Like Love But Not [ Myanmar T...

By Eri1485EXOL

33.6K 4.1K 263

Hello... This is just a translation! Original author is Orange Rain and we translated from novelupdates.com. ... More

Summary
Chapter - 1.1
Chapter - 1.2
Chapter - 1.3
Chapter - 1.4
Chapter - 2.1
Just Announcement
Chapter - 2.2
Chapter - 2.3
Chapter - 2.4
Chapter - 2.5
Chapter - 3.1
💫💫😩
Chapter - 3.2
Chapter - 3.4
Chapter - 4.1
Chapter - 4.2
Chapter - 4.3
Chapter - 4.4
Chapter - 5.1
Chapter - 5.2
Chapter - 5.3
Chapter - 5.4
Chapter - 5.5
Chapter - 6.1
Chapter - 6.2
Chapter - 6.3
Chapter - 6.4
Chapter - 7.1
Chapter - 7.2
Chapter - 7.3
Chpater - 7.4
Chapter - 9.1
Chapter - 9.2
Chapter - 10.1
Chapter - 10.2
Chapter - 10.3
Chapter - 11.1
Chapter -11.2
Chapter - 11.3
Chapter - 11.4
Chapter - 12.1
Chapter - 12.2
Please read!
Chapter - 12.3
Chapter - 12.4

Chapter - 3.3

698 120 11
By Eri1485EXOL





UNICODE
သူ့အကြောင်းကို ငါ ရှောင်လု နဲ့ ပြောတဲ့အခါတိုင်း ရှောင်လု ကငါ့ကိုအမြဲအပြစ်တင်လေ့ရှိတယ်။

"တခြားတစ်ယောက်အကြောင်း ပြောနေရအောင်မင်းကဘယ်သူလဲ? မင်းက လောင်ယွီချန်ကိုဆွဲထားပြီး သူ့ကို လက်လွှတ်ဖို့ ဆန္ဒမရှိဘူးမလား? မင်းက သူနဲ့အတူတူပဲ…"

ဒါဟာ မတရားတဲ့ ဆက်ဆံမှုပဲ။ ငါ လောင်ယွီချန် နဲ့ အရှက်မရှိ တွဲနေနိုင်ပေမယ့် အနည်းဆုံးတော့ ငါ ချမ်းသာခဲ့တယ်လေ။ ငါကိုယ်တိုင် ငွေရှာတာမဟုတ်ပေမယ့်,လောင်ယွီချန်နဲ့ရှမင်ရှုတို့လောက်လည်းမချောပေမယ့်ငါက  ချောမော၊ စတိုင်ကျ၊ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိတယ်လို့ ယူဆနိုင်ပါသေးတယ်။ ငါဒါရိုက်တာဖြစ်လာပြီးကတည်းက သူတို့ရဲ့သမီးတွေနဲ့ အငယ်အနှောင်းတွေကို ငါ့ဆီပို့တဲ့ စီးပွားရေးကုမ္ပဏီသူဌေးတွေတောင်အများကြီးရှိခဲ့ဖူးတယ်။ ဒီသစ်ပင်တစ်ပင်ထဲကိုသာ ငါတောင့်တမနေဘူးဆိုရင် ငါ့မှာ မိန်းမတွေကို လက်နှစ်ဘက်နဲ့ ပွေ့ဖက်ထားပြီး သားသမီးတွေဆို ဘောလုံးတစ်သင်းစာတောင် ရှိကောင်းရှိနေဦးမှာ။

ရှမင်ရှုက  ကြင်နာတတ်တာမှန်ပေမယ့် ချန်လီကို မြင်နေတဲ့အခါ ဖန်းရှဲ့ယီ ကိုလည်း တွေးနေပေလိမ့်မှာအမှန်ပင်။

“အခုသေချာစဉ်းစားကြည့်တော့ မန်နေဂျာ ဖန်းကို မတွေ့တာကြာပြီနော်!”

မန်နေဂျာ ဖန်းက အမွေဆက်ခံပြီးနောက် ဒါရိုက်တာ ဖန်း ဖြစ်လာမှာမလွဲပေ။

အခုက စလို့ မူလဒါရိုက်တာ ရှောင်း ဟာအချိန်ကြာလာသည်နှင့်အမျှ ကွယ်ပျောက်သွားတဲ့ ကြယ်ပွင့်ဖြစ်လာမှာအသေချာပင်ဖြစ်တယ်။

ငါ ကိုယ့်ကိုကိုယ် လှောင်ရယ်နေမိတယ်။

"မန်နေဂျာ ဖန်းက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်ထင်တယ်‌ေ….."

