UNICODE
"မေ့လျောသွားသောမှတ်ဉာဏ်"
အဲဒီနေ့က တောက်ပလင်းလက်နေတဲ့ နေရောင်အောက်မှာ လမ်းလျှောက်ဖို့ အတွက်သူက ဆေးရုံမြက်ခင်းပြင်ဆီ ငါ့ကိုခေါ်လာခဲ့တယ်။
ငါ ကျီးကန်းတစ်ကောင်လိုပဲ မရပ်မနား အော်ဟစ်လိုက်တယ်။ သူငါ့စကားကို ကောင်းကောင်းနားမထောင်ဘူးဆိုတာအသေချာပဲ။ ခဏကြာတော့ သူရပ်သွားတယ်။ သူ့ရဲ့ စိတ်အစဉ်က ငါ့ဆီမှာမရှိတာ ခံစားမိတဲ့နောက် သူကြည့် နေတဲ့မြင်ကွင်းကို ငါ လိုက်ကြည့်မိတယ်။
ရှမင်ရှု ဟာလူနာ၀တ်စုံအစင်းကို ဝတ်ဆင်ထားပြီး အဖြူရောင် ကုလားထိုင်ပေါ်တွင် အိပ်လို့နေတယ်။ သူက တခြားကမ္ဘာတစ်ခုကိုကြည့်နေတယ်။ သူ့ဆံပင်က သစ်အယ်သီးအရောင် ဆေးဆိုးထားတာကြောင့် နေရောင်အောက်မှာတဖျက်ဖျတ် တောက်ပလျှက်လူးလွန့်နေတယ်။ သူအိပ်နေတဲ့အချိန်မှာ တောင်နတ်သားလေးလိုပါပဲ။ သူက ဖြူဖျော့နေပြီး ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကြည့်ရတာ တစ်ချက်ထိတာနဲ့ ကွဲထွက်သွားမလိုပဲပေါ့။
လူတစ်ယောက်ရဲ့ ဗီဇကလည်း ကြောက်စရာကောင်းတယ်။ လောင်ယွီချန်ကရှမင်ရှုကိုကြည့်နေတဲ့အကြည့် တွေကိုငါမြင်လိုက်ချိန်မှာပဲ အဆုံးသတ်မှာ တွေ့ကြုံရမယ့် စိတ်ပျက်စရာရလဒ်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့တယ်။
မြှားနတ်မောင်က လေးကို ကိုင်ပြီး ဆေးရုံကို လှည့်ပတ်နေလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်မိမှာလဲ? သူရဲ့အချစ်မြှားနဲ့ပစ်ဖို့ မထိုက်တန်တဲ့သူတစ်ယောက်လိုငါ့ကိုမြင်လိုက်တာနဲ့ သူ အရမ်းရယ်နေလိမ့်မယ်။ သူတို့ရဲ့ အောင်သွယ်ဖြစ်လာဖို့ငါ့ ခြေထောက်ပေါ် ပစ်ခဲ့ပုံပါပဲ။
ကံကြမ္မာက အဆုံးအဖြတ်ပေးတဲ့အရာတွေရှိတယ်။ မင်းနဲ့မသက်ဆိုင်ရင် မင်းမရနိုင်ဘူး!!
