Like Love But Not [ Myanmar T...

Af Eri1485EXOL

33.6K 4.1K 263

Hello... This is just a translation! Original author is Orange Rain and we translated from novelupdates.com. ... Mere

Summary
Chapter - 1.1
Chapter - 1.2
Chapter - 1.3
Chapter - 2.1
Just Announcement
Chapter - 2.2
Chapter - 2.3
Chapter - 2.4
Chapter - 2.5
Chapter - 3.1
💫💫😩
Chapter - 3.2
Chapter - 3.3
Chapter - 3.4
Chapter - 4.1
Chapter - 4.2
Chapter - 4.3
Chapter - 4.4
Chapter - 5.1
Chapter - 5.2
Chapter - 5.3
Chapter - 5.4
Chapter - 5.5
Chapter - 6.1
Chapter - 6.2
Chapter - 6.3
Chapter - 6.4
Chapter - 7.1
Chapter - 7.2
Chapter - 7.3
Chpater - 7.4
Chapter - 9.1
Chapter - 9.2
Chapter - 10.1
Chapter - 10.2
Chapter - 10.3
Chapter - 11.1
Chapter -11.2
Chapter - 11.3
Chapter - 11.4
Chapter - 12.1
Chapter - 12.2
Please read!
Chapter - 12.3
Chapter - 12.4

Chapter - 1.4

887 134 13
Af Eri1485EXOL

UNICODE

"လမ်းပျောက်သူတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးခြင်း"

တကယ်လို့ ငါသာ အသက်ရှင်နေသေးတုန်းသာဆို  ဒီဇိုင်နာချုပ်တစ်ယောက်အဖြစ် နာမည်ရခဲ့တဲ့ မစ္စတာ Lu De Vici ကို  နောက်တစ်ခါတွေ့ရင် ရယ်မိမှာအမှန်ပဲ။ သေချာတယ်! 

"ရှောင်လု, မင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ နားကပ်က မင်းရဲ့လက်အောက်ငယ်သား ဒီဇိုင်းထုတ်ထားတဲ့ ဝတ်စုံနဲ့ မလိုက်ဖက်ဘူး"

အဲ့ဒီလိုကိုသေချာပြောပစ်လိုက်ချင်တာ။

လောင်ယွီချန် က ဓာတ်ပုံဆရာကို တစ်ချက်ကြည့်လိုက်တယ်။ဓာတ်ပုံဆရာက သိသိသာသာကို စိတ်မကောင်းဖြစ်သွားတယ်။  ဘေးနားကလူတွေလည်း ထိတ်လန့်မှုကြောင့် ချွေးတွေထွက်နေကြတယ်။

ဟုတ်ပါတယ်!  လောင်ယွီချန်က  ငါးနှစ်ကြာ ပွဲဦးထွက်ခဲ့ပြီး ကြီးမားသော အောင်မြင်မှု ရရှိခဲ့တယ်။  သူ့ပုံစံက အပြောင်းအလဲများစွာရှိခဲ့တယ်။  ဒါပေမယ့် ဘယ်သောအခါမှ မပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသောအရာကတော့  သူ့ဘယ်ဘက်နားမှာ ငွေ‌ရောင်လက်ဝါးကပ်တိုင်နားကပ်တစ်ခုကို၀တ်ထားတာပဲဖြစ်တယ်။

အမျိုးမျိုးသောရှိုးပွဲတွေမှာ တင်ဆက်သူအများအပြားက  ထိုနားကပ်နောက်ကွယ်ရှိ ဇစ်မြစ်နှင့် ဇာတ်လမ်းကို သိချင်ကြသဖြင့်  တတ်နိုင်သမျှ အသဲအသန် ကြိုးစားခဲ့ကြတယ်။

နားကပ်အကြောင်းပြောရင် တော့ဒါဟာ ငါ့ဘဝမှာ ဂုဏ်ယူခဲ့ရတဲ့ အရာအနည်းငယ်ထဲက တစ်ခုတည်းသောအရာပါပဲ။

သူ့ရဲ့ တစ်ဆယ့်ရှစ်နှစ်မြောက် မွေးနေ့တုန်းက ငါပေးခဲ့တဲ့ သူ့အတွက်လက်ဆောင်လေးပေါ့။

ဒါကငါပေးခဲ့တဲ့ လက်ဆောင်တွေအားလုံးထဲမှာ တစ်ခုတည်းသော ကြည့်ကောင်းတဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူ့အတွက် ဒီနားကပ်ကို စိတ်ကြိုက်ဖန်တီးနိုင်ဖို့ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာကြီး Lu De Vici ကို သေချာလေးအပ်ခဲ့တယ်။  ဒါ့ကြောင့်မို့ ဇီဇာကြောင်တတ်တဲ့ သူတောင် ကြာကြာ သဘောကျနေသေးတုန်းပဲဖြစ်တယ်။

ငါက သူ့ကို ဘယ်တော့မှ မဖယ်ခိုင်းခဲ့ဖူးဘူး။ ဆယ်နှစ်နီးပါးလုံး ၀တ်ဖို့အတင်းတွန်းအားပေးခဲ့တယ်။

အခုတော့လဲ ဝတ်ဖို့ မလိုအပ်တော့ဘူးလေ။

တကယ်တော့, သူက နားကပ်ကို ဖြုတ်ပြီး  ကြမ်းပြင်ပေါ်ကို  ဖြစ်ကတတ်ဆန်းလွှင့်ပစ်လိုက်တာက ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေကို အဝေးပစ်လိုက်တာနဲ့အတူတူပဲ။

ဒီလိုနေ့က အနှေးနှင့်အမြန် ရောက်လာမှာပဲ။ ငါ ဒီလိုဖြစ်ပျက်နေတာကို မြင်‌နေရပေမဲ့ ငါသေနေပြီလို့ ထည့်မတွက်မိဘူး။

ထုံးစံအတိုင်း အကြော်သေးသေးလေးတွေက သူ့အတွက် မြန်မြန်ကောက်လာ‌ ပေးလိမ့်မယ်။

သို့‌ ပေမယ့် ကောက်ကိုင်လိုက်သူက ရှည်လျားတဲ့ ခြေထောက်တစ်စုံရှိပြီး ပြီးပြည့်စုံသောရုပ်သွင်ရှိတယ်။  သူ မတ်တတ်ပြန်ထလိုက်တဲ့အခါ အရာအားလုံးဟာ နှေးကွေးလေးလံနေသလိုပါပဲ။  ထိုသူ့တွင် ရွှေရောင်ဆံပင်တွေ ရှိ‌ နေပြီး သူ့ရဲ့ ပြောင်မြောက်တဲ့ မျက်နှာသွင်ပြင်မှာ နစ်မျောစေကာ ကူကယ်ရာမဲ့စေတဲ့ အပြုံးကို ဖြစ်စေတယ်။

ရှမင်ရှု.....

အမြဲလိုလို သူဟာ သူ့ဘဝတွင် တောက်ပစွာ ထွန်းလင်း‌ တောက်ပနေသော နေကဲ့သို့ပင်။

သူက ပြီးပြည့်စုံ‌ နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ငါအသက်ရှင်နေတုန်းကအမြဲ မနာလိုဖြစ်မိတယ်။

အခုနောက်ဆုံးတော့ သူ့အသွင်အပြင်ကို အပြင်လူတစ်ယောက်အနေနဲ့ ပုံမှန်အတိုင်း အကဲဖြတ်နိုင်ပါပြီ။

"မစ္စတာ ရှမင်ရှုလည်း ဒီမှာပဲ!"

လောင်ယွီချန် နဲ့ ရှမင်ရှု တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း ခဏလောက့် ဆုံနေကြတယ်။  ခဏနေပေမယ့် လောင်ယွီချန် ရဲ့မျက်လုံးထဲမှာ နွေးထွေးမှုကို ငါမြင်လိုက်ရတယ်။  ငါတစ်ခါမှ မမြင်ဖူးခဲ့တဲ့ အရာပေါ့.....

