ZAWGYI
ေနဝင္သြားတဲ့အခါ အခန္းကေမွာင္သြားၿပီး ေလာင္ယြီခ်န္တစ္ေယာက္ ေနာက္ဆုံးေတာ့ သူ႕အသိစိတ္ေတြ ျပန္လည္ေရာက္႐ွိလာတယ္။ သူကငါ့ရဲ႕ ခရီးေဆာင္အိတ္ကိုေနာက္တခါ ျပန္႐ွာပါေတာ့တယ္။
ေနာက္ေတာ့သူ ငါ့ ပိုက္ဆံအိတ္ကို ႐ွာေတြ႕ခဲ့တယ္။
ငါ့ရဲ႕ သက္ေသခံကတ္ျပား,
ယာဥ္ေမာင္းလိုင္စင္ရယ္,ခရက္ဒစ္ကတ္ေတြရယ္,
ငါ့နဂိုအိမ္ေဘး႐ွိ စူပါမားကတ္အတြက္ အသင္းဝင္ကတ္ႏွင့္ ငါ့ရဲ႕စာၾကည့္တိုက္ကတ္ေတြထည့္ထားတဲ့အိတ္ကိုသူကထုတ္ယူလိုက္တယ္။
သူ႕ေ႐ွ႕မွာစာ႐ြက္စာတမ္း ေတြအားလုံးကိုစီထားၿပီးတဲ့
ေနာက္ သူ႐ွာေဖြေနတဲ့အရာ ေတြထဲမွာ ငါ့ရဲ႕ ID ကတ္ ေပ်ာက္ေနခဲ့တယ္။
အကယ္၍ ငါ့ရဲ႕ID ကဒ္သာ ႐ွိေနပါက ငါျပန္လာမည္ ျဖစ္ေၾကာင္း အတည္ျပဳႏိုင္မယ္လို႔ထင္ ေကာင္းထင္ႏိုင္တယ္။ဒါေပမယ့္လည္းအဲ့ဒါက႐ွိမေနခဲ့ဘူး။ ငါ့ရဲ႕ပတ္စပို႔က႐ွိေနၿပီးသားဆိုေတာ့ ငါ ဒီႏိုင္ငံထဲမွာပဲ ႐ွိေနေသးတယ္လို႔ သူက ေကာက္ခ်က္ခ်ႏိုင္တယ္။
ငါ့ ID ကတ္ ဘယ္ေရာက္သြားမွန္း ငါလဲမသိဘူး။ အဲဒါကို ေတြးၾကည့္ေတာ့ ဖန္း႐ွဲ႕ယီ က အဲဒါကို သိမ္းသြားတာလဲ ျဖစ္ႏိုင္တာပဲ။ ဒီဥပေဒနဲ႔ ပတ္သက္ၿပီးေတာ့ ငါ သိပ္မေသခ်ာေပမယ့္, တေယာက္ေယာက္ ေသဆုံးသြားတဲ့အခါ မွတ္ပုံတင္ကတ္ေတြကို အစိုးရဆီ ျပန္ေပးရမယ္လို႔ အမ်ားစုက ယူဆၾကတယ္။ ၎တို႔ကို ထိန္းသိမ္းရတာအေရးမႀကီးဘဲ မသမာတဲ့ လူ ေတြက ၎တို႔ကို တရားမ၀င္လႈပ္႐ွားမႈေတြမွာ အသုံးျပဳႏိုင္တာေၾကာင့္ လို႔ ေတာ့ငါထင္တာပဲ။
ေကာင္းကင္ႀကီးကတျဖည္းျဖည္း ေမွာင္မဲလာၿပီ။ ငါဒီမွာ႐ွိမေနဘူးဆိုတဲ့စိတ္နဲ႔ ေလာင္ယြီခ်န္က စိတ္ပ်က္လက္ပ်က္နဲ႔ ထြက္သြားခဲ့တယ္။
အေၾကာင္းတစ္ခုခုေၾကာင့္ သူက ငါ့လက္စြပ္ကိုလည္း ယူသြားခဲ့တယ္။
ေလာင္ယြီခ်န္က အျပန္လမ္းတြင္ အလြန္တိတ္ဆိတ္ေလရဲ႕။ အဲ့ဒါကငါ့အတြက္ ထူးဆန္းသလို ခံစားရတယ္။ သူ႕အိမ္ျပန္ေရာက္ၿပီး မီးဖြင့္ထားတဲ့အခါမွ သူ႕လက္႐ွိအေျခအေနကို ငါသတိထားမိေတာ့တယ္။
သူ႕မ်က္ႏွာတစ္ျပင္လုံး ျဖဴေဖ်ာ့ေဖ်ာ့ ျဖစ္