ငါ နောက်ထပ်ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်တယ်။ ဒါကနှစ်သစ်ကူးညတုန်းက ချားရဟတ်မှာ ရိုက်ထားတဲ့ပုံပဲ။
ငယ်ရွယ်စဉ်ကာလတွေကတည်းကသူ့ပုံစံဟာ ရင့်ကျက်တည်ငြိမ်တဲ့အသွင်အပြင်ပေါ် နေပြီး ငွေရောင်နားကပ်ကို ဝတ်ဆင်ထားတယ်။ သူက ချောမောသော်လည်း အေးစက်ပြီး ကြောက်စရာကောင်းသည်မှာအမှန်။
သူ့မွေးနေ့ဟာခရစ္စမတ်နေ့ဖြစ်တယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်တုန်းက အဲဒီနှစ် , သူ့အသက်၁၈နှစ်ပေါ့။ သူက ဆန်းသစ်ပြီး ထူးခြားတာကြောင့် သူ့ရဲ့ကျော်ကြားမှု ကအလျှင်အမြန်ပဲ မြင့်တက်လာခဲ့တယ်။
သူကအရမ်းချောတယ်။ အပြင်ထွက်ချိန်မှာ အဲ့လောက်ထိသတိထားခံရမိလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။
အဲ့နှစ်က ငါ့ဘ၀မှာ အထူးခြားဆုံးသော အပြောင်းအလဲကို တွေ့ကြုံခံစားခဲ့ရတဲ့နှစ်ပဲ။
ငါ့မှာအဖေမရှိဘူး, အမေကလည်းစောစောသေတယ်။ ငယ်ငယ်ထဲကဦးလေးရဲ့အိမ်မှာနေခဲ့ပြီးစုတ်စုတ်ပျက်ပျက်နဲ့ ပျော်ရွှင်စရာကင်းမဲ့ခဲ့ရတယ်။ဘဝမှာ ရုတ်တရက် အောင်မြင်လာဖို့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မမျှော်လင့်ထားခဲ့မိဘူး။ ဒါပေမယ့် အဲ့ဒီနှစ်တုန်းက ငါ့မှာအစ်ကိုတစ်ယောက်ရုတ်တရက်ရှိလာခဲ့တယ်။
သူတို့ရဲ့ သက်သေအထောက်အထား မြောက်မြားစွာကို မြင် တွေ့ခဲ့ရပြီး ရှင်းပြချက် မြောက်မြားစွာကို နားထောင်ပြီးတဲ့နောက်မှာတော့ငါက ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ တရားမဝင်သားဖြစ်လာခဲ့တယ်။ အဲ့ဒီ ဒါရိုက်တာက အခုသေသွားခဲ့ပြီဖြစ်ပေမယ့် သူတစ်ခါမှမမြင်ဖူးတဲ့ သားတစ်ယောက်ဖြစ်တဲ့ငါ့ဆီကုမ္ပဏီ တစ်ဝက်ကို ပေးချင်နေတယ်။ ပိုပြီးနားမလည်နိုင်တဲ့အချက်က ဖအေတူမ အေကွဲအစ်ကိုဖြစ်တဲ့ တရားဝင်မိန်းမရဲ့ တရားဝင်သားက ရုပ်ရှင်တွေပြဇာတ်တွေထဲကလိုအမွေအတွက် တိုက်ပွဲဝင်ရန် မကြိုးစားဘဲ ငါ့အဖေဆိုသူထားခဲ့တဲ့ ဆန္ဒ အတိုင်းသဘောတူတာပဲဖြစ်တယ်။ သူက ငါ့အပေါ် တကယ်ကို ကြင်နာပြီး အထူးသဖြင့် ကောင်းကောင်း ဆက်ဆံတယ်။
ဒီလိုပဲ လောင်ယွီချန်ဟာ အနုပညာသမားတစ်ယောက်ဖြစ်လာပြီး ငါကလဲသူ့ဘဝကို အဆုံးအဖြတ်ပေးမယ့်သူတစ်ယောက်ဖြစ်လာခဲ့တယ်။