“ငန်းအသားစားချင်သော ခြကောင်ကြီး” က ဘေးနားက တိုးတိုးလေး ဖြေလေရဲ့။

တကယ်ဆို သူက တခြားသူတွေထက် အများကြီး ပိုသိတယ်လေ ။

သုံးရက်အကြာတွင် ဖန်းရှဲ့ယီ ပြန်ရောက်လာပြီး ကုမ္ပဏီမှ ဒါရိုက်တာအပြောင်းအလဲအကြောင်း ကြေညာလိုက်တယ်။

မန်နေဂျာအသစ်မှာ ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Mr Lu De Vici ရဲ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာချုပ်ဖြစ်တယ်။

ငယ်ငယ်တုန်းက ငါနဲ့အတူတူမခွဲမခွာနေခဲ့တဲ့ သူငယ်ချင်းကလောင်ယွီချန်တစ်ဦးပဲ။ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှု ပျက်ပြားလာတာနှင့်အမျှ သူငယ်ချင်းအသစ်တွေမှာတော့ ဖန်းရှဲ့ယီ၊ ရှောင်လုနဲ့ ငါသာဖြစ်တော့တယ်။ ငါတို့ သုံးယောက်အကြားမှာ လျှို့ဝှက်ချက်မရှိဘူး။ ရှောင်လုက ရှမင်ရှုကို သဘောကျတယ်။ သူက သူ့ကိုသူထက်ခြမ်းခွဲချင်တယ်လို့ ပြောလေ့ရှိပြီး ငါတို့ နှစ်ယောက်စီမှာ တစ်ဝက်စီထားမယ်လို့  မကြာခဏ နောက်ပြောင်လေ့ရှိတယ်။ ရှောင်လုက  သူ့ကိုယ်ပိုင်ကုမ္ပဏီကို စွန့်ပစ်ခဲ့ပြီး ဒါရိုက်တာ ဖန်းရဲ့ တောင်းဆိုမှုဖြင့် ဒီနေရာကို ရောက်လာခဲ့တာပင်။ သူ့လုပ်ရပ်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို ငါနားလည်ပါတယ်။

လောင်ယွီချန်နဲ့ ရှမင်ရှု တို့ရဲ့ ပျော်ရွှင်မှုကို စိတ်ရင်းမှန်နဲ့ မဖော်ပြနိုင်သေးပေမယ့် ရှောင်လုကိုလည်း ဝမ်းမနည်းစေချင်ဘူး…

ရှောင်လုက  ဖျော်ဖြေရေးအသိုင်းအဝန်းကလူတစ်ယောက်မဟုတ်ဘူး။ဒါပေမယ့်သူက  1.9 မီတာ ရှည်တဲ့ အရပ်အမောင်းနဲ့ တရုတ်- ပြင်သစ်သွေးနှောတစ်ဦးပင်။သူ့ရဲ့ချောမောမှုနဲ့ အရည်အချင်းတွေက လူသားတွေနှင့် နတ်ဘုရားတွေ မနာလိုဖြစ်ခဲ့ကြသည့် အရာဖြစ်တယ်။

‌ရှောင်လု နဲ့ပတ်သက်တဲ့ကိစ္စတွေက အခုအချိန်မှာ အရေးကြီးဆုံးကိစ္စမဟုတ်သေးဘူး။ ဒီနေရာမှာ ပြဿနာလေးတစ်ခုရှိတယ်။ ရှမင်ရှုက လက်ရှိတွင် ဆိုဖာပေါ်ထိုင်နေပြီးလောင်ယွီချန်ကိုမေးလိုက်တယ်။

" ဘာဖြစ်နေတာလဲ?"

"ငါဘယ်လိုသိမှာလဲ?"

လောင်ယွီချန်က ပြန်ဖြေလေရဲ့။

လောင်ယွီချန်က ‌အမှန်ပင် ဘာမှမသိပေ။ သူ ဂရုမစိုက်ဘူးဆိုမှတော့ ဘယ်လိုလုပ်သိမှာတဲ့လဲ ။ သူ့ရဲ့အေးစက်တဲ့ အမူအရာတွေကို သူ့ကဂရုမစိုက်တာကြောင့် ဂရုမစိုက်ကြောင်း တမင်တကာ ပြသနေတာလို့ပဲ လူတွေကထင်ကြတာလေ။

“ရှောင်ဟန်ရော အဆင်ပြေရဲ့လား?"

