Episode 13

1.1K 60 1
                                    

GL Fiction ( OC ) By ( Pone )

တီချယ်က ဆည်းလည်းလေး

အပိုင်း ၁၃

"အန်တီတင်နဲ့ ဦးမောင် မြဝင်လာလို့ရမလား''

အသံနဲတင် ဘယ်သူလဲဆိုတာ သိနေသည့် ယုယက ကျောများမတ်ကာ အနောက်ကိုလှည့်ကြည့်လာသည်။ မေမေကတော့ ပြုံးနေသည်။ ဖေဖေကလည်း ထိုနည်းတူစွာ။

"ဝင်ခဲ့လေ ဘယ်ချိန်လာလာ ဦးတို့က ကြိုဆိုပါတယ်"

ဖေဖေက ဖော်ရွေစွာ ဆက်ဆံသည်။ တီချယ်ကတော့ သူ့ကို ခပ်တွေတွေလေး ကြည့်နေသည်။ အိမ်ထဲကို ဝင်လာပြီး လွတ်နေတဲ့ ထိုင်ခုံပေါ်ကို တီချယ်က ဝင်ထိုင်သည်။

"နန်းကြီးသုတ် စားမလားသမီး အန်တီတင် ခုပဲ ယုယတွက်နှယ်ပေးထားတာ "

မေမေပြောသည်ကို တီချယ်က သူ့ကိုသာတစ်ချက်ကြည့်သည်။

"တော်ပြီ အန်တီတင် ''

"စားပါလား အိမ်မှာက နန်းကြီးသုတ်ကို ယုယပဲစားတာလေ "

ယုယ ပြောတော့ တီချယ်က ခေါင်းသာငြိမ့်ပြသည်။ ဘာမှတော့ စကားမစပါ။ သိုပေမဲ့ တီချယ့်မျက်လုံးတွေမှာ ရွက်ခြောက်တွေ ကြွေနေသည်။ သူမပဲအထင်မှားသည်လား မသိတတ်ပါ။

"ယုယ အဆင်ပြေရဲ့လား လာကြည့်တာ စာမေးပွဲက ဖြေရမှာဆိုတော့ မသိတာလေးတွေရှိရင် မေးလို့ရအောင်လေ"

ဖေဖေတို့ကို ပြောဟန်နဲ့ တီချယ်က သူ့ကိုပြောမှန်း ယုယ သိပါသည်။

"သမီး နားမလည်တာရှိတယ် တီချယ် အခန်းထဲလိုက်ခဲ့ပါ့လား"

စာတွေကိုရပါတယ်လို့ပြောလိုက်ချင်ပေမဲ့ ယုယ မပြောချင်ခဲ့ပါ။ယုယ ကိုယ်တိုင်က မပြောချင်ခဲ့တာဆို ပိုမှန်မည်။

"ဟုလား ယုယက ဒီလောက်တော်တာကို ဘာမရတာများလဲ"

တီချယ်မေးသည်ကို ယုယ ပြုံးကာခေါင်းခါပြမိသည်။ ဖေဖေတို့ကို ကြည့်တော့ ယုယနဲ့တီချယ့်ကိုသာကြည့်၍ ပြုံးနေကြသည်လေ။

"လာ တီချယ် မေမေ သမီးယူသွားပြီနော်"

တီချယ့်ထံ လက်များကမ်းလိုက်ကာ လက်တစ်ဖက်က ကိုင်ထားသည့် နန်းကြီးသုတ် ပန်းကန်ကို မြှောက်ကာပြောမိသည်။ မေမေကတော့ ယူသွားဟုဆိုကာ အိမ်နောက်ဖေးသို့ လက်သွားဆေးချေပြီ။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now