လောင်ယွီချန်ကသူ့အနာဂတ်အတွက် တစ်စုံတစ်ယောက်ကို ဘယ်တော့မှ မှီခိုနေမှာ မဟုတ်ပေမယ့် သူငါ့ဆီကိုတောင်းဆိုလာခဲ့တယ်။ ရှမင်ရှုကို တင်မြှောက်ပေးဖို့ သူက ငါ့ ကို တောင်းဆိုတယ်။
ရှမင်ရှုကအမှန်တကယ်ချောမောတာပေမယ့် ကမ္ဘာပေါ်တွင် မရေမတွက်နိုင်တဲ့ ရုပ်ရည်ချောမောတဲ့သူတွေအများကြီးပဲ။ ကုမ္ပဏီက သူတို့အလိုရှိသမျှကို တင်မြှောက်မြှင့်တင်နိုင်တယ်။ အဲ့တာကသူမှမဟုတ်ဘူး။ အဲဒီအချက်က ငါတို့အတွက်အရမ်းရှင်းပါတယ်။
ငါ့အခြေအနေက သူနဲ့ ဆယ်နှစ်ကြာအောင်အတူနေဖို့ပါပဲ။ သူကလည်း သဘောတူတယ်။
ငါသူ့ကိုချစ်တယ်ဆိုတာ သူသိပြီးသား။ ရှမင်ရှုအတွက် သူ့ကိုယ်သူ စတေးဖို့လည်း အဆင်သင့်ဖြစ်နေပြီ။
ငါတို့ဆယ်နှစ်ကြာအောင် ချစ်သူတွေဖြစ်ခဲ့ကြတယ်။
ငါ လောင်ယွီချန်ရဲ့နံဘေးမှာ ရက်အနည်းငယ်ကြာအောင် မျောလွင့်နေခဲ့ပြီး သူ့နဲ့ လုံးဝခြားနားတဲ့ အခြားတစ်ဖက်ကို အံ့သြထိတ်လန့်စွာ တွေ့ခဲ့ရတဲ့ အကြိမ်တွေလည်း ရှိခဲ့တယ်။
သူအလုပ်လုပ်တုန်းကလည်း ဒီလိုပုံစံ အမြဲရှိနေတယ်။ ငါ သူ့ကို ထောင့်တစ်နေရာမှာပုန်းပြီးကြည့်ခဲ့တုန်းကလည်း ဒီလိုပါပဲ။ သူကလူဘုံအလယ်တွင် ရှိနေသော်လည်း အခြားကမ္ဘာတစ်ခုတွင်သူရပ်နေပုံရတယ်။ သူဘာကြည့်နေတာလဲ ငါမသိသလို သူ့အတွေးတွေကိုပိုလို့တောင် နားမလည်နိုင်ဖြစ်နေရတယ်။
သူက အမြဲတမ်း နားလည်ရခက်တယ်။
ငါထွက်သွားပြီးရင် သူပျော်နေမယ်လို့ ထင်ထားခဲ့ပေမဲ့ ငါ့မျှော်လင့်ထားသလောက် သူ့စိတ်နေစိတ်ထား ပြောင်းလဲမှုတွေကို မတွေ့ခဲ့ရပါဘူး။
သူဟာ နဂိုက အလွန်ဖော်ပြတတ်သူပင်။ သူပျော်နေတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က တောက်ပလင်းထိန် နေပြီးသူ စိတ်ပျက်နေတဲ့အခါတော့ သူ့ခေါင်းထက်မှာ တိမ်မည်းတွေ လွင့်နေသလိုဖြစ်နေလိမ့်မယ်။
အခု သူဒီလိုဖြစ်နေတာ ငါ့အပြစ်ပဲ။
ရှမင်ရှုဟာစတင်ထုပ်ပိုးပြီး ရောက်လာတယ်။ သူ့ပစ္စည်းတွေကဒီအိမ်မှာ တဖြည်းဖြည်း ပိုများလာတယ်။
ရှမင်ရှုက တံခါးအပြင်ဘက်တွင် စွန့်ပစ်ရန် ပြင်ထားတဲ့ဓာတ်ပုံသေတ္တာကို မြင်တဲ့အခါ အလုပ်ရှုပ်နေတာတောင်လောင်ယွီချန် ရှေ့ကို အဲ့သေတ္တာ ယူလာခဲ့လေရဲ့။
သူက လောင်ယွီချန်ရဲ့ မြေမြှုပ်မိုင်းတွေပေါ်မှာ နင်းလျှောက်ရတာကို နှစ်သက်ပုံရတယ်။ သူ့ခေါင်းကို မော့ပြီးမေးတယ်။
"လောင်ယွီချန် ,မင်းဒါတွေကို သိမ်းထားလို့တောင်မရဘူးလား?"