ဟုတ်ပါတယ်။ ရှမင်ရှုကို ဆိုဖာပေါ်ကနေ ပစ်ချလိုက်တာလေ။ သူ့မျက်နှာဟာဒေါသကြောင့် အနည်းငယ်နီလျှက်ရှိတယ်။

"ငါဘယ်လိုလုပ်သိမလဲ?"

"မသိရင် ဖုန်းဆက်မေးကြည့်ပါလား…! အရမ်းအရေးကြီးတာ တစ်ခုခုဖြစ်နေတာလားမှမသိတာ! မင်းက သူ့ကို လုံးဝစိတ်မပူဘူးလား"

ထိုသို့ပြောပြီးနောက် သူက လောင်ယွီချန်ရဲ့ ဖုန်းကို စားပွဲပေါ်မှယူကာ အဆက်အသွယ်စာရင်းကို စတင်ရှာဖွေတော့တယ်။

"မင်းဘာလုပ်တာလဲ!"

အခြားသူတွေက  သူ့ပစ္စည်းတွေကို ပေါ့ပေါ့ဆဆ ကိုင်တွယ်တဲ့အခါ လောင်ယွီချန်က အတော့်ကိုမုန်းတီလေတယ်။ သူအရှေ့ကို တိုးလာရင်း ဖုန်းကို ကြမ်းပြင်ပေါ်သို့ ပုတ်ချလိုက်တယ်။

မြစိမ်းရောင်ဖုန်းက ကြမ်းပြင်ပေါ် ပြုတ်ကျပြီး ကွဲအက်တဲ့ အသံကိုကြားရတယ်။

အိုး! ဒီဟာက ရှိနေတုန်းပဲဆိုတာ ငါသိလိုက်ရတယ်။

ဒီအရာက ငါနဲ့ သက်ဆိုင်ပေမယ့် စွန့်ပစ်မထားတဲ့ လောင်ယွီချန်ရဲ့  တစ်ခုတည်းသောအရာဖြစ်နိုင်တယ်။ ငါအရင်က သဘောမပေါက်ဘူး။

ကောင်းပြီ!  ငါသဘောပေါက်ပြီ။









ZAWGYI



သူ႕အေၾကာင္းကို ငါ ေ႐ွာင္လု နဲ႔ ေျပာတဲ့အခါတိုင္း ေ႐ွာင္လု ကငါ့ကိုအၿမဲအျပစ္တင္ေလ့႐ွိတယ္။

"တျခားတစ္ေယာက္အေၾကာင္း ေျပာေနရေအာင္မင္းကဘယ္သူလဲ? မင္းက ေလာင္ယြီခ်န္ကိုဆြဲထားၿပီး သူ႕ကို လက္လႊတ္ဖို႔ ဆႏၵမ႐ွိဘူးမလား? မင္းက သူနဲ႔အတူတူပဲ…"

ဒါဟာ မတရားတဲ့ ဆက္ဆံမႈပဲ။ ငါ ေလာင္ယြီခ်န္ နဲ႔ အ႐ွက္မ႐ွိ တြဲေနႏိုင္ေပမယ့္ အနည္းဆုံးေတာ့ ငါ ခ်မ္းသာခဲ့တယ္ေလ။ ငါကိုယ္တိုင္ ေငြ႐ွာတာမဟုတ္ေပမယ့္,ေလာင္ယြီခ်န္နဲ႔႐ွမင္႐ႈတို႔ေလာက္လည္းမေခ်ာေပမယ့္ငါက  ေခ်ာေမာ၊ စတိုင္က်၊ ရင့္က်က္ၿပီး ဆြဲေဆာင္မႈ႐ွိတယ္လို႔ ယူဆႏိုင္ပါေသးတယ္။ ငါဒါ႐ိုက္တာျဖစ္လာၿပီးကတည္းက သူတို႔ရဲ႕သမီးေတြနဲ႔ အငယ္အေႏွာင္းေတြကို ငါ့ဆီပို႔တဲ့ စီးပြားေရးကုမၸဏီသူေဌးေတြေတာင္အမ်ားႀကီး႐ွိခဲ့ဖူးတယ္။ ဒီသစ္ပင္တစ္ပင္ထဲကိုသာ ငါေတာင့္တမေနဘူးဆိုရင္ ငါ့မွာ မိန္းမေတြကို လက္ႏွစ္ဘက္နဲ႔ ေပြ႕ဖက္ထားၿပီး သားသမီးေတြဆို ေဘာလုံးတစ္သင္းစာေတာင္ ႐ွိေကာင္း႐ွိေနဦးမွာ။

႐ွမင္႐ႈက  ၾကင္နာတတ္တာမွန္ေပမယ့္ ခ်န္လီကို ျမင္ေနတဲ့အခါ ဖန္း႐ွဲ႕ယီ ကိုလည္း ေတြးေနေပလိမ့္မွာအမွန္ပင္။

“အခုေသခ်ာစဥ္းစားၾကည့္ေတာ့ မန္ေနဂ်ာ ဖန္းကို မေတြ႕တာၾကာၿပီေနာ္!”