ေနၿပီး သူ႕ႏႈတ္ခမ္းအေရာင္က ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ေဖ်ာ့ေတာ့ေနတယ္။ၿပီးေတာ့လည္း သူ ဒီမနက္ကတည္းက ဘာမွမစားရေသးတာကိုငါ သတိရမိတယ္။
သူက ေမြးလာကတည္းက အစာအိမ္မေကာင္းတာသိေပမယ့္ သူ႕ကိုယ္သူ ဘယ္လိုဂ႐ုစိုက္ရမွန္း ေတာ့သူမသိဘူး။ သူငယ္ငယ္တုန္းက ဗိုက္ခဏခဏနာတတ္တယ္။ ငါသူနဲ႔ အတူေနခ်ိန္ တုန္းကေန႔တိုင္း သူ႕ကို ဂ႐ုတစိုက္ ျပဳစုခဲ့ရတယ္။ ငါအၿမဲတမ္း ေအာ္ဟစ္ၿပီးအစားကို မွန္မွန္စားခိုင္းတဲ့အတြက္ သူ႕အစာအိမ္ကပိုၿပီးသက္သာလာတယ္။ ဒါေပမယ့္လည္း ဒီေန႔ေတာ့ ထပ္ၿပီးျဖစ္လာခဲ့ေလတယ္။
ပိုဆိုးတာက သူ, ေရခဲေသတၱာထဲက ဘီယာတစ္ဘူးကို ထုတ္ၿပီး ေသာက္လိုက္တာပါပဲ။
ဆရာႀကီး! မင္းဗိုက္နာေနတာ မဟုတ္လား? ဒီလိုမ်ိဳးအေအးလိုေသာက္ၿပီး မ်ိဳခ်ႏိုင္မယ္လို႔ေရာ ထင္ေနပါလား?ဟမ့္!
ငါေတာ္ေတာ္ေလးေဒါသထြက္မိတယ္။ သူက တကယ္ကိုပဲ အသိဥာဏ္ကင္းမဲ့ေနတာလား ဒါမွမဟုတ္ သူ႕ကိုယ္သူ ႏွိပ္စက္ဖို႔ ႀကိဳးစားေနတာလား?
အရက္ေသာက္ၿပီး နာရီ၀က္အၾကာေလာက္မွာ သူ႕ဗိုက္က ငါထားတဲ့အတိုင္းပဲ ဆႏၵျပေနပါေတာ့တယ္။ သူ႕ခမ်ာ နာက်င္လြန္းလို႔ သူ႕ကိုယ္သူ တြန္႔လိမ္ေနၿပီး ဘီယာဘူးကေတာ့ ၾကမ္းျပင္ေပၚကို ျပဳတ္က်သြားေလရဲ႕။
သူ႕ေနာက္ေက်ာက ေကြးေနၿပီး ညာဘက္လက္က ဝမ္းဗိုက္ကို ဖိကိုင္ထားတယ္။သူ႕ နဖူးေပၚမွေခြၽး ေစးေတြလဲ ထြက္လာၿပီး အေတာ့္က္ု မခံမရပ္ႏိုင္ေအာင့္ေနပုံပါပဲ။
ငါ, သူ႕ကိုကူညီခ်င္တဲ့စိတ္နဲ႔ ေ႐ွ႕ကိုတိုးသြားေပမယ့္ သူ႕ခႏၶာကိုယ္ကို ေက်ာ္ျဖတ္သြားခဲ့တယ္။ ငါ ဒါကိုျမင္ေတာ့ ရယ္စရာႀကီးလို႔ ခံစားလိုက္ရတယ္။
သူက ဆိုဖာေပၚကိုလွဲခ်လိုက္ၿပီး ေဘာလုံးတစ္လုံးလို ခ်က္ခ်င္း ေကာက္ေကြးလိုက္တယ္။ သူ႕လက္ႏွစ္ဖက္လုံးက သူ႕ဗိုက္ကို ဖိကိုင္ထားကာ ညည္းတြား ေနတာမရပ္မနားပါပဲ။
သူကေရနစ္ေနတဲ့သူတစ္ ေယာက္သကဲ့သို႔ ေခါင္းကို ေျမႇာက္ကာ ေလကို အ၀႐ႈေနရတယ္။ ေခြၽးေတြ အဆက္မျပတ္ ထြက္ေနၿပီး သူ႕လည္ပင္းမွာ ႐ွိတဲ့ ေသြးေၾကာေတြကိုေတာင္ ငါ ျမင္ေနရတယ္။ေနာက္ၿပီး သူက ပိန္ေတာ့ သူ႕ဝမ္းဗိုက္အျပင္ဘက္ကေန အူလမ္းေၾကာင္းအထိကို ႐ွင္း႐ွင္းလင္းလင္းျမင္ရတယ္။ သူ႕ကိုယ္သူ ေကြးထားရင္းသူ အမွန္တကယ္ပဲ နာက်င္မႈကိုခံစားေနရေလရဲ႕။