အမှန်တကယ်တော့ ငါအရင်က မြင်ဖူးတယ်။  မြင်ဖူးတယ်ဆို‌ပေမယ့် ဘယ်‌တော့မှငါ့အတွက်မဟုတ်ခဲ့ဘူး။  သူနဲ့ ရှမင်ရှု အတူတူ ဓာတ်ပုံရိုက်တိုင်း သူ့မှာ အဲဒီမျက်လုံးတွေ အမြဲရှိတယ်။

ငါရှုံးနေပြီဆိုတာ သေချာသိတယ်။   အခွင့်မရှိလို့ ရှုံးမယ်ဆိုတာသေချာသိနေတာတောင်မှ  ရှုံးတဲ့တိုက်ပွဲကိုငါဆက်တိုက်နေခဲ့တယ်။

ငါ့ချစ်သူရဲ့နှလုံးသားက ငါနဲ့ဘယ်တုန်းကမှမရှိခဲ့တာဆိုတော့ ငါ့ရဲ့အချစ်ပြိုင်ဘက်က အရမ်းပြင်းထန်နေလို့ပဲ။

ရှမင်ရှု ရဲ့ လက်ရှိကျော်ကြားမှုက လောင်ယွီချန် ကို တစ်ချက်မျှ မနိမ့်ကျခဲ့ပေ။  သို့သော် သူက မာနကြီးသူမဟုတ်သလို အမိုက်စားစတိုင်လဲ ဘယ်တော့မှ မလုပ်ခဲ့ပါ။  သူတို့လျှောက်ခဲ့တဲ့ လမ်းကြောင်း အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။  လောင်ယွီချန်က အဆိုတော်သက်သက်သာဖြစ်သော်လည်း ရှမင်ရှုကတော့ ရုပ်ရှင်သရုပ်ဆောင်အဖြစ်သာ ဦးတည်ခဲ့တယ်။  လောင်ယွီချန်ရဲ့  ပြင်းထန်ပြီး လွှမ်းမိုးထားတတ်တဲ့ အမူအရာက စင်မြင့်ပေါ်ရောက်တဲ့အခါမှာ လုံး၀ကွဲထွက်သွားတယ်။ ရှမင်ရှုရဲ့  ဖန်သားပြင်ထက်က နူးညံ့သိမ်မွေ့တဲ့ 'ဘေးအိမ်ကကောင်လေး' ပုံရိပ်ဟာ အပြစ်မဲ့ ဆယ်ကျော်သက်မိန်းကလေးများစွာကို စွဲလန်းစေခဲ့တယ်။

ယခုအခါတွင်တော့ နူးညံ့သိမ်မွေ့တဲ့
  'ဘေးအိမ်က ကောင်လေး' ဟာ လက်ရှိ ဘေးနားရှိ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ခွေးခြေခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး  ၀တ်စုံပြည့်၀တ်ကာ သူ့အလုပ်သူဆက်လုပ်နေတဲ့ celebrity လေးကိုကြည့်နေပါတယ်။

တခဏချင်းမှာပဲ ဆေးသုတ်ထားတဲ့ နံရံတွေဟာ ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီး ဖြစ်လာပြီး စုတ်ပြတ်နေတဲ့ထိုင်ခုံက ပလ္လင်ကြီး ဖြစ်သွားပါတယ်။  ရှမင်ရှုက  ထိုနေရာတွင် မင်းသားလေးကဲ့သို့ ပြေပြစ်သောပုံစံနှင့် အေးအေးဆေးဆေး ထိုင်နေလေတယ်။ သူရိုက်ကူးခဲ့ဖူးတဲ့ ဂန္တဝင်အရှိဆုံး ရုပ်မြင်သံကြားဒရာမာထဲမှာပါတဲ့ အမျိုးသမီးဇာတ်ဆောင်ကို  ပန်း‌‌တွေခင်းထားတဲ့အပေါ်မှာ  စောင့်နေသလို သူ့မျက်နှာပေါ်က အပြုံးက အပြစ်ကင်းတဲ့အပြုံးထက်တောင် ပိုတောက်ပနေပုံပါပဲ။

ငါ့ထက် အဆတစ်သန်း သာလွန်တဲ့သူတစ်ယောက်...

ဒါကို အစကတည်းက သိတယ်။  သို့သော် ယနေ့တွင် အထူးသဖြင့် ပိုမိုသိလာတယ်လို့ခံစားရတယ်။

လောင်ယွီချန်ကLu De Vici ကြော်ငြာအတွက် ဓါတ်ပုံရိုက်ကူးခြင်း ပြီးဆုံးပြီးနောက် သူနှင့် ရှမင်ရှုတို့ဟာValentine's Day ချောကလက်ကြော်ငြာအတွက် နောက်ထပ် ဓာတ်ပုံရိုက်ရန် ချက်ခြင်း သွားကြရတယ်။ သူတို့နောက်ထပ်စတူဒီယိုကိုသွားတဲ့အခါ ရှမင်ရှုက နားကပ်ကို လောင်ယွီချန်ဆီပြန်ပေးချင်နေတာကိုငါမြင်လိုက်ရတယ်။

လောင်ယွီချန်က ၎င်းကို ဂရုမစိုက်ဘဲ တစ်ချက်ကြည့်ပြီး "လွှင့်ပစ်လိုက်တော့" လို့ပြောလိုက်တယ်။

ငါ့နှလုံးသားကိုဓားနဲ့ထိုးခွဲလိုက်သလိုခံစားလိုက်ရတယ်။

လူတစ်ယောက်ကသေပြီးရင် ဝေဒနာမခံစားရတော့ဘူးလို့ ငါထင်ခဲ့တယ်။  အခုတော့လဲ မဟုတ်ပြန်ဘူး။

"မင်းဘာပြောလိုက်တာလဲ?"

  ရှမင်ရှုက သူ့ကို စိုက်ကြည့်ရင်း နားကပ်ကို သူ့လက်ထဲကို တွန်းထည့်လိုက်တယ်။

"ဒါက ရှောင်ဟန်ဆီက လက်ဆောင်" 

လောင်ယွီချန် ကတော့ ဘာမှမထူးခြားသေးပါဘူး။  သို့သော် သူက  ငွေရောင် အရာဝတ္ထုလေးကို အမှိုက်တွေကြည့်သလိုကြည့်နေတယ်။ အဲဒီမျက်လုံးတွေကို ငါအကြောက်ဆုံးပဲ။  တခဏအတွင်းမှာပင် ငါတော်တော် ရှက်သွားမိသွားတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါ ဒီမှာ ရှိနေမှန်း သူ မသိသလို သူလည်း ငါ့ကိုမတွေ့နိုင်ဘူးလေ။  ဒါက ငါ့အတွက် ကောင်းတဲ့သတင်းပဲ။

"ငါသိတယ်, မင်းစိတ်မာတယ်ဆိုတာကို ဒီနည်းနဲ့ ပြဖို့ မလိုပါဘူး;  ဒါက ဒီပစ္စည်း ရဲ့အပြစ်မဟုတ်ဘူးလေ,  ငွေနဲ့လုပ်ထားတာကွ နောက်ပြီးbranded နော် , မြန်မြန်ဝတ်လိုက်"

ငါ‌ တော်တော်အံ့သြသွားတယ်။  ရှမင်ရှုက ငါနဲ့ မတူမှန်း သိပေမဲ့ သူ့ကို ဒီလောက် သဘောထားကြီးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

သူကမနာလိုစိတ်မရှိတာကြောင့် ဖြစ်နိုင်သည်မှာ ရုပ်ဆိုးသူမဟုတ်သော်လည်း ပိုလှလာမှာဖြစ်တယ်။

ရှမင်ရှု ၏လက်မှနားကပ်ကိုယူပြီးနောက် လောင်ယွီချန် က အဲ့တာကို ပြတင်းပေါက်မှပစ်ချလိုက်တယ်။

ငန်းစုံတွဲ အတုနှင့်ရေကန် ဟာကုမ္ပဏီ၏ အပြင်ဘက်တွင်ရှိတယ်။

ငွေရောင်နားကပ်က ရေထဲသို့ မနစ်မြုပ်မီ တောက်ပသော အဝိုင်းတစ်ခု ဖြစ်ပေါ်လာတယ်။

ပိုက်ဆံကို ရေထဲပစ်ချလိုက်သလို ခံစားရတယ်။  အနည်းဆုံးတော့ သူဌေးတစ်ယောက်လို ပိုက်ဆံဖြုန်းတီးတာ ကြုံလာရတာ‌ပေါ့။။  ဒါက သိပ်မဆိုးဘူးလို့ ထင်ပါတယ်။

"မင်းဘာလုပ်နေတာလဲ!" 