ရှမင်ရှုလုပ်ရပ်ကအခုတစ်ကြိမ်တော့ မြေမြှုပ်မိုင်းကို မပေါက်ကွဲနိုင်ကြောင်းကိုငါသိတယ်။
TN- ဒီမမ အပျင်းတစ်နေလို့Chapter 2ကို 5ပိုင်းခွဲရပါမယ် နောက်တစ်ပိုင်းကျန်သေးတယ်ပေါ့နော်😝
နက်ဖန်လောက်တင်ပေးမယ်လေ☺️👌✌️
ZAWGYI
"ေမ့ေလ်ာသြားေသာမွတ္ဉာဏ္"
အဲဒီေန႔က ေတာက္ပလင္းလက္ေနတဲ့ ေနေရာင္ေအာက္မွာ လမ္းေလွ်ာက္ဖို႔ အတြက္သူက ေဆး႐ုံျမက္ခင္းျပင္ဆီ ငါ့ကိုေခၚလာခဲ့တယ္။
ငါ က်ီးကန္းတစ္ေကာင္လိုပဲ မရပ္မနား ေအာ္ဟစ္လိုက္တယ္။ သူငါ့စကားကို ေကာင္းေကာင္းနားမေထာင္ဘူးဆိုတာအေသခ်ာပဲ။ ခဏၾကာေတာ့ သူရပ္သြားတယ္။ သူ႕ရဲ႕ စိတ္အစဥ္က ငါ့ဆီမွာမ႐ွိတာ ခံစားမိတဲ့ေနာက္ သူၾကည့္ ေနတဲ့ျမင္ကြင္းကို ငါ လိုက္ၾကည့္မိတယ္။
႐ွမင္႐ႈ ဟာလူနာ၀တ္စုံအစင္းကို ဝတ္ဆင္ထားၿပီး အျဖဴေရာင္ ကုလားထိုင္ေပၚတြင္ အိပ္လို႔ေနတယ္။ သူက တျခားကမ႓ာတစ္ခုကိုၾကည့္ေနတယ္။ သူ႕ဆံပင္က သစ္အယ္သီးအေရာင္ ေဆးဆိုးထားတာေၾကာင့္ ေနေရာင္ေအာက္မွာတဖ်က္ဖ်တ္ ေတာက္ပလွ်က္လူးလြန္႔ေနတယ္။ သူအိပ္ေနတဲ့အခ်ိန္မွာ ေတာင္နတ္သားေလးလိုပါပဲ။ သူက ျဖဴေဖ်ာ့ေနၿပီး ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ ၾကည့္ရတာ တစ္ခ်က္ထိတာနဲ႔ ကြဲထြက္သြားမလိုပဲေပါ့။
လူတစ္ေယာက္ရဲ႕ ဗီဇကလည္း ေၾကာက္စရာေကာင္းတယ္။ ေလာင္ယြီခ်န္က႐ွမင္႐ႈကိုၾကည့္ေနတဲ့အၾကည့္ ေတြကိုငါျမင္လိုက္ခ်ိန္မွာပဲ အဆုံးသတ္မွာ ေတြ႕ၾကဳံရမယ့္ စိတ္ပ်က္စရာရလဒ္ကို အၾကမ္းဖ်င္း ခန္႔မွန္းႏိုင္ခဲ့တယ္။
ျမႇားနတ္ေမာင္က ေလးကို ကိုင္ၿပီး ေဆး႐ုံကို လွည့္ပတ္ေနလိမ့္မယ္လို႔ ဘယ္သူက ေမွ်ာ္လင့္မိမွာလဲ? သူရဲ႕အခ်စ္ျမႇားနဲ႔ပစ္ဖို႔ မထိုက္တန္တဲ့သူတစ္ေယာက္လိုငါ့ကိုျမင္လိုက္တာနဲ႔ သူ အရမ္းရယ္ေနလိမ့္မယ္။ သူတို႔ရဲ႕ ေအာင္သြယ္ျဖစ္လာဖို႔ငါ့ ေျခေထာက္ေပၚ ပစ္ခဲ့ပုံပါပဲ။
ကံၾကမၼာက အဆုံးအျဖတ္ေပးတဲ့အရာေတြ႐ွိတယ္။ မင္းနဲ႔မသက္ဆိုင္ရင္ မင္းမရႏိုင္ဘူး!!
