Episode 25 Unicode

2.2K 224 18
                                    

GL Fiction ( OC ) By ( Pone )

တီခ်ယ္က ဆည်းလည်းလေး

အပိုင်း ၂၅

''ဟိုရောက်လည်း ဖုန်းဆက်ဦးနော် ကြားလား"

လန်ဒန်လေဆိပ်အနားရှိ ကော်ဖီဆိုင်အတွင်းမှာ ထိုင်နေတဲ့ယုယကို အန်တီဝတ်လွှာက စိုးရိမ်တကြီးမှာနေသည်။ ယုယ ဘေးမှာ ထိုင်နေတဲ့ အမျိူးသမီးရဲ့ နူတ်ခမ်းတို့ကို ခပ်ဖွဖွနမ်းရိူက်လိုက်မိသည်။

"စိတ္ခ်ပါ မြန်မာနိုင်ငံရောက်တာနဲ့ ဖုန်းတောက်လိုက်မယ်"

ယုယ လက်တစ်ဖက်ကို နား နားကပ္ကာ ဖုန်းဆက်လိုက်မယ်ဟုသည့် အမူအယာနဲ့ လုပ်ပြမိသည်။ အန်တီဝတ်လွှာကတော့ ပြုံးနေလေသည်။ ရင်ထဲက အနာသည်မကျက်ပါ။ အရင်က တီချယ့်ကိုလည်း ယုယ ယခုလိုအမူအယာဖြင့် လုပ်ပြခဲ့ပုံများသည် မျက်လုံးထဲပြန်မြင်လာမိသည်။
ခုံပေါ်မှာ ရှိတဲ့ ကော်ဖီခွက်အား လက်ဖြင့်ကိုင်ထားမိသည်။ သောက်တော့မသောက်မိပါ။

"အလုပ်ဝင်ရင်လည်း ဂရုစိုက်နော် တစ်ခုခုဖြစ်မှာဆိုးတယ်"

တစ္ဖက္က ဝိုင်းမှ စုတေးသာတစ်ယောက်က သူမအပေါင်းသင်းတွေကို နူတ်ဆက်နေသည့် အသံကို ကြားရသည်။

"ဘာမွမျဖစ္ဖူး စိတ်ချနော် အန္တီသာ ဂရုစိုက်"

"ဟုတ် "

ခေါင်းငုံလိုက်တဲ့ အန်တီကြောင့် ယုယ ဝမ်းနည်းမိသွားသည်။ ယုယ သွားမည်ကို ဝမ်းနည်းနေသည်တဲ့လေ။ ပြုံးလျက်သာ ထိုအမျိူးသမီးကို ဖက္ကာ နမ်းရိူက်လိုက်သည်။ လန်ဒန်မှာတော့ ဒီလိုအပြုမူတွေကထူးဆန်းသည်မဟုတော့ပါ။ လူအများကြားထဲ နမ်းရသည်ကိုက ထူးဆန်းမနေတော့တာပင်။

"အာဘွားပေးထားတယ် ငိုမနေနဲ့နော် လေယာဉ်ချိန်နီးနေပြီ"

ယုယ အပြောကို အန်တီဝတ်လွှာက ခေါင်းငြိမ့်ပြသည်။ ယုယ လက်မောင်းတွေကိုတော့ တွဲခိုထားသည်။

"ယုယေရ သွားကြရအောင်"

စုတေးသာရဲ့ အသံကြောင့် ဘေးဝိုင်းက လူများကို ယုယ လှည့်ကြည့်ကာ ပြုံးပြမိသည်၊၊

"အန္တီ ခနနော်"

အန်တီ့လက်တို့ကို ဖြုတ်ကာ စုတေးသာရဲ့စားပွဲဆီသို့ သြားကာ ကျောင်းတက်တုန်းကခင်ခဲ့တဲ့ သူငယ်ချင်းများအား နူတ်ဆက်မိသည်။

တီခ်ယ္က ဆည်းလည်းလေး Where stories live. Discover now