ငါတောင် လန့်မသွားဘူး။  သို့တိုင် ရှမင်ရှု ကတော့ ဒေါသထွက်လာတယ်။

"အဲဒါကိုမြင်ရတာ စိတ်မချမ်းသာဘူး!" 

လောင်ယွီချန် က ဘာသိဘာသာနဲ့ ပြောလိုက်တယ်။  ထို့နောက် ရှမင်ရှုကို လျစ်လျူရှုကာ သူ့ဘာသာသူ ထွက်သွားခဲ့တယ်။

ရှမင်ရှုက ဝန်ထမ်းများစွာနှင့် ရပ်နေရင်း နောက်တွင်ကျန်ရစ်ခဲ့‌လေတယ်။

ငါ အသေချာကြည့်မိတယ်။ဘာပဲဖြစ်ဖြစ် ငါတစ်ယောက်တည်းမဟုတ်ဘူး။  ရှမင်ရှုသာ လောင်ယွီချန် ကို ဒေါသထွက်‌ စေ လို့ကတော့ သူလည်း ထိုကဲ့သို့ ဆက်ဆံခံရမှာမလွဲပေ။

ဝမ်းနည်းစရာကောင်းတာက ရှမင်ရှု ရဲ့မျက်နှာမှာ နာကျင်‌နေတဲ့အမူအရာကို မတွေ့ခဲ့ရပါဘူး။  သူကလည်း စိတ်ပျက်ပုံမပေါ်ဘူး။  နောက်ဆက်တွဲသကြားလုံးကြော်ငြာအတွက် ဓာတ်ပုံ‌တွေမှာတောင်တောက်ပစွာပြုံးနေသေးတယ်။

ကြော်ငြာရဲ့ နောက်ခံမှာ ပန်းရောင်ပူဖောင်းတွေနဲ့ ပြည့်နေတဲ့ အိမ်ငယ်လေးဖြစ်တယ်။  ရှမင်ရှုနဲ့လောင်ယွီချန်တို့က  အနီရောင် လည်စည်းကို၀တ်ထားကာ Conan ဝတ်ခဲ့တာနှင့်တောင်တူနေပါတယ်။ ချိုမြိန်တဲ့သကြားလုံးပုလင်းကို ပွေ့ဖက်ထားပုံမှာ လိုက်ဖက်ညီလှတယ်။  နွေးထွေးသော ပန်းရောင်အလင်းရောင်အောက်တွင် ရှမင်ရှု၏ လှပပြီး သိမ်မွေ့သော မျက်နှာဟာ သစ်သီးကဲ့သို့ နူးညံ့‌ နေတယ်။  မမျှော်လင့်ဘဲ လောင်ယွီချန်ကလည်း အနည်းငယ် ချစ်ဖို့ကောင်းနေပါတယ်။

ထိုကြော်ညာကိုတင်သွင်းပြသတဲ့အခါမှာ တရားဝင်ဝဘ်ဆိုဒ်တွင် "ဒီလိုချစ်စရာကောင်းတဲ့နှစ်‌ ‌‌ေယာက်" ဟုမှတ်ချက်ပေးသူများနှင့်ပြည့်လျှံနေလိမ့်မှာမလွဲ‌ ပေ။

သူတို့ကြည့်ရတာ တကယ်လိုက်ဖက်ပါတယ်။

ရုပ်ရည်သိပ်မကောင်းတဲ့သူနှင့် နုပျိုတဲ့ပုံစံနဲ့ ငါ့ကြားမှာ ထူးခြားတဲ့ ကွာခြားချက်တစ်ခုရှိပါတယ်။

တကယ်တော့ လောင်ယွီချန်နဲ့မတွေ့ခင်မှာ ငါ့ကိုယ်ငါ "ချောမောတယ်" လို့ထင်ခဲ့တာ။  သူနဲ့တွေ့ပြီးသွား‌တော့ငါ အမြန်ရှုံးတယ်။  နောက်တော့ ရှမင်ရှုနဲ့တွေ့တယ်။  ငါက သူ့လောက် ရုပ်မ‌ချောဘူးလို့ ခံစားမိပေမယ့်ငါက ပိုယောက်ျားပီသပြီး သူ့ထက် ပိုဆွဲ‌ ဆောင်မှုရှိတယ်။  သို့သော် ရာနှင့်ချီသော ပရိသတ်‌ေတွနှင့် လောင်ယွီချန်က ထိုသို့မထင်မှတ်ထားတာမှာအထင်ရှားပဲ။

ကိုယ့်ကိုကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ် မိရင် ကိုယ့်ကိုကိုယ် ဒေါသဖြစ်မယ်။

ငါ့ဘ၀ကဒီ‌လောက်နဲ့ပြီးခဲ့တာ..,..

ဓါတ်ပုံရိုက်ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ လူသိရှင်ကြားကြေငြာဖို့ အပြေးအလွှားသွားခဲ့ရပါတယ်။  သူတို့နှစ်ယောက် တရားဝင်အတွဲဖြစ်ပြီးကတည်းက ပရိုဂရမ်များစွာကို အတူတကွ တက်ရောက်ခဲ့တယ်။  ဟုတ်ပါတယ်!ဒီနေ့ လောင်ယွီချန် ရဲ့ နားဗလာကို အာရုံစူးစိုက်မှုရှိတဲ့ အိမ်ရှင်အမျိုးသမီးရဲ့ မေးခွန်းတွေကို ကြားခဲ့ပါတယ်။  ပွဲတစ်ခုလုံးတွင် လောင်ယွီချန် ရဲ့မျက်နှာဟာ သူဘယ်မှာရှိ‌ေနတာကို‌ တောင် ဂရုမစိုက်ဘဲ မည်းမှောင်နေလေတယ်။ 

ညရောက်တဲ့အခါတွင် သူတို့နှစ်ဦးဟာ တစ်နေကုန် အလုပ်ပြီးသွားပြီဖြစ်လို့ ကားပါကင်သို့ အတူတူ လမ်းလျှောက်ခဲ့ကြတ
ယ်။  ရှမင်ရှုက လောင်ယွီချန်ရဲ့ ကားရှေ့lover seat ဆီတံခါးဖွင့်ကာ အထဲသို့ ဝင်ထိုင်လိုက်တယ်။

အင်း....ဒါက မမျှော်လင့်ထားပါဘူး။  ငါက ငါတို့“အိမ်” ကနေ ရက်အတော်ကြာထွက်သွားခဲ့ပြီပဲ။

ငါ ထွက်သွားကတည်းကရှမင်ရှု ဝင်လာတာ ပုံမှန်ပါပဲ။

“ဟောင်းမသွားရင်  အသစ်မလာဘူး” ဆိုတဲ့ နိယာမကို တင်းတင်းကြပ်ကြပ် လက်ကိုင်ထားပြီး ငါ အဝေးကို မသွားချင်ဘူး။

အခုချိန်မှာ အရံဇာတ်ကောင်က နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီး ဇာတ်လမ်းဆက်ဖို့ အဓိကဇာတ်ကောင်ရဲ့ အချိန်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်တွဲနေတဲ့သတင်းတွေ ပေါက်ကြားသွားခဲ့ရင် ပရိသတ်တွေကို ပိုပြီးအရူးအမူးဖြစ်စေမှာပါ။  ဒါဟာ သူနဲ့ အတူရှိနေတယ်ဆိုတဲ့အချက်ကို လုံးလုံးလျားလျား ဖုံးကွယ်ထားရတဲ့ ငါနဲ့ သိသိသာသာ ကွာခြားချက်ပါပဲ။

ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာနှင့် အနုပညာရှင်တစ်ဦးတို့ တွဲနေကြတယ် ဆိုတာ မဖြစ်သင်တဲ့ အရာတစ်ခုပဲ။

"ဟေ့ !နားကပ်ကိစ္စ မပြီးသေးဘူး"   

ငါ စိတ်အေးအေးထားပြီး တွေးတောဖို့ ခဏလောက် လိုအပ်တယ်လို့ တွေးလိုက်တုန်း ရှမင်ရှုပြောတာကို ကြားလိုက်ရတယ်။

