UNICODE
"လမ်းပျောက်သူတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးခြင်း"
ငါက သူ့ဆီမှာတွယ်ကပ်နေတာပေါ့။ ဒါကိုဘယ်လိုပြောရမလဲ? ကမ္ဘာမြေကြီး ဝိညာဉ်လား?
လုပ်ထုံးလုပ်နည်းေတွမှာ တစ်စုံတစ်ခု ချို့ယွင်း သွားတာဖြစ်နိုင်တယ်။ ဟုတ်တယ်! ဖြစ်နိုင်တယ်။ ငါ့ရဲ့အခြေအနေက "Ghost" ဇာတ်လမ်းနဲ့တူတယ် ။ငါ့နောက်မှာ ကောင်းကင်ကိုသွားဖို့တံခါးဖွင့်ထားပေမယ့် အဲဒါကို ငါမမြင်လိုက်ရဘူး။
ဒါမှမဟုတ် အဖြူအမည်း မမြဲခြင်းတရားက ဒီနေ့ အလုပ်ရှုပ်နေပြီး ငါ့ကို ဒီမှာ မတော်တဆ ထားခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။
ဒါမှမဟုတ် သူ့ကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူ့အပေါ်စွဲလမ်းမှုတွေပြည့်နှက်နေပြီး
ထားခဲ့ဖို့ကိုစိတ်မချဖြစ်နေခဲ့တာပဲ။
ငါမသိတော့ဘူး!
တဖြည်းဖြည်း ပိုပိုပြီး နားလည်လာတဲ့အခါမှာ ငါက သူ့ဘေးမှာ မျောလွင့်နေပြီ။ မျောလွင့်တာလို့ ငါ့ကိုယ်ငါ ဖော်ပြဖို့အတွက် အမှန်တကယ် တိကျတဲ့ စကားေတာ့မဟုတ်ပေ။ ငါ့ခန္ဓာကိုယ်က အရမ်းပေါ့ပါးနေပေမယ့် ငါ့ခြေထောက်တွေက ငါအသက်ရှင်နေသေးသလိုမျိုး မြေကြီးနဲ့ထိနေတုန်းပဲ။
ထုံးစံအတိုင်း သူက ငါ့ကို မမြင်နိုင်ဘူး။ ငါ့ဖြစ်တည်မှုကိုလည်း သူမသိခဲ့ဘူး။ သို့ပေမယ်လည်း သူပြောင်းသွားမယ်ဆိုရင် ငါလဲ သူနှင့်အတူ ဆွဲထုတ်ခံရမှာဖြစ်တယ်။
ငါခန့်မှန်းကြည့်ရသလောက် သူနဲ့ အဝေးဆုံးသွားနိုင်တဲ့ အကွာဝေးက သူ့ဆီကနေ သုံးမီတာ အကွာအဝေးထိပဲ!
အမှန်တော့ ငါ ပထမဆုံး သတိဝင်လာတာက စောစောကပါပဲ။ ငါကားထဲကို ရောက်နေမှန်း ရုတ်တရက် သိလိုက်ရချိန်မှာ သူက မောပန်းနေတဲ့ မျက်နှာနဲ့ ကားနောက်ခုံမှာ ထိုင်နေတယ်။ သူ့မှာ အလုပ်ချိန်တွေပြည့်နေတာပဲလို့ ငါပြောနိုင်တယ်။
နာမည်ကြီးတစ်ယောက်ဖြစ်ဖို့ အရမ်းခက်ခဲတယ်။
လက်ကို ဆန့်လိုက်ေပမယ့် မထိနိုင်ဘူး။
နောက်တော့ ငါ သူ့နောက်ကို လိုက်ခဲ့ရင်းရင်းနှီးရတဲ့ေနရာလေးဆီ ပြန်သွားခဲ့တယ်။
လိုက်ကာတွေကအရင်တိုင်းပဲ။ ၎င်းပေါ်မှာ အဝါရောင် ပန်းဖွားများ နှင့် ချစ်စရာ ဘဲများ ရိုက်နှိပ်ထားသည်မှာ အမြင်မတော်ပေ။ အဲ့ဒါကို ငါ ချိတ်ဆွဲထားခဲ့ပေမယ့် ဇိမ်ကျကျ ရိုးရိုးရှင်းရှင်းကြည့်ေကာင်းေနတဲ့ အခန်းနှင့် မည်သို့မျှ မလိုက်ဖက်ဘူး။
အခန်းဖွဲ့စည်းပုံကတော့ သိပ်ပြီးမပြောင်းလဲပါဘူး။
