြရင်ထဲနစ်ခဲနဲ့ပင်။

"တီချယ်တို့ နောက်ဘဝတွေကျရင်ဆုံကြဦးမှာလား"

"ဆုံကြမှာပေါ့ ဘယ်ဘဝပဲဖြစ်ဖြစ် ယုယနဲ့ တီချယ်ပြန်ဆုံကြမယ်။ တီချယ့်ခံစားလို့ရမှာပါ။ နောက်ဘဝသစ်တစ်ခုနဲ့ ယုယတို့ထပ်တွေ့ကြရင် တစ်ယောက်နဲ့တစ်ယောက် ဒီထက်ပိုချစ်ပေးမယ် ပိုပြီးလည်းဂရုစိုက်ပေးကြမယ်။ အဲ့ကမ်ဘာမှာတော့ ယုယတို့နှစ်ယောက်တည်းပဲ တခြားသူတွေဝင်လို့မရနိုင်တော့ဖူး"

"အဲ့ဘဝကျရင်လည်း ခုလိုမိန်းကလေးတွေပဲဖြစ်နေရင်ကော"

မေးခွန်းတွေ မေးလာတဲ့ တီချယ့်မျက်လုံးတွေကို ယုယ အသေအချာစိုက်ကြည့်မိသည်။ တီချယ့်ပါးတစ်ဖက်ကို လက်နဲ့ပွတ်သပ်လိုက်မိပါသည်။ ယုယ ချစ်ရတဲ့ တီခ်ယ္က နတ်သမီးလေးပါပဲ။ ခုလည်းကြည့်လေ ယုယကို မျက်လုံးတောက်တောက်လေးတွေနဲ့ ကြည့်နေတယ်လေ။ မျက်စံနက်နက်လေးတွေထဲမှာ ကိုယ့်ကိုကိုယ်မြင်နေရသည်။ သေချာသည် တီချယ့်မျက်လုံးတွေထဲမှာ ယုယ တစ်ယောက်တည်းရှိနေတယ်ဆိုတာ။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now