မန္ေနဂ်ာ ဖန္းက အေမြဆက္ခံၿပီးေနာက္ ဒါ႐ိုက္တာ ဖန္း ျဖစ္လာမွာမလြဲေပ။

အခုက စလို႔ မူလဒါ႐ိုက္တာ ေ႐ွာင္း ဟာအခ်ိန္ၾကာလာသည္ႏွင့္အမွ် ကြယ္ေပ်ာက္သြားတဲ့ ၾကယ္ပြင့္ျဖစ္လာမွာအေသခ်ာပင္ျဖစ္တယ္။

ငါ ကိုယ့္ကိုကိုယ္ ေလွာင္ရယ္ေနမိတယ္။

"မန္ေနဂ်ာ ဖန္းက အလုပ္ကိစၥနဲ႔ ခရီးထြက္သြားတယ္ထင္တယ္‌ေ….."

“ငန္းအသားစားခ်င္ေသာ ျခေကာင္ႀကီး” က ေဘးနားက တိုးတိုးေလး ေျဖေလရဲ႕။

တကယ္ဆို သူက တျခားသူေတြထက္ အမ်ားႀကီး ပိုသိတယ္ေလ ။

သုံးရက္အၾကာတြင္ ဖန္း႐ွဲ႕ယီ ျပန္ေရာက္လာၿပီး ကုမၸဏီမွ ဒါ႐ိုက္တာအေျပာင္းအလဲအေၾကာင္း ေၾကညာလိုက္တယ္။

မန္ေနဂ်ာအသစ္မွာ ကမ႓ာ့နာမည္ႀကီး အမွတ္တံဆိပ္တစ္ခုျဖစ္သည့္ Mr Lu De Vici ရဲ႕ ဒါ႐ိုက္တာျဖစ္ခဲ့တဲ့ ဖက္႐ွင္ဒီဇိုင္နာခ်ဳပ္ျဖစ္တယ္။

ငယ္ငယ္တုန္းက ငါနဲ႔အတူတူမခြဲမခြာေနခဲ့တဲ့ သူငယ္ခ်င္းကေလာင္ယြီခ်န္တစ္ဦးပဲ။ ငါတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈ ပ်က္ျပားလာတာႏွင့္အမွ် သူငယ္ခ်င္းအသစ္ေတြမွာေတာ့ ဖန္း႐ွဲ႕ယီ၊ ေ႐ွာင္လုနဲ႔ ငါသာျဖစ္ေတာ့တယ္။ ငါတို႔ သုံးေယာက္အၾကားမွာ လွ်ိဳ႕ဝွက္ခ်က္မ႐ွိဘူး။ ေ႐ွာင္လုက ႐ွမင္႐ႈကို သေဘာက်တယ္။ သူက သူ႕ကိုသူထက္ျခမ္းခြဲခ်င္တယ္လို႔ ေျပာေလ့႐ွိၿပီး ငါတို႔ ႏွစ္ေယာက္စီမွာ တစ္ဝက္စီထားမယ္လို႔  မၾကာခဏ ေနာက္ေျပာင္ေလ့႐ွိတယ္။ ေ႐ွာင္လုက  သူ႕ကိုယ္ပိုင္ကုမၸဏီကို စြန္႔ပစ္ခဲ့ၿပီး ဒါ႐ိုက္တာ ဖန္းရဲ႕ ေတာင္းဆိုမႈျဖင့္ ဒီေနရာကို ေရာက္လာခဲ့တာပင္။ သူ႕လုပ္ရပ္ရဲ႕ ေနာက္ကြယ္က အဓိပၸါယ္ကို ငါနားလည္ပါတယ္။

ေလာင္ယြီခ်န္နဲ႔ ႐ွမင္႐ႈ တို႔ရဲ႕ ေပ်ာ္႐ႊင္မႈကို စိတ္ရင္းမွန္နဲ႔ မေဖာ္ျပႏိုင္ေသးေပမယ့္ ေ႐ွာင္လုကိုလည္း ဝမ္းမနည္းေစခ်င္ဘူး…