လောင်ယွီချန် ရဲ့မျက်နှာကို မြင်လိုက်ရ‌ တော့ဒါက ဒေါသဖြစ်တော့မယ့် သတိပေးလက္ခဏာပဲလို့ ထင်ခဲ့တယ်။  ဒီလိုအချိန်မျိုးမှာ စကားပြောတာကို ရပ်လိုက်တာပိုကောင်းမယ်။

"ရှောင်ဟန်ကို ဘာလို့ အရမ်းမုန်းတာလဲ"  မျက်တောင်မခတ်ပဲ ရှမင်ရှု က ဆက်မေးသည်။

ရှမင်ရှုက ငါ့အတွက် ပြောနေပုံရပေမယ့် သူ ပျားအုံကို သွားထိရင်တော့ငါ တာဝန်ယူမှာ မဟုတ်ဘူး။  ဒါကြောင့် ဒရာမာချိုးမယ့်အချိန်ကို စောင့်‌ နေမိတယ်။  သူ့အရိုက်ခံရတာကို စောင့်နေခဲ့တယ်။

နောက်ဆုံးတော့ လောင်ယွီချန် က သူ့ကို အေးအေးဆေးဆေး တိတ်တိတ်နေခိုင်းတယ်။  လောင်ယွီချန်က ဒီစကားကိုပြောဖို့ သူ့သည်းခံနိုင်စွမ်းတွေ အားလုံးကို အသုံးပြုခဲ့တယ် လို့ငါ အတပ်ပြောနိုင်တယ်။

ငါသာဆိုရင် ဒီတားမြစ်ချက်မေးခွန်းတွေကို ထပ်ခါတလဲလဲ မေးတဲ့အတွက် အရိုက်ခံရတာဖြစ်နိုင်ပါတယ်။

ငါ အသက်ရှင်နေစဥ်က တကယ်ကို သနားစရာကောင်းတယ်။  အရိုက်ခံရတာက သာမာန်ကိစ္စတစ်ခုလိုပါပဲ။

တခါတရံမှာ ဒဏ်ရာတွေက အရမ်းပြင်းထန်လို့ ဆေးရုံတက်ရတာမျိုးထိပါဖြစ်ဖူးတယ်။

အခု တွေးကြည့်တော့ ငါအသက်ရှင်ခဲ့တဲ့ နေ့ရက်တွေက အခုထက်တောင် ပိုဆိုး‌ သေးတယ်။

ဒါပေမယ့်လဲ မစ္စတာ ရှမင်ရှုက လောင်ယွီချန်ကို ကို ကောင်းစွာနားမလည်ခဲ့ပုံရတယ်။

သူ အေးအေးဆေးဆေးမနေပဲ

“ လောင်ယွီချန်, ကျေးဇူးပြုပြီး ငါ့ကိုမှန်မှန်ပြော..  မင်းတို့နှစ်ယောက်ကြားက ကိစ္စတွေကို ငါသိတယ်။  မင်းကိုစောင့်ရှောက်ဖို့ မသင့်တော်တဲ့နည်းလမ်းတွေသုံးပြီး သူမှားခဲ့တာလဲ ငါသိတယ်။  ဒါပေမယ့် လဲသူက မင်းကို လက်လွှတ်ထားပြီးသား‌လေ, အနည်းဆုံးတော့ မင်းသူ့ကို ရန်ငြိုးမထားနိုင်ပဲမနေနိုင်ဘူးလား?"

ငါ ဒါကိုကြားလိုက်ရတော့ အံ့ဩသွားတယ်။  နောက်တော့ မရယ်နိုင်တော့ဘူး။  ရှောင်ဟန်, မင်းက အရမ်းသနားစရာကောင်းတာပဲ။ မင်းရဲ့ပြိုင်ဖက်ကတောင် မင်းကိုသနားတယ်။ 

ငါ  ရယ်ပြီးရင် ပြန်တွေး‌ နေမိတယ်။

ရှမင်ရှုဟာ လူကောင်းတစ်ယောက်ဆိုတာ ငါသိခဲ့တာကြာပါပြီ။  ငါလည်း သူ့ကို သိနေတာကြာပြီ။  ဒါပေမယ့်လောင်ယွီချန် ကြောင့် သူ့ကို သူငယ်ချင်းအဖြစ် မဆက်ဆံနိုင်ခဲ့ပါဘူး။  အကြောင်းရင်းကို မသိသော်လည်း သူက သူငယ်ချင်းဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးစား‌ နေ သေးတယ်။  သူက ငါ့ကို နွေးထွေးစွာ ဆက်ဆံပြီး ကူညီဖို့ အမြဲကြိုးစားတယ်။  သို့ပေမယ့် ငါ သူ့ကို လက်မခံနိုင်ဘူး။  ငါလိုအပ်တဲ့ အရေးကြီးဆုံးအရာကလွဲလို့ အရာအားလုံးကို သူကကူညီပေးနိုင်တယ်။

သူက လောင်ယွီချန် ကို ငါ့ဆီ ပေးနိုင်ပါ့မလား? သူမပေးနိုင်ဘူး!

ဒါ့ကြောင့် ငါကသူ့ကို မနာလို၍ မုန်းတီးခဲ့တယ်။

အံ့သြစရာကောင်းတာက လောင်ယွီချန် တိတ်ဆိတ်သွားတယ်။  သူ့အမူအရာ ပြောင်းလဲနေတာကို မြင်တော့ ငါ ရယ်မိပြန်တယ်။  ကြမ်းတမ်းပြီး မာနကြီးတဲ့လောင်ယွီချန် မှာလည်း ရှုံးနိမ့်ခဲ့ရသည့်အချိန်များ ရှိပုံရတာပေါ့။ ငါ သက်ပြင်းချလိုက်မိတယ်။ရှမင်ရှု 
  နှင့် ငါက အခြေခံအားဖြင့် မတူညီသောအဆင့်တွင်ရှိ‌‌ နေခဲ့တာပဲ။  လောင်ယွီချန် ကို စိတ်မ‌ကျေမနပ်ဖြစ်‌ အောင်လုပ်ပြီးသူက ရှေ့ထိုင်ခုံတွင် အနှောင့်အယှက်ကင်းစွာ ထိုင်နေနိုင်သေးတယ်။  ငါသာဆိုရင်‌ေလာင်ယွီချန်က ငါ့ကို ကားထဲက ချက်ခြင်းမောင်းထုတ်ပြီး သနားစရာကောင်းလောက်အောင် တစ်ယောက်တည်း အိမ်ပြန်ရလိမ့်မယ်။

ယခုမူ သူက သက်ပြင်းရှည်ကြီးသာ ချလိုက်ပြီး ကားကို ဆက်မောင်းသွားခဲ့တယ်။









ZAWGYI



"လမ္းေပ်ာက္သူတစ္ေယာက္ရဲ႕ ၀မ္းနည္းပူေဆြးျခင္း"

တကယ္လို႔ ငါသာ အသက္႐ွင္ေနေသးတုန္းသာဆို  ဒီဇိုင္နာခ်ဳပ္တစ္ေယာက္အျဖစ္ နာမည္ရခဲ့တဲ့ မစၥတာ Lu De Vici ကို  ေနာက္တစ္ခါေတြ႕ရင္ ရယ္မိမွာအမွန္ပဲ။ ေသခ်ာတယ္! 