ငါ ေနာက္ထပ္ဓာတ္ပုံတစ္ပုံကို ၾကည့္လိုက္တယ္။ ဒါကႏွစ္သစ္ကူးညတုန္းက ခ်ားရဟတ္မွာ ႐ိုက္ထားတဲ့ပုံပဲ။
ငယ္႐ြယ္စဥ္ကာလေတြကတည္းကသူ႕ပုံစံဟာ ရင့္က်က္တည္ၿငိမ္တဲ့အသြင္အျပင္ေပၚ ေနၿပီး ေငြေရာင္နားကပ္ကို ဝတ္ဆင္ထားတယ္။ သူက ေခ်ာေမာေသာ္လည္း ေအးစက္ၿပီး ေၾကာက္စရာေကာင္းသည္မွာအမွန္။
သူ႕ေမြးေန႔ဟာခရစၥမတ္ေန႔ျဖစ္တယ္။ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပြဲဦးထြက္တုန္းက အဲဒီႏွစ္ , သူ႕အသက္၁၈ႏွစ္ေပါ့။ သူက ဆန္းသစ္ၿပီး ထူးျခားတာေၾကာင့္ သူ႕ရဲ႕ေက်ာ္ၾကားမႈ ကအလွ်င္အျမန္ပဲ ျမင့္တက္လာခဲ့တယ္။
သူကအရမ္းေခ်ာတယ္။ အျပင္ထြက္ခ်ိန္မွာ အဲ့ေလာက္ထိသတိထားခံရမိလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘူးေလ။
အဲ့ႏွစ္က ငါ့ဘ၀မွာ အထူးျခားဆုံးေသာ အေျပာင္းအလဲကို ေတြ႕ၾကဳံခံစားခဲ့ရတဲ့ႏွစ္ပဲ။
ငါ့မွာအေဖမ႐ွိဘူး, အေမကလည္းေစာေစာေသတယ္။ ငယ္ငယ္ထဲကဦးေလးရဲ႕အိမ္မွာေနခဲ့ၿပီးစုတ္စုတ္ပ်က္ပ်က္နဲ႔ ေပ်ာ္႐ႊင္စရာကင္းမဲ့ခဲ့ရတယ္။ဘဝမွာ ႐ုတ္တရက္ ေအာင္ျမင္လာဖို႔ ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ မေမွ်ာ္လင့္ထားခဲ့မိဘူး။ ဒါေပမယ့္ အဲ့ဒီႏွစ္တုန္းက ငါ့မွာအစ္ကိုတစ္ေယာက္႐ုတ္တရက္႐ွိလာခဲ့တယ္။
သူတို႔ရဲ႕ သက္ေသအေထာက္အထား ေျမာက္ျမားစြာကို ျမင္ ေတြ႕ခဲ့ရၿပီး ႐ွင္းျပခ်က္ ေျမာက္ျမားစြာကို နားေထာင္ၿပီးတဲ့ေနာက္မွာေတာ့ငါက ေဖ်ာ္ေျဖေရးကုမၸဏီႀကီးတစ္ခုရဲ႕ ဒါ႐ိုက္တာတစ္ေယာက္ရဲ႕ တရားမဝင္သားျဖစ္လာခဲ့တယ္။ အဲ့ဒီ ဒါ႐ိုက္တာက အခုေသသြားခဲ့ၿပီျဖစ္ေပမယ့္ သူတစ္ခါမွမျမင္ဖူးတဲ့ သားတစ္ေယာက္ျဖစ္တဲ့ငါ့ဆီကုမၸဏီ တစ္ဝက္ကို ေပးခ်င္ေနတယ္။ ပိုၿပီးနားမလည္ႏိုင္တဲ့အခ်က္က ဖေအတူမ ေအကြဲအစ္ကိုျဖစ္တဲ့ တရားဝင္မိန္းမရဲ႕ တရားဝင္သားက ႐ုပ္႐ွင္ေတြျပဇာတ္ေတြထဲကလိုအေမြအတြက္ တိုက္ပြဲဝင္ရန္ မႀကိဳးစားဘဲ ငါ့အေဖဆိုသူထားခဲ့တဲ့ ဆႏၵ အတိုင္းသေဘာတူတာပဲျဖစ္တယ္။ သူက ငါ့အေပၚ တကယ္ကို ၾကင္နာၿပီး အထူးသျဖင့္ ေကာင္းေကာင္း ဆက္ဆံတယ္။
ဒီလိုပဲ ေလာင္ယြီခ်န္ဟာ အႏုပညာသမားတစ္ေယာက္ျဖစ္လာၿပီး ငါကလဲသူ႕ဘဝကို အဆုံးအျဖတ္ေပးမယ့္သူတစ္ေယာက္ျဖစ္လာခဲ့တယ္။
ေလာင္ယြီခ်န္ကသူ႕အနာဂတ္အတြက္ တစ္စုံတစ္ေယာက္ကို ဘယ္ေတာ့မွ မွီခိုေနမွာ မဟုတ္ေပမယ့္ သူငါ့ဆီကိုေတာင္းဆိုလာခဲ့တယ္။ ႐ွမင္႐ႈကို တင္ေျမႇာက္ေပးဖို႔ သူက ငါ့ ကို ေတာင္းဆိုတယ္။
႐ွမင္႐ႈကအမွန္တကယ္ေခ်ာေမာတာေပမယ့္ ကမ႓ာေပၚတြင္ မေရမတြက္ႏိုင္တဲ့ ႐ုပ္ရည္ေခ်ာေမာတဲ့သူေတြအမ်ားႀကီးပဲ။ ကုမၸဏီက သူတို႔အလို႐ွိသမွ်ကို တင္ေျမႇာက္ျမႇင့္တင္ႏိုင္တယ္။ အဲ့တာကသူမွမဟုတ္ဘူး။ အဲဒီအခ်က္က ငါတို႔အတြက္အရမ္း႐ွင္းပါတယ္။
ငါ့အေျခအေနက သူနဲ႔ ဆယ္ႏွစ္ၾကာေအာင္အတူေနဖို႔ပါပဲ။ သူကလည္း သေဘာတူတယ္။
ငါသူ႕ကိုခ်စ္တယ္ဆိုတာ သူသိၿပီးသား။ ႐ွမင္႐ႈအတြက္ သူ႕ကိုယ္သူ စေတးဖို႔လည္း အဆင္သင့္ျဖစ္ေနၿပီ။
ငါတို႔ဆယ္ႏွစ္ၾကာေအာင္ ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္။
ငါ ေလာင္ယြီခ်န္ရဲ႕နံေဘးမွာ ရက္အနည္းငယ္ၾကာေအာင္ ေမ်ာလြင့္ေနခဲ့ၿပီး သူ႕နဲ႔ လုံးဝျခားနားတဲ့ အျခားတစ္ဖက္ကို အံ့ၾသထိတ္လန္႔စြာ ေတြ႕ခဲ့ရတဲ့ အႀကိမ္ေတြလည္း ႐ွိခဲ့တယ္။