ေ႐ွာင္လုက  ေဖ်ာ္ေျဖေရးအသိုင္းအဝန္းကလူတစ္ေယာက္မဟုတ္ဘူး။ဒါေပမယ့္သူက  1.9 မီတာ ႐ွည္တဲ့ အရပ္အေမာင္းနဲ႔ တ႐ုတ္- ျပင္သစ္ေသြးေႏွာတစ္ဦးပင္။သူ႕ရဲ႕ေခ်ာေမာမႈနဲ႔ အရည္အခ်င္းေတြက လူသားေတြႏွင့္ နတ္ဘုရားေတြ မနာလိုျဖစ္ခဲ့ၾကသည့္ အရာျဖစ္တယ္။

‌ေ႐ွာင္လု နဲ႔ပတ္သက္တဲ့ကိစၥေတြက အခုအခ်ိန္မွာ အေရးႀကီးဆုံးကိစၥမဟုတ္ေသးဘူး။ ဒီေနရာမွာ ျပႆနာေလးတစ္ခု႐ွိတယ္။ ႐ွမင္႐ႈက လက္႐ွိတြင္ ဆိုဖာေပၚထိုင္ေနၿပီးေလာင္ယြီခ်န္ကိုေမးလိုက္တယ္။

" ဘာျဖစ္ေနတာလဲ?"

"ငါဘယ္လိုသိမွာလဲ?"

ေလာင္ယြီခ်န္က ျပန္ေျဖေလရဲ႕။

ေလာင္ယြီခ်န္က ‌အမွန္ပင္ ဘာမွမသိေပ။ သူ ဂ႐ုမစိုက္ဘူးဆိုမွေတာ့ ဘယ္လိုလုပ္သိမွာတဲ့လဲ ။ သူ႕ရဲ႕ေအးစက္တဲ့ အမူအရာေတြကို သူ႕ကဂ႐ုမစိုက္တာေၾကာင့္ ဂ႐ုမစိုက္ေၾကာင္း တမင္တကာ ျပသေနတာလို႔ပဲ လူေတြကထင္ၾကတာေလ။

“ေ႐ွာင္ဟန္ေရာ အဆင္ေျပရဲ႕လား?"

ဟုတ္ပါတယ္။ ႐ွမင္႐ႈကို ဆိုဖာေပၚကေန ပစ္ခ်လိုက္တာေလ။ သူ႕မ်က္ႏွာဟာေဒါသေၾကာင့္ အနည္းငယ္နီလွ်က္႐ွိတယ္။

"ငါဘယ္လိုလုပ္သိမလဲ?"

"မသိရင္ ဖုန္းဆက္ေမးၾကည့္ပါလား…! အရမ္းအေရးႀကီးတာ တစ္ခုခုျဖစ္ေနတာလားမွမသိတာ! မင္းက သူ႕ကို လုံးဝစိတ္မပူဘူးလား"

ထိုသို႔ေျပာၿပီးေနာက္ သူက ေလာင္ယြီခ်န္ရဲ႕ ဖုန္းကို စားပြဲေပၚမွယူကာ အဆက္အသြယ္စာရင္းကို စတင္႐ွာေဖြေတာ့တယ္။

"မင္းဘာလုပ္တာလဲ!"

အျခားသူေတြက  သူ႕ပစၥည္းေတြကို ေပါ့ေပါ့ဆဆ ကိုင္တြယ္တဲ့အခါ ေလာင္ယြီခ်န္က အေတာ့္ကိုမုန္းတီေလတယ္။ သူအေ႐ွ႕ကို တိုးလာရင္း ဖုန္းကို ၾကမ္းျပင္ေပၚသို႔ ပုတ္ခ်လိုက္တယ္။

ျမစိမ္းေရာင္ဖုန္းက ၾကမ္းျပင္ေပၚ ျပဳတ္က်ၿပီး ကြဲအက္တဲ့ အသံကိုၾကားရတယ္။

အိုး! ဒီဟာက ႐ွိေနတုန္းပဲဆိုတာ ငါသိလိုက္ရတယ္။

ဒီအရာက ငါနဲ႔ သက္ဆိုင္ေပမယ့္ စြန္႔ပစ္မထားတဲ့ ေလာင္ယြီခ်န္ရဲ႕  တစ္ခုတည္းေသာအရာျဖစ္ႏိုင္တယ္။ ငါအရင္က သေဘာမေပါက္ဘူး။

ေကာင္းၿပီ!  ငါသေဘာေပါက္ၿပီ။




Continue Reading

You'll Also Like

273K 6.6K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.6M 66.2K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.8M 303K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
1M 56.2K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...