"ေ႐ွာင္လု, မင္းကိုယ္တိုင္ ဒီဇိုင္းထုတ္ထားတဲ့ နားကပ္က မင္းရဲ႕လက္ေအာက္ငယ္သား ဒီဇိုင္းထုတ္ထားတဲ့ ဝတ္စုံနဲ႔ မလိုက္ဖက္ဘူး"

အဲ့ဒီလိုကိုေသခ်ာေျပာပစ္လိုက္ခ်င္တာ။

ေလာင္ယြီခ်န္ က ဓာတ္ပုံဆရာကို တစ္ခ်က္ၾကည့္လိုက္တယ္။ဓာတ္ပုံဆရာက သိသိသာသာကို စိတ္မေကာင္းျဖစ္သြားတယ္။  ေဘးနားကလူေတြလည္း ထိတ္လန္႔မႈေၾကာင့္ ေခြၽးေတြထြက္ေနၾကတယ္။

ဟုတ္ပါတယ္!  ေလာင္ယြီခ်န္က  ငါးႏွစ္ၾကာ ပြဲဦးထြက္ခဲ့ၿပီး ႀကီးမားေသာ ေအာင္ျမင္မႈ ရ႐ွိခဲ့တယ္။  သူ႕ပုံစံက အေျပာင္းအလဲမ်ားစြာ႐ွိခဲ့တယ္။  ဒါေပမယ့္ ဘယ္ေသာအခါမွ မေျပာင္းလဲႏိုင္တဲ့ တစ္ခုတည္းေသာအရာကေတာ့  သူ႕ဘယ္ဘက္နားမွာ ေငြ‌ေရာင္လက္ဝါးကပ္တိုင္နားကပ္တစ္ခုကို၀တ္ထားတာပဲျဖစ္တယ္။

အမ်ိဳးမ်ိဳးေသာ႐ိႈးပြဲေတြမွာ တင္ဆက္သူအမ်ားအျပားက  ထိုနားကပ္ေနာက္ကြယ္႐ွိ ဇစ္ျမစ္ႏွင့္ ဇာတ္လမ္းကို သိခ်င္ၾကသျဖင့္  တတ္ႏိုင္သမွ် အသဲအသန္ ႀကိဳးစားခဲ့ၾကတယ္။

နားကပ္အေၾကာင္းေျပာရင္ ေတာ့ဒါဟာ ငါ့ဘဝမွာ ဂုဏ္ယူခဲ့ရတဲ့ အရာအနည္းငယ္ထဲက တစ္ခုတည္းေသာအရာပါပဲ။

သူ႕ရဲ႕ တစ္ဆယ့္႐ွစ္ႏွစ္ေျမာက္ ေမြးေန႔တုန္းက ငါေပးခဲ့တဲ့ သူ႕အတြက္လက္ေဆာင္ေလးေပါ့။

ဒါကငါေပးခဲ့တဲ့ လက္ေဆာင္ေတြအားလုံးထဲမွာ တစ္ခုတည္းေသာ ၾကည့္ေကာင္းတဲ့အရာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

သူ႕အတြက္ ဒီနားကပ္ကို စိတ္ႀကိဳက္ဖန္တီးႏိုင္ဖို႔ ကမ႓ာေက်ာ္ ဖက္႐ွင္ဒီဇိုင္နာႀကီး Lu De Vici ကို ေသခ်ာေလးအပ္ခဲ့တယ္။  ဒါ့ေၾကာင့္မို႔ ဇီဇာေၾကာင္တတ္တဲ့ သူေတာင္ ၾကာၾကာ သေဘာက်ေနေသးတုန္းပဲျဖစ္တယ္။

ငါက သူ႕ကို ဘယ္ေတာ့မွ မဖယ္ခိုင္းခဲ့ဖူးဘူး။ ဆယ္ႏွစ္နီးပါးလုံး ၀တ္ဖို႔အတင္းတြန္းအားေပးခဲ့တယ္။

အခုေတာ့လဲ ဝတ္ဖို႔ မလိုအပ္ေတာ့ဘူးေလ။

တကယ္ေတာ့, သူက နားကပ္ကို ျဖဳတ္ၿပီး  ၾကမ္းျပင္ေပၚကို  ျဖစ္ကတတ္ဆန္းလႊင့္ပစ္လိုက္တာက ငါ့ရဲ႕ႀကိဳးစားအားထုတ္မႈေတြကို အေဝးပစ္လိုက္တာနဲ႔အတူတူပဲ။

ဒီလိုေန႔က အေႏွးႏွင့္အျမန္ ေရာက္လာမွာပဲ။ ငါ ဒီလိုျဖစ္ပ်က္ေနတာကို ျမင္‌ေနရေပမဲ့ ငါေသေနၿပီလို႔ ထည့္မတြက္မိဘူး။

ထုံးစံအတိုင္း အေၾကာ္ေသးေသးေလးေတြက သူ႕အတြက္ ျမန္ျမန္ေကာက္လာ‌ ေပးလိမ့္မယ္။

သို႔‌ ေပမယ့္ ေကာက္ကိုင္လိုက္သူက ႐ွည္လ်ားတဲ့ ေျခေထာက္တစ္စုံ႐ွိၿပီး ၿပီးျပည့္စုံေသာ႐ုပ္သြင္႐ွိတယ္။  သူ မတ္တတ္ျပန္ထလိုက္တဲ့အခါ အရာအားလုံးဟာ ေႏွးေကြးေလးလံေနသလိုပါပဲ။  ထိုသူ႕တြင္ ေ႐ႊေရာင္ဆံပင္ေတြ ႐ွိ‌ ေနၿပီး သူ႕ရဲ႕ ေျပာင္ေျမာက္တဲ့ မ်က္ႏွာသြင္ျပင္မွာ နစ္ေမ်ာေစကာ ကူကယ္ရာမဲ့ေစတဲ့ အျပဳံးကို ျဖစ္ေစတယ္။

႐ွမင္႐ႈ.....

အၿမဲလိုလို သူဟာ သူ႕ဘဝတြင္ ေတာက္ပစြာ ထြန္းလင္း‌ ေတာက္ပေနေသာ ေနကဲ့သို႔ပင္။

သူက ၿပီးျပည့္စုံ‌ ေနတဲ့ လူတစ္ေယာက္ျဖစ္ၿပီး ငါအသက္႐ွင္ေနတုန္းကအၿမဲ မနာလိုျဖစ္မိတယ္။

အခုေနာက္ဆုံးေတာ့ သူ႕အသြင္အျပင္ကို အျပင္လူတစ္ေယာက္အေနနဲ႔ ပုံမွန္အတိုင္း အကဲျဖတ္ႏိုင္ပါၿပီ။

"မစၥတာ ႐ွမင္႐ႈလည္း ဒီမွာပဲ!"

ေလာင္ယြီခ်န္ နဲ႔ ႐ွမင္႐ႈ တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္လုံးခ်င္း ခဏေလာက့္ ဆုံေနၾကတယ္။  ခဏေနေပမယ့္ ေလာင္ယြီခ်န္ ရဲ႕မ်က္လုံးထဲမွာ ေႏြးေထြးမႈကို ငါျမင္လိုက္ရတယ္။  ငါတစ္ခါမွ မျမင္ဖူးခဲ့တဲ့ အရာေပါ့.....

အမွန္တကယ္ေတာ့ ငါအရင္က ျမင္ဖူးတယ္။  ျမင္ဖူးတယ္ဆို‌ေပမယ့္ ဘယ္‌ေတာ့မွငါ့အတြက္မဟုတ္ခဲ့ဘူး။  သူနဲ႔ ႐ွမင္႐ႈ အတူတူ ဓာတ္ပုံ႐ိုက္တိုင္း သူ႕မွာ အဲဒီမ်က္လုံးေတြ အၿမဲ႐ွိတယ္။

ငါ႐ႈံးေနၿပီဆိုတာ ေသခ်ာသိတယ္။   အခြင့္မ႐ွိလို႔ ႐ႈံးမယ္ဆိုတာေသခ်ာသိေနတာေတာင္မွ  ႐ႈံးတဲ့တိုက္ပြဲကိုငါဆက္တိုက္ေနခဲ့တယ္။

ငါ့ခ်စ္သူရဲ႕ႏွလုံးသားက ငါနဲ႔ဘယ္တုန္းကမွမ႐ွိခဲ့တာဆိုေတာ့ ငါ့ရဲ႕အခ်စ္ၿပိဳင္ဘက္က အရမ္းျပင္းထန္ေနလို႔ပဲ။

႐ွမင္႐ႈ ရဲ႕ လက္႐ွိေက်ာ္ၾကားမႈက ေလာင္ယြီခ်န္ ကို တစ္ခ်က္မွ် မနိမ့္က်ခဲ့ေပ။  သို႔ေသာ္ သူက မာနႀကီးသူမဟုတ္သလို အမိုက္စားစတိုင္လဲ ဘယ္ေတာ့မွ မလုပ္ခဲ့ပါ။  သူတို႔ေလွ်ာက္ခဲ့တဲ့ လမ္းေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။  ေလာင္ယြီခ်န္က အဆိုေတာ္သက္သက္သာျဖစ္ေသာ္လည္း ႐ွမင္႐ႈကေတာ့ ႐ုပ္႐ွင္သ႐ုပ္ေဆာင္အျဖစ္သာ ဦးတည္ခဲ့တယ္။  ေလာင္ယြီခ်န္ရဲ႕  ျပင္းထန္ၿပီး လႊမ္းမိုးထားတတ္တဲ့ အမူအရာက စင္ျမင့္ေပၚေရာက္တဲ့အခါမွာ လုံး၀ကြဲထြက္သြားတယ္။ ႐ွမင္႐ႈရဲ႕  ဖန္သားျပင္ထက္က ႏူးညံ့သိမ္ေမြ႕တဲ့ 'ေဘးအိမ္ကေကာင္ေလး' ပုံရိပ္ဟာ အျပစ္မဲ့ ဆယ္ေက်ာ္သက္မိန္းကေလးမ်ားစြာကို စြဲလန္းေစခဲ့တယ္။