ငါအရမ္းစိုးရိမ္ေနေပမယ့္ ဘာမွလုပ္ ေပးလို႔မရပါဘူး။ ႐ွမင္႐ႈက ေလာေလာဆယ္ LA တြင္႐ွိ ေနေသးတာမို႔ သူလဲ ဘာမွမလုပ္ေပးႏိုင္ဘူးေလ။ ငါေမွ်ာ္လင့္မိတဲ့တစ္ခုတည္းေသာအရာမွာ ေလာင္ယြီခ်န္က ဆရာဝန္ကို သူ႕ကိုယ္တိုင္ ေခၚဖို႔ပါပဲ။ သို႔ေသာ္လည္း ေလာင္ယြီခ်န္က လက္႐ွိအခ်ိန္မွာ အလြန္နာက်င္ေနၿပီး အကူအညီေတာင္းႏိုင္တဲ့ အေျခအေနေတာင္႐ွိမေနဘူး။
အဲ့ဒီေတာ့ ငါက ေဟာ့ေပါ့အိုးေပၚက ပု႐ြက္ဆိတ္တစ္ေကာင္လိုပါပဲ။ ေလာင္ယြီခ်န္ ဆိုဖာေပၚကေနလဲက်သြားခဲ့ၿပီး အခုေတာ့ ၾကမ္းျပင္ေပၚတြင္ တြန္႔လိမ္ေနတယ္။ ငါ သူ႕ကို ဒီေလာက္အထိနာက်င္ ေနတာတစ္ခါမွ မျမင္ဖူးခဲ့ဘူး။ငါ ဝမ္းနည္းလြန္းလို႔ ငိုေနမိတယ္။ သူ႕ ဗိုက္ထဲကေနေလေတြဆန္တက္ၿပီး ေအာ့အန္သြားေပမယ့္ ဘယ္လိုမွမသက္သာလာပါဘူး။ သူ႕မ်က္ႏွာက ေၾကာက္စရာေကာင္းေလာက္ေအာင္ ျဖဴေဖ်ာ့ေနၿပီ ျဖစ္တယ္။ ငါ သူ႕ကို ေပြ႕ဖက္ထားခ်င္ခဲ့တယ္။ ငါသူ႕ကိုေအာ္ေျပာေပမယ့္ အရာအားလုံးကအသုံးမက်ဘူး။ သူ လွည့္ပတ္ၿပီး ဒုကၡေရာက္ေနခ်ိန္မွာ ငါ က ေစာင့္ၾကည့္ေန႐ုံပဲ တတ္ႏိုင္ခဲ့တယ္။
UNICODE
နေဝင်သွားတဲ့အခါ အခန်းကမှောင်သွားပြီး လောင်ယွီချန်တစ်ယောက် နောက်ဆုံးတော့ သူ့အသိစိတ်တွေ ပြန်လည်ရောက်ရှိလာတယ်။ သူကငါ့ရဲ့ ခရီးဆောင်အိတ်ကိုနောက်တခါ ပြန်ရှာပါတော့တယ်။
နောက်တော့သူ ငါ့ ပိုက်ဆံအိတ်ကို ရှာတွေ့ခဲ့တယ်။
ငါ့ရဲ့ သက်သေခံကတ်ပြား,
ယာဉ်မောင်းလိုင်စင်ရယ်,ခရက်ဒစ်ကတ်တွေရယ်,
ငါ့နဂိုအိမ်ဘေးရှိ စူပါမားကတ်အတွက် အသင်းဝင်ကတ်နှင့် ငါ့ရဲ့စာကြည့်တိုက်ကတ်တွေထည့်ထားတဲ့အိတ်ကိုသူကထုတ်ယူလိုက်တယ်။
သူ့ရှေ့မှာစာရွက်စာတမ်း တွေအားလုံးကိုစီထားပြီးတဲ့
နောက် သူရှာဖွေနေတဲ့အရာ တွေထဲမှာ ငါ့ရဲ့ ID ကတ် ပျောက်နေခဲ့တယ်။
အကယ်၍ ငါ့ရဲ့ID ကဒ်သာ ရှိနေပါက ငါပြန်လာမည် ဖြစ်ကြောင်း အတည်ပြုနိုင်မယ်လို့ထင် ကောင်းထင်နိုင်တယ်။ဒါပေမယ့်လည်းအဲ့ဒါကရှိမနေခဲ့ဘူး။ ငါ့ရဲ့ပတ်စပို့ကရှိနေပြီးသားဆိုတော့ ငါ ဒီနိုင်ငံထဲမှာပဲ ရှိနေသေးတယ်လို့ သူက ကောက်ချက်ချနိုင်တယ်။