သူအလုပ္လုပ္တုန္းကလည္း ဒီလိုပုံစံ အၿမဲ႐ွိေနတယ္။ ငါ သူ႕ကို ေထာင့္တစ္ေနရာမွာပုန္းၿပီးၾကည့္ခဲ့တုန္းကလည္း ဒီလိုပါပဲ။ သူကလူဘုံအလယ္တြင္ ႐ွိေနေသာ္လည္း အျခားကမ႓ာတစ္ခုတြင္သူရပ္ေနပုံရတယ္။ သူဘာၾကည့္ေနတာလဲ ငါမသိသလို သူ႕အေတြးေတြကိုပိုလို႔ေတာင္ နားမလည္ႏိုင္ျဖစ္ေနရတယ္။
သူက အၿမဲတမ္း နားလည္ရခက္တယ္။
ငါထြက္သြားၿပီးရင္ သူေပ်ာ္ေနမယ္လို႔ ထင္ထားခဲ့ေပမဲ့ ငါ့ေမွ်ာ္လင့္ထားသေလာက္ သူ႕စိတ္ေနစိတ္ထား ေျပာင္းလဲမႈေတြကို မေတြ႕ခဲ့ရပါဘူး။
သူဟာ နဂိုက အလြန္ေဖာ္ျပတတ္သူပင္။ သူေပ်ာ္ေနတဲ့အခ်ိန္မွာ သူ႕ခႏၶာကိုယ္က ေတာက္ပလင္းထိန္ ေနၿပီးသူ စိတ္ပ်က္ေနတဲ့အခါေတာ့ သူ႕ေခါင္းထက္မွာ တိမ္မည္းေတြ လြင့္ေနသလိုျဖစ္ေနလိမ့္မယ္။
အခု သူဒီလိုျဖစ္ေနတာ ငါ့အျပစ္ပဲ။
႐ွမင္႐ႈဟာစတင္ထုပ္ပိုးၿပီး ေရာက္လာတယ္။ သူ႕ပစၥည္းေတြကဒီအိမ္မွာ တျဖည္းျဖည္း ပိုမ်ားလာတယ္။
႐ွမင္႐ႈက တံခါးအျပင္ဘက္တြင္ စြန္႔ပစ္ရန္ ျပင္ထားတဲ့ဓာတ္ပုံေသတၱာကို ျမင္တဲ့အခါ အလုပ္႐ႈပ္ေနတာေတာင္ေလာင္ယြီခ်န္ ေ႐ွ႕ကို အဲ့ေသတၱာ ယူလာခဲ့ေလရဲ႕။
သူက ေလာင္ယြီခ်န္ရဲ႕ ေျမျမႇဳပ္မိုင္းေတြေပၚမွာ နင္းေလွ်ာက္ရတာကို ႏွစ္သက္ပုံရတယ္။ သူ႕ေခါင္းကို ေမာ့ၿပီးေမးတယ္။
"ေလာင္ယြီခ်န္ ,မင္းဒါေတြကို သိမ္းထားလို႔ေတာင္မရဘူးလား?"
႐ွမင္႐ႈလုပ္ရပ္ကအခုတစ္ႀကိမ္ေတာ့ ေျမျမႇဳပ္မိုင္းကို မေပါက္ကြဲႏိုင္ေၾကာင္းကိုငါသိတယ္။
TN- ဒီမမ အပ်င္းတစ္ေနလို႔Chapter 2ကို 5ပိုင္းခြဲရပါမယ္ ေနာက္တစ္ပိုင္းက်န္ေသးတယ္ေပါ့ေနာ္😝
နက္ဖန္ေလာက္တင္ေပးမယ္ေလ☺️👌✌️