ယခုအခါတြင္ေတာ့ ႏူးညံ့သိမ္ေမြ႕တဲ့
  'ေဘးအိမ္က ေကာင္ေလး' ဟာ လက္႐ွိ ေဘးနား႐ွိ ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ့ ေခြးေျခခုံေပၚတြင္ ၿငိမ္သက္စြာ ထိုင္ေနၿပီး  ၀တ္စုံျပည့္၀တ္ကာ သူ႕အလုပ္သူဆက္လုပ္ေနတဲ့ celebrity ေလးကိုၾကည့္ေနပါတယ္။

တခဏခ်င္းမွာပဲ ေဆးသုတ္ထားတဲ့ နံရံေတြဟာ ခမ္းနားထည္ဝါတဲ့ နန္းေတာ္ႀကီး ျဖစ္လာၿပီး စုတ္ျပတ္ေနတဲ့ထိုင္ခုံက ပလႅင္ႀကီး ျဖစ္သြားပါတယ္။  ႐ွမင္႐ႈက  ထိုေနရာတြင္ မင္းသားေလးကဲ့သို႔ ေျပျပစ္ေသာပုံစံႏွင့္ ေအးေအးေဆးေဆး ထိုင္ေနေလတယ္။ သူ႐ိုက္ကူးခဲ့ဖူးတဲ့ ဂႏၲဝင္အ႐ွိဆုံး ႐ုပ္ျမင္သံၾကားဒရာမာထဲမွာပါတဲ့ အမ်ိဳးသမီးဇာတ္ေဆာင္ကို  ပန္း‌‌ေတြခင္းထားတဲ့အေပၚမွာ  ေစာင့္ေနသလို သူ႕မ်က္ႏွာေပၚက အျပဳံးက အျပစ္ကင္းတဲ့အျပဳံးထက္ေတာင္ ပိုေတာက္ပေနပုံပါပဲ။

ငါ့ထက္ အဆတစ္သန္း သာလြန္တဲ့သူတစ္ေယာက္...

ဒါကို အစကတည္းက သိတယ္။  သို႔ေသာ္ ယေန႔တြင္ အထူးသျဖင့္ ပိုမိုသိလာတယ္လို႔ခံစားရတယ္။

ေလာင္ယြီခ်န္ကLu De Vici ေၾကာ္ျငာအတြက္ ဓါတ္ပုံ႐ိုက္ကူးျခင္း ၿပီးဆုံးၿပီးေနာက္ သူႏွင့္ ႐ွမင္႐ႈတို႔ဟာValentine's Day ေခ်ာကလက္ေၾကာ္ျငာအတြက္ ေနာက္ထပ္ ဓာတ္ပုံ႐ိုက္ရန္ ခ်က္ျခင္း သြားၾကရတယ္။ သူတို႔ေနာက္ထပ္စတူဒီယိုကိုသြားတဲ့အခါ ႐ွမင္႐ႈက နားကပ္ကို ေလာင္ယြီခ်န္ဆီျပန္ေပးခ်င္ေနတာကိုငါျမင္လိုက္ရတယ္။

ေလာင္ယြီခ်န္က ၎ကို ဂ႐ုမစိုက္ဘဲ တစ္ခ်က္ၾကည့္ၿပီး "လႊင့္ပစ္လိုက္ေတာ့" လို႔ေျပာလိုက္တယ္။

ငါ့ႏွလုံးသားကိုဓားနဲ႔ထိုးခြဲလိုက္သလိုခံစားလိုက္ရတယ္။

လူတစ္ေယာက္ကေသၿပီးရင္ ေဝဒနာမခံစားရေတာ့ဘူးလို႔ ငါထင္ခဲ့တယ္။  အခုေတာ့လဲ မဟုတ္ျပန္ဘူး။

"မင္းဘာေျပာလိုက္တာလဲ?"

  ႐ွမင္႐ႈက သူ႕ကို စိုက္ၾကည့္ရင္း နားကပ္ကို သူ႕လက္ထဲကို တြန္းထည့္လိုက္တယ္။

"ဒါက ေ႐ွာင္ဟန္ဆီက လက္ေဆာင္" 

ေလာင္ယြီခ်န္ ကေတာ့ ဘာမွမထူးျခားေသးပါဘူး။  သို႔ေသာ္ သူက  ေငြေရာင္ အရာဝတၳဳေလးကို အမိႈက္ေတြၾကည့္သလိုၾကည့္ေနတယ္။ အဲဒီမ်က္လုံးေတြကို ငါအေၾကာက္ဆုံးပဲ။  တခဏအတြင္းမွာပင္ ငါေတာ္ေတာ္ ႐ွက္သြားမိသြားတယ္။

ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ငါ ဒီမွာ ႐ွိေနမွန္း သူ မသိသလို သူလည္း ငါ့ကိုမေတြ႕ႏိုင္ဘူးေလ။  ဒါက ငါ့အတြက္ ေကာင္းတဲ့သတင္းပဲ။

"ငါသိတယ္, မင္းစိတ္မာတယ္ဆိုတာကို ဒီနည္းနဲ႔ ျပဖို႔ မလိုပါဘူး;  ဒါက ဒီပစၥည္း ရဲ႕အျပစ္မဟုတ္ဘူးေလ,  ေငြနဲ႔လုပ္ထားတာကြ ေနာက္ၿပီးbranded ေနာ္ , ျမန္ျမန္ဝတ္လိုက္"

ငါ‌ ေတာ္ေတာ္အံ့ၾသသြားတယ္။  ႐ွမင္႐ႈက ငါနဲ႔ မတူမွန္း သိေပမဲ့ သူ႕ကို ဒီေလာက္ သေဘာထားႀကီးလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘူး။

သူကမနာလိုစိတ္မ႐ွိတာေၾကာင့္ ျဖစ္ႏိုင္သည္မွာ ႐ုပ္ဆိုးသူမဟုတ္ေသာ္လည္း ပိုလွလာမွာျဖစ္တယ္။

႐ွမင္႐ႈ ၏လက္မွနားကပ္ကိုယူၿပီးေနာက္ ေလာင္ယြီခ်န္ က အဲ့တာကို ျပတင္းေပါက္မွပစ္ခ်လိုက္တယ္။

ငန္းစုံတြဲ အတုႏွင့္ေရကန္ ဟာကုမၸဏီ၏ အျပင္ဘက္တြင္႐ွိတယ္။

ေငြေရာင္နားကပ္က ေရထဲသို႔ မနစ္ျမဳပ္မီ ေတာက္ပေသာ အဝိုင္းတစ္ခု ျဖစ္ေပၚလာတယ္။

ပိုက္ဆံကို ေရထဲပစ္ခ်လိုက္သလို ခံစားရတယ္။  အနည္းဆုံးေတာ့ သူေဌးတစ္ေယာက္လို ပိုက္ဆံျဖဳန္းတီးတာ ၾကဳံလာရတာ‌ေပါ့။။  ဒါက သိပ္မဆိုးဘူးလို႔ ထင္ပါတယ္။

"မင္းဘာလုပ္ေနတာလဲ!" 

ငါေတာင္ လန္႔မသြားဘူး။  သို႔တိုင္ ႐ွမင္႐ႈ ကေတာ့ ေဒါသထြက္လာတယ္။

"အဲဒါကိုျမင္ရတာ စိတ္မခ်မ္းသာဘူး!" 