ငါ့ ID ကတ် ဘယ်ရောက်သွားမှန်း ငါလဲမသိဘူး။ အဲဒါကို တွေးကြည့်တော့ ဖန်းရှဲ့ယီ က အဲဒါကို သိမ်းသွားတာလဲ ဖြစ်နိုင်တာပဲ။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ငါ သိပ်မသေချာပေမယ့်, တယောက်ယောက် သေဆုံးသွားတဲ့အခါ မှတ်ပုံတင်ကတ်တွေကို အစိုးရဆီ ပြန်ပေးရမယ်လို့ အများစုက ယူဆကြတယ်။ ၎င်းတို့ကို ထိန်းသိမ်းရတာအရေးမကြီးဘဲ မသမာတဲ့ လူ တွေက ၎င်းတို့ကို တရားမ၀င်လှုပ်ရှားမှုတွေမှာ အသုံးပြုနိုင်တာကြောင့် လို့ တော့ငါထင်တာပဲ။
ကောင်းကင်ကြီးကတဖြည်းဖြည်း မှောင်မဲလာပြီ။ ငါဒီမှာရှိမနေဘူးဆိုတဲ့စိတ်နဲ့ လောင်ယွီချန်က စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားခဲ့တယ်။
အကြောင်းတစ်ခုခုကြောင့် သူက ငါ့လက်စွပ်ကိုလည်း ယူသွားခဲ့တယ်။
လောင်ယွီချန်က အပြန်လမ်းတွင် အလွန်တိတ်ဆိတ်လေရဲ့။ အဲ့ဒါကငါ့အတွက် ထူးဆန်းသလို ခံစားရတယ်။ သူ့အိမ်ပြန်ရောက်ပြီး မီးဖွင့်ထားတဲ့အခါမှ သူ့လက်ရှိအခြေအနေကို ငါသတိထားမိတော့တယ်။
သူ့မျက်နှာတစ်ပြင်လုံး ဖြူဖျော့ဖျော့ ဖြစ်
နေပြီး သူ့နှုတ်ခမ်းအရောင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖျော့တော့နေတယ်။ပြီးတော့လည်း သူ ဒီမနက်ကတည်းက ဘာမှမစားရသေးတာကိုငါ သတိရမိတယ်။
သူက မွေးလာကတည်းက အစာအိမ်မကောင်းတာသိပေမယ့် သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမှန်း တော့သူမသိဘူး။ သူငယ်ငယ်တုန်းက ဗိုက်ခဏခဏနာတတ်တယ်။ ငါသူနဲ့ အတူနေချိန် တုန်းကနေ့တိုင်း သူ့ကို ဂရုတစိုက် ပြုစုခဲ့ရတယ်။ ငါအမြဲတမ်း အော်ဟစ်ပြီးအစားကို မှန်မှန်စားခိုင်းတဲ့အတွက် သူ့အစာအိမ်ကပိုပြီးသက်သာလာတယ်။ ဒါပေမယ့်လည်း ဒီနေ့တော့ ထပ်ပြီးဖြစ်လာခဲ့လေတယ်။
ပိုဆိုးတာက သူ, ရေခဲသေတ္တာထဲက ဘီယာတစ်ဘူးကို ထုတ်ပြီး သောက်လိုက်တာပါပဲ။
ဆရာကြီး! မင်းဗိုက်နာနေတာ မဟုတ်လား? ဒီလိုမျိုးအအေးလိုသောက်ပြီး မျိုချနိုင်မယ်လို့ရော ထင်နေပါလား?ဟမ့်!