ဒါပေမယ့် စားပွဲအပေါ်က ဓာတ်ပုံဘောင်ထဲမှာတော့ နေကြာပန်းကို မှင်တက်စွာကြည့်ရင်း သူနဲ့နီးကပ်နေတဲ့ ငါ့ပုံမဟုတ်တော့ဘူး။ သူကတခြားသူနဲ့ ပုံကိုပြောင်းထားတယ်။ ပုံထဲမှာတော့ တောက်ပပြီး လှပတဲ့သူတစ်ယောက်ဟာ kitty ၀တ်စုံကို ၀တ်ထားပြီး တောက်ပစွာ ပြုံးနေခဲ့ပါတယ်။ သူကတော့ doggy အ၀တ်အစားကို ၀တ်ဆင်ထားပေမယ့် အရပ်ရှည်ပြီး ချောမောနေတုန်းပါပဲ။ သူ့မျက်နှာက အေးစက်နေပေမယ့် ဖော်ထုတ်ရခက်တဲ့ နွေးထွေးမှုအရိပ်အယောင်တွေ ရှိနေပါသေးတယ်။
ဒီလိုဖြစ်လာမယ်ဆိုတာကို ငါသိထားပြီးသားဖြစ်ပေမယ့် အခု အဲဒါကိုမြင်တော့ စိတ်မကောင်းဖြစ်နေတုန်းပဲ။
သူတို့နှစ်ယောက်လုံးက နာမည်ကြီး အနုပညာရှင်တွေ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြရုံတင်မကဘဲ ကုမ္ပဏီကလည်း တရားဝင်တွဲဖက် ပေးတဲ့စုံတွဲလဲဖြစ်သေးတယ်။ သူတို့မှာ ပရိသတ်တွေ အများကြီးလဲရှိတယ်။ နေ့တိုင်းေန့တိုင်း ချစ်ခင်အားပေးတဲ့ ပရိသတ်အများအပြားက သူတို့နှစ်ယောက်ရဲ့ တရားဝင်ဝဘ်ဆိုဒ်နှင့် ဘလော့ဂ်တွေဆီကို ဆုတောင်းစာတွေ ပို့ပေးကြတယ်။
သူလှည့်ကြည့်လိုက်ရုံနဲ့ မျက်လုံးတွေမှေး မှိန်သွားရလိမ့်မယ်။
ဒီမြင်ကွင်းကိုမြင်တိုင်း ငါ ခုန်ပေါက်ပြီး အော်ဟစ်ပစ်လိုက်ချင်တယ်။
"နောက်ဆယ်နှစ်မှာ လောင်ယွီချန် က ငါအပိုင်! ရှောင်ဟန် ရဲ့အပိုင်ဖြစ်လိမ့်မယ်!"
အခုပြန်တွေးကြည့်တော့ ဝတ္ထုတိုင်းထဲက အမုန်းခံရတဲ့ ဒုတိယအမျိုးသမီးဇာတ်ဆောင် (ဗီလိန်) နဲ့ ငါက တူနေသလိုပဲ။
(Sorry, များသောအားဖြင့် လူတွေက ဒုတိယအမျိုးသားဇာတ်ဆောင်ကို သဘောကျပေမယ့် ဒုတိယအမျိုးသမီးဇာတ်ဆောင်ကိုတော့ အမြဲမုန်းတီးတတ်ကြတယ်လေ။ပြသနာရှာသူတစ်ယောက်က စုံတွဲတွေကြားက ချစ်ခြင်းမေတ္တာကို နှောင့်ယှက်ပြီးတော့ သူနဲ့ ထိုက်တန်တဲ့ ဆိုးရွားတဲ့အဆုံးသတ်ကို ရခဲ့သလိုပဲပေါ့)
အဆုံးမှာတော့ အဓိကစုံတွဲရဲ့ ပျော်ရွှင်မှုကို ဟန့်တားတဲ့ လူဆိုးတစ်ယောက်အဖြစ် ဆိုးရွားတဲ့ အဆုံးသတ်ကို ငါရခဲ့တယ်။
ငါအတင်းအကျပ်တိုက်တွန်းလို့ချိတ်ထားရတဲ့ နံရံပေါ်က ကြီးမားပြီးခမ်းနားတဲ့သူ့ရဲ့ ပိုစတာကြီးကိုလဲသူကဖယ်ရှားပစ်လိုက်ပြီဆိုတာကို ငါသတိထားမိတယ်။
အဲ့တာတွေကိုသူ ဘယ်မှာ ပစ်ထားလဲတော့ငါ မသိဘူး။ ငါအဲ့တာကိုအရမ်း တန်ဖိုးထားမြတ်နိုးခဲ့တာ။
စိတ်မရှိပါနဲ့! ငါဘာလို့ဒီ အကြောင်းတွေကိုဇာချဲ့မိပြီးရေးကြီးခွင်ကျယ်လုပ်နေရတာလဲ?