ေလာင္ယြီခ်န္ က ဘာသိဘာသာနဲ႔ ေျပာလိုက္တယ္။  ထို႔ေနာက္ ႐ွမင္႐ႈကို လ်စ္လ်ဴ႐ႈကာ သူ႕ဘာသာသူ ထြက္သြားခဲ့တယ္။

႐ွမင္႐ႈက ဝန္ထမ္းမ်ားစြာႏွင့္ ရပ္ေနရင္း ေနာက္တြင္က်န္ရစ္ခဲ့‌ေလတယ္။

ငါ အေသခ်ာၾကည့္မိတယ္။ဘာပဲျဖစ္ျဖစ္ ငါတစ္ေယာက္တည္းမဟုတ္ဘူး။  ႐ွမင္႐ႈသာ ေလာင္ယြီခ်န္ ကို ေဒါသထြက္‌ ေစ လို႔ကေတာ့ သူလည္း ထိုကဲ့သို႔ ဆက္ဆံခံရမွာမလြဲေပ။

ဝမ္းနည္းစရာေကာင္းတာက ႐ွမင္႐ႈ ရဲ႕မ်က္ႏွာမွာ နာက်င္‌ေနတဲ့အမူအရာကို မေတြ႕ခဲ့ရပါဘူး။  သူကလည္း စိတ္ပ်က္ပုံမေပၚဘူး။  ေနာက္ဆက္တြဲသၾကားလုံးေၾကာ္ျငာအတြက္ ဓာတ္ပုံ‌ေတြမွာေတာင္ေတာက္ပစြာျပဳံးေနေသးတယ္။

ေၾကာ္ျငာရဲ႕ ေနာက္ခံမွာ ပန္းေရာင္ပူေဖာင္းေတြနဲ႔ ျပည့္ေနတဲ့ အိမ္ငယ္ေလးျဖစ္တယ္။  ႐ွမင္႐ႈနဲ႔ေလာင္ယြီခ်န္တို႔က  အနီေရာင္ လည္စည္းကို၀တ္ထားကာ Conan ဝတ္ခဲ့တာႏွင့္ေတာင္တူေနပါတယ္။ ခ်ိဳၿမိန္တဲ့သၾကားလုံးပုလင္းကို ေပြ႕ဖက္ထားပုံမွာ လိုက္ဖက္ညီလွတယ္။  ေႏြးေထြးေသာ ပန္းေရာင္အလင္းေရာင္ေအာက္တြင္ ႐ွမင္႐ႈ၏ လွပၿပီး သိမ္ေမြ႕ေသာ မ်က္ႏွာဟာ သစ္သီးကဲ့သို႔ ႏူးညံ့‌ ေနတယ္။  မေမွ်ာ္လင့္ဘဲ ေလာင္ယြီခ်န္ကလည်းအနည္းငယ္ ခ်စ္ဖို႔ေကာင္းေနပါတယ္။

ထိုေၾကာ္ညာကိုတင္သြင္းျပသတဲ့အခါမွာ တရားဝင္ဝဘ္ဆိုဒ္တြင္ "ဒီလိုခ်စ္စရာေကာင္းတဲ့ႏွစ္‌ ‌‌ေယာက္" ဟုမွတ္ခ်က္ေပးသူမ်ားႏွင့္ျပည့္လွ်ံေနလိမ့္မွာမလြဲ‌ ေပ။

သူတို႔ၾကည့္ရတာ တကယ္လိုက္ဖက္ပါတယ္။

႐ုပ္ရည္သိပ္မေကာင္းတဲ့သူႏွင့္ ႏုပ်ိဳတဲ့ပုံစံနဲ႔ ငါ့ၾကားမွာ ထူးျခားတဲ့ ကြာျခားခ်က္တစ္ခု႐ွိပါတယ္။

တကယ္ေတာ့ ေလာင္ယြီခ်န္နဲ႔မေတြ႕ခင္မွာ ငါ့ကိုယ္ငါ "ေခ်ာေမာတယ္" လို႔ထင္ခဲ့တာ။  သူနဲ႔ေတြ႕ၿပီးသြား‌ေတာ့ငါ အျမန္႐ႈံးတယ္။  ေနာက္ေတာ့ ႐ွမင္႐ႈနဲ႔ေတြ႕တယ္။  ငါက သူ႕ေလာက္ ႐ုပ္မ‌ေခ်ာဘူးလို႔ ခံစားမိေပမယ့္ငါက ပိုေယာက်္ားပီသၿပီး သူ႕ထက္ ပိုဆြဲ‌ ေဆာင္မႈ႐ွိတယ္။  သို႔ေသာ္ ရာႏွင့္ခ်ီေသာ ပရိသတ္‌ေတြႏွင့္ ေလာင္ယြီခ်န္က ထိုသို႔မထင္မွတ္ထားတာမွာအထင္႐ွားပဲ။

ကိုယ့္ကိုကိုယ္ တျခားသူေတြနဲ႔ ႏိႈင္းယွဥ္ မိရင္ ကိုယ့္ကိုကိုယ္ ေဒါသျဖစ္မယ္။

ငါ့ဘ၀ကဒီ‌ေလာက္နဲ႔ၿပီးခဲ့တာ..,..

ဓါတ္ပုံ႐ိုက္ၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ လူသိ႐ွင္ၾကားေၾကျငာဖို႔ အေျပးအလႊားသြားခဲ့ရပါတယ္။  သူတို႔ႏွစ္ေယာက္ တရားဝင္အတြဲျဖစ္ၿပီးကတည္းက ပ႐ိုဂရမ္မ်ားစြာကို အတူတကြ တက္ေရာက္ခဲ့တယ္။  ဟုတ္ပါတယ္!ဒီေန႔ ေလာင္ယြီခ်န္ ရဲ႕ နားဗလာကို အာ႐ုံစူးစိုက္မႈ႐ွိတဲ့ အိမ္႐ွင္အမ်ိဳးသမီးရဲ႕ ေမးခြန္းေတြကို ၾကားခဲ့ပါတယ္။  ပြဲတစ္ခုလုံးတြင္ ေလာင္ယြီခ်န္ ရဲ႕မ်က္ႏွာဟာ သူဘယ္မွာ႐ွိ‌ေနတာကို‌ ေတာင္ ဂ႐ုမစိုက္ဘဲ မည္းေမွာင္ေနေလတယ္။ 

ညေရာက္တဲ့အခါတြင္ သူတို႔ႏွစ္ဦးဟာ တစ္ေနကုန္ အလုပ္ၿပီးသြားၿပီျဖစ္လို႔ ကားပါကင္သို႔ အတူတူ လမ္းေလွ်ာက္ခဲ့ၾကတ
ယ္။  ႐ွမင္႐ႈက ေလာင္ယြီခ်န္ရဲ႕ ကားေ႐ွ႕lover seat ဆီတံခါးဖြင့္ကာ အထဲသို႔ ဝင္ထိုင္လိုက္တယ္။

အင္း....ဒါက မေမွ်ာ္လင့္ထားပါဘူး။  ငါက ငါတို႔“အိမ္” ကေန ရက္အေတာ္ၾကာထြက္သြားခဲ့ၿပီပဲ။

ငါ ထြက္သြားကတည္းက႐ွမင္႐ႈ ဝင္လာတာ ပုံမွန္ပါပဲ။

“ေဟာင္းမသြားရင္  အသစ္မလာဘူး” ဆိုတဲ့ နိယာမကို တင္းတင္းၾကပ္ၾကပ္ လက္ကိုင္ထားၿပီး ငါ အေဝးကို မသြားခ်င္ဘူး။

အခုခ်ိန္မွာ အရံဇာတ္ေကာင္က ေနာက္ဆုံးေတာ့ ေပ်ာက္ကြယ္သြားၿပီး ဇာတ္လမ္းဆက္ဖို႔ အဓိကဇာတ္ေကာင္ရဲ႕ အခ်ိန္ပါပဲ။

ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ႏွစ္ေယာက္တြဲေနတဲ့သတင္းေတြ ေပါက္ၾကားသြားခဲ့ရင္ ပရိသတ္ေတြကို ပိုၿပီးအ႐ူးအမူးျဖစ္ေစမွာပါ။  ဒါဟာ သူနဲ႔ အတူ႐ွိေနတယ္ဆိုတဲ့အခ်က္ကို လုံးလုံးလ်ားလ်ား ဖုံးကြယ္ထားရတဲ့ ငါနဲ႔ သိသိသာသာ ကြာျခားခ်က္ပါပဲ။

ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုရဲ႕ ဒါ႐ိုက္တာႏွင့္ အႏုပညာ႐ွင္တစ္ဦးတို႔ တြဲေနၾကတယ္ ဆိုတာ မျဖစ္သင္တဲ့ အရာတစ္ခုပဲ။