ငါတော်တော်လေးဒေါသထွက်မိတယ်။ သူက တကယ်ကိုပဲ အသိဥာဏ်ကင်းမဲ့နေတာလား ဒါမှမဟုတ် သူ့ကိုယ်သူ နှိပ်စက်ဖို့ ကြိုးစားနေတာလား?
အရက်သောက်ပြီး နာရီ၀က်အကြာလောက်မှာ သူ့ဗိုက်က ငါထားတဲ့အတိုင်းပဲ ဆန္ဒပြနေပါတော့တယ်။ သူ့ခမျာ နာကျင်လွန်းလို့ သူ့ကိုယ်သူ တွန့်လိမ်နေပြီး ဘီယာဘူးကတော့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားလေရဲ့။
သူ့နောက်ကျောက ကွေးနေပြီး ညာဘက်လက်က ဝမ်းဗိုက်ကို ဖိကိုင်ထားတယ်။သူ့ နဖူးပေါ်မှချွေး စေးတွေလဲ ထွက်လာပြီး အတော့်က်ု မခံမရပ်နိုင်အောင့်နေပုံပါပဲ။
ငါ, သူ့ကိုကူညီချင်တဲ့စိတ်နဲ့ ရှေ့ကိုတိုးသွားပေမယ့် သူ့ခန္ဓာကိုယ်ကို ကျော်ဖြတ်သွားခဲ့တယ်။ ငါ ဒါကိုမြင်တော့ ရယ်စရာကြီးလို့ ခံစားလိုက်ရတယ်။
သူက ဆိုဖာပေါ်ကိုလှဲချလိုက်ပြီး ဘောလုံးတစ်လုံးလို ချက်ချင်း ကောက်ကွေးလိုက်တယ်။ သူ့လက်နှစ်ဖက်လုံးက သူ့ဗိုက်ကို ဖိကိုင်ထားကာ ညည်းတွား နေတာမရပ်မနားပါပဲ။
သူကရေနစ်နေတဲ့သူတစ် ယောက်သကဲ့သို့ ခေါင်းကို မြှောက်ကာ လေကို အ၀ရှုနေရတယ်။ ချွေးတွေ အဆက်မပြတ် ထွက်နေပြီး သူ့လည်ပင်းမှာ ရှိတဲ့ သွေးကြောတွေကိုတောင် ငါ မြင်နေရတယ်။နောက်ပြီး သူက ပိန်တော့ သူ့ဝမ်းဗိုက်အပြင်ဘက်ကနေ အူလမ်းကြောင်းအထိကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။ သူ့ကိုယ်သူ ကွေးထားရင်းသူ အမှန်တကယ်ပဲ နာကျင်မှုကိုခံစားနေရလေရဲ့။
ငါအရမ်းစိုးရိမ်နေပေမယ့် ဘာမှလုပ် ပေးလို့မရပါဘူး။ ရှမင်ရှုက လောလောဆယ် LA တွင်ရှိ နေသေးတာမို့ သူလဲ ဘာမှမလုပ်ပေးနိုင်ဘူးလေ။ ငါမျှော်လင့်မိတဲ့တစ်ခုတည်းသောအရာမှာ လောင်ယွီချန်က ဆရာဝန်ကို သူ့ကိုယ်တိုင် ခေါ်ဖို့ပါပဲ။ သို့သော်လည်း လောင်ယွီချန်က လက်ရှိအချိန်မှာ အလွန်နာကျင်နေပြီး အကူအညီတောင်းနိုင်တဲ့ အခြေအနေတောင်ရှိမနေဘူး။
အဲ့ဒီတော့ ငါက ဟော့ပေါ့အိုးပေါ်က ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ။ လောင်ယွီချန် ဆိုဖာပေါ်ကနေလဲကျသွားခဲ့ပြီး အခုတော့ ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေတယ်။ ငါ သူ့ကို ဒီလောက်အထိနာကျင် နေတာတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ငါ ဝမ်းနည်းလွန်းလို့ ငိုနေမိတယ်။ သူ့ ဗိုက်ထဲကနေလေတွေဆန်တက်ပြီး အော့အန်သွားပေမယ့် ဘယ်လိုမှမသက်သာလာပါဘူး။ သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေပြီ ဖြစ်တယ်။ ငါ သူ့ကို ပွေ့ဖက်ထားချင်ခဲ့တယ်။ ငါသူ့ကိုအော်ပြောပေမယ့် အရာအားလုံးကအသုံးမကျဘူး။ သူ လှည့်ပတ်ပြီး ဒုက္ခရောက်နေချိန်မှာ ငါ က စောင့်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။