သူ ရေချိုးခန်းထဲဝင်သွားပြီး ရေချိုးနေတာကို ငါခိုးကြည့်မိတယ်။ သုံးမီတာပတ်လည် နယ်နိမိတ်ကြောင့် ကိုယ့်ကိုယ်ကို အရှက်မရှိ တော့သလိုလဲခံစားရတယ်။
ဖန်သားပြင်က ရေငွေ့ရိုက်လို့ မှုန်ဝါးသွားတာကြောင့် သူ့ရဲ့ အရပ်ရှည်ရှည်နဲ့ လှပပြီး ကောင်းမွန်စွာ သေချာတည်ဆောက်ထားတဲ့ ပုံပန်းသဏ္ဍာန်ကို ငါ ဝိုးတိုးဝါးတားသာမြင်နိုင်တယ်။
အခုချိန်ထိ ငါသူ့ကိုကြည့်ချင်နေသေးတယ်။ ငါက သူ့ကို အရမ်းစွဲလမ်းနေတာကြောင့် သူ့ပတ်၀န်းကျင်က တစ္ဆေ ဖြစ်သွားတာဖြစ်နိုင်တယ်။
ငါသေပြီးရင် လွတ်မြောက်နိုင်မယ်လို့ ထင်ခဲ့တယ်။
ငါ့အမှားတွေကနေမသင်ယူနိုင်ခဲ့ဘူး။ ငါသေပြီးနောက်မှာတောင် ငါ့နှလုံးသားက သူနဲ့အတူရှိနေခဲ့တယ်!
ဒါကသိပ်မဆိုးပါဘူး! ငါသေပြီးပြီမို့ သူကငါ့ဆီကနေ ဘာမှတောင်းလို့ ,မေးလို့ မရေတာ့ဘူး။
ငါ့ကိုယ်ငါ နိမ့်ကျအောင်အတင်းအကျပ်တိုက်တွန်းလို့မရသလို သူ့ကိုယ်သူမြင့်မြတ်အောင်လို့လဲ တွန်းအားပေးလို့မရတော့ဘူး။
ဝိညာဉ်က အိပ်စက်ရန် မလိုအပ်ပေ။
ဒါ့ကြောင့် သူအိပ်သည့်အခါတိုင်း ငါ သူ့ကို လောဘကြီးစွာ ကြည့်နေမိတယ်။ သူ့ကို မထိလဲမထိနိုင် ပွေ့ဖက်လို့ လဲမရတာေကြာင့် သူ့ကို လောဘကြီးစွာ ပဲ ကြည့်နေမိတယ်။ ဒီလောက်နဲ့တင်ကျေနပ်ရတယ်လေ။
ငါတကယ်ကို ကုသဖို့အတွက် ကျော်လွန်နေပြီလား?
ဆယ်နှစ်တောင်ရှိနေပြီ။
ကျေနပ်နေရမယ်။
ZAWGYI
"လမ္းေပ်ာက္သူတစ္ေယာက္ရဲ႕ ၀မ္းနည္းပူေဆြးျခင္း"
ငါက သူ႕ဆီမွာတြယ္ကပ္ေနတာေပါ့။ ဒါကိုဘယ္လိုေျပာရမလဲ? ကမ႓ာေျမႀကီး ဝိညာဥ္လား?
လုပ္ထုံးလုပ္နည္းေတြမွာ တစ္စုံတစ္ခု ခ်ိဳ႕ယြင္း သြားတာျဖစ္ႏိုင္တယ္။ ဟုတ္တယ္! ျဖစ္ႏိုင္တယ္။ ငါ့ရဲ႕အေျခအေနက "Ghost" ဇာတ္လမ္းနဲ႔တူတယ္ ။ငါ့ေနာက္မွာ ေကာင္းကင္ကိုသြားဖို႔တံခါးဖြင့္ထားေပမယ့္ အဲဒါကို ငါမျမင္လိုက္ရဘူး။
ဒါမွမဟုတ္ အျဖဴအမည္း မၿမဲျခင္းတရားက ဒီေန႔ အလုပ္႐ႈပ္ေနၿပီး ငါ့ကို ဒီမွာ မေတာ္တဆ ထားခဲ့တာလည္းျဖစ္ေကာင္းျဖစ္ႏိုင္တယ္။
ဒါမွမဟုတ္ သူ႕ကို ဂ႐ုမစိုက္ဘူးလို႔ ထင္ခဲ့ေပမဲ့ တကယ္တမ္းက်ေတာ့ သူ႕အေပၚစြဲလမ္းမႈေတြျပည့္ႏွက္ေနၿပီး
ထားခဲ့ဖို႔ကိုစိတ္မခ်ျဖစ္ေနခဲ့တာပဲ။
ငါမသိေတာ့ဘူး!
တျဖည္းျဖည္း ပိုပိုၿပီး နားလည္လာတဲ့အခါမွာ ငါက သူ႕ေဘးမွာ ေမ်ာလြင့္ေနၿပီ။ ေမ်ာလြင့္တာလို႔ ငါ့ကိုယ္ငါ ေဖာ္ျပဖို႔အတြက္ အမွန္တကယ္ တိက်တဲ့ စကားေတာ့မဟုတ္ေပ။ ငါ့ခႏၶာကိုယ္က အရမ္းေပါ့ပါးေနေပမယ့္ ငါ့ေျခေထာက္ေတြက ငါအသက္႐ွင္ေနေသးသလိုမ်ိဳး ေျမႀကီးနဲ႔ထိေနတုန္းပဲ။
ထုံးစံအတိုင္း သူက ငါ့ကို မျမင္ႏိုင္ဘူး။ ငါ့ျဖစ္တည္မႈကိုလည္း သူမသိခဲ့ဘူး။ သို႔ေပမယ္လည္း