"ေဟ့ !နားကပ္ကိစၥ မၿပီးေသးဘူး"   

ငါ စိတ္ေအးေအးထားၿပီး ေတြးေတာဖို႔ ခဏေလာက္ လိုအပ္တယ္လို႔ ေတြးလိုက္တုန္း ႐ွမင္႐ႈေျပာတာကို ၾကားလိုက္ရတယ္။

ေလာင္ယြီခ်န္ ရဲ႕မ်က္ႏွာကို ျမင္လိုက္ရ‌ ေတာ့ဒါက ေဒါသျဖစ္ေတာ့မယ့္ သတိေပးလကၡဏာပဲလို႔ ထင္ခဲ့တယ္။  ဒီလိုအခ်ိန္မ်ိဳးမွာ စကားေျပာတာကို ရပ္လိုက္တာပိုေကာင္းမယ္။

"ေ႐ွာင္ဟန္ကို ဘာလို႔ အရမ္းမုန္းတာလဲ"  မ်က္ေတာင္မခတ္ပဲ ႐ွမင္႐ႈ က ဆက္ေမးသည္။

႐ွမင္႐ႈက ငါ့အတြက္ ေျပာေနပုံရေပမယ့္ သူ ပ်ားအုံကို သြားထိရင္ေတာ့ငါ တာဝန္ယူမွာ မဟုတ္ဘူး။  ဒါေၾကာင့္ ဒရာမာခ်ိဳးမယ့္အခ်ိန္ကို ေစာင့္‌ ေနမိတယ္။  သူ႕အ႐ိုက္ခံရတာကို ေစာင့္ေနခဲ့တယ္။

ေနာက္ဆုံးေတာ့ ေလာင္ယြီခ်န္ က သူ႕ကို ေအးေအးေဆးေဆး တိတ္တိတ္ေနခိုင္းတယ္။  ေလာင္ယြီခ်န္က ဒီစကားကိုေျပာဖို႔ သူ႕သည္းခံႏိုင္စြမ္းေတြ အားလုံးကို အသုံးျပဳခဲ့တယ္ လို႔ငါ အတပ္ေျပာႏိုင္တယ္။

ငါသာဆိုရင္ ဒီတားျမစ္ခ်က္ေမးခြန္းေတြကို ထပ္ခါတလဲလဲ ေမးတဲ့အတြက္ အ႐ိုက္ခံရတာျဖစ္ႏိုင္ပါတယ္။

ငါ အသက္႐ွင္ေနစဥ္က တကယ္ကို သနားစရာေကာင္းတယ္။  အ႐ိုက္ခံရတာက သာမာန္ကိစၥတစ္ခုလိုပါပဲ။

တခါတရံမွာ ဒဏ္ရာေတြက အရမ္းျပင္းထန္လို႔ ေဆး႐ုံတက္ရတာမ်ိဳးထိပါျဖစ္ဖူးတယ္။

အခု ေတြးၾကည့္ေတာ့ ငါအသက္႐ွင္ခဲ့တဲ့ ေန႔ရက္ေတြက အခုထက္ေတာင္ ပိုဆိုး‌ ေသးတယ္။

ဒါေပမယ့္လဲ မစၥတာ ႐ွမင္႐ႈက ေလာင္ယြီခ်န္ကို ကို ေကာင္းစြာနားမလည္ခဲ့ပုံရတယ္။

သူ ေအးေအးေဆးေဆးမေနပဲ

“ ေလာင္ယြီခ်န္, ေက်းဇူးျပဳၿပီး ငါ့ကိုမွန္မွန္ေျပာ..  မင္းတို႔ႏွစ္ေယာက္ၾကားက ကိစၥေတြကို ငါသိတယ္။  မင္းကိုေစာင့္ေ႐ွာက္ဖို႔ မသင့္ေတာ္တဲ့နည္းလမ္းေတြသုံးၿပီး သူမွားခဲ့တာလဲ ငါသိတယ္။  ဒါေပမယ့္ လဲသူက မင္းကို လက္လႊတ္ထားၿပီးသား‌ေလ, အနည္းဆုံးေတာ့ မင္းသူ႕ကို ရန္ၿငိဳးမထားႏိုင္ပဲမေနႏိုင္ဘူးလား?"

ငါ ဒါကိုၾကားလိုက္ရေတာ့ အံ့ဩသြားတယ္။  ေနာက္ေတာ့ မရယ္ႏိုင္ေတာ့ဘူး။  ေ႐ွာင္ဟန္, မင္းက အရမ္းသနားစရာေကာင္းတာပဲ။ မင္းရဲ႕ၿပိဳင္ဖက္ကေတာင္ မင္းကိုသနားတယ္။ 

ငါ  ရယ္ၿပီးရင္ ျပန္ေတြး‌ ေနမိတယ္။

႐ွမင္႐ႈဟာ လူေကာင္းတစ္ေယာက္ဆိုတာ ငါသိခဲ့တာၾကာပါၿပီ။  ငါလည္း သူ႕ကို သိေနတာၾကာၿပီ။  ဒါေပမယ့္ေလာင္ယြီခ်န္ ေၾကာင့္ သူ႕ကို သူငယ္ခ်င္းအျဖစ္ မဆက္ဆံႏိုင္ခဲ့ပါဘူး။  အေၾကာင္းရင္းကို မသိေသာ္လည္း သူက သူငယ္ခ်င္းျဖစ္ရန္ အတတ္ႏိုင္ဆုံး ႀကိဳးစား‌ ေန ေသးတယ္။  သူက ငါ့ကို ေႏြးေထြးစြာ ဆက္ဆံၿပီး ကူညီဖို႔ အၿမဲႀကိဳးစားတယ္။  သို႔ေပမယ့္ ငါ သူ႕ကို လက္မခံႏိုင္ဘူး။  ငါလိုအပ္တဲ့ အေရးႀကီးဆုံးအရာကလြဲလို႔ အရာအားလုံးကို သူကကူညီေပးႏိုင္တယ္။

သူက ေလာင္ယြီခ်န္ ကို ငါ့ဆီ ေပးႏိုင္ပါ့မလား? သူမေပးႏိုင္ဘူး!

ဒါ့ေၾကာင့္ ငါကသူ႕ကို မနာလို၍ မုန္းတီးခဲ့တယ္။

အံ့ၾသစရာေကာင္းတာက ေလာင္ယြီခ်န္ တိတ္ဆိတ္သြားတယ္။  သူ႕အမူအရာ ေျပာင္းလဲေနတာကို ျမင္ေတာ့ ငါ ရယ္မိျပန္တယ္။  ၾကမ္းတမ္းၿပီး မာနႀကီးတဲ့ေလာင္ယြီခ်န္ မွာလည္း ႐ႈံးနိမ့္ခဲ့ရသည့္အခ်ိန္မ်ား ႐ွိပုံရတာေပါ့။ ငါ သက္ျပင္းခ်လိုက္မိတယ္။႐ွမင္႐ႈ 
  ႏွင့္ ငါက အေျခခံအားျဖင့္ မတူညီေသာအဆင့္တြင္႐ွိ‌‌ ေနခဲ့တာပဲ။  ေလာင္ယြီခ်န္ ကို စိတ္မ‌ေက်မနပ္ျဖစ္‌ ေအာင္လုပ္ၿပီးသူက ေ႐ွ႕ထိုင္ခုံတြင္ အေႏွာင့္အယွက္ကင္းစြာ ထိုင္ေနႏိုင္ေသးတယ္။  ငါသာဆိုရင္‌ေလာင္ယြီခ်န္က ငါ့ကို ကားထဲက ခ်က္ျခင္းေမာင္းထုတ္ၿပီး သနားစရာေကာင္းေလာက္ေအာင္ တစ္ေယာက္တည္း အိမ္ျပန္ရလိမ့္မယ္။

ယခုမူ သူက သက္ျပင္း႐ွည္ႀကီးသာ ခ်လိုက္ၿပီး ကားကို ဆက္ေမာင္းသြားခဲ့တယ္။

Fortsæt med at læse

You'll Also Like

1.3M 93.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.8M 303K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
210K 35.4K 94
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
680K 41.8K 30
A love contest between a boy who likes to kick football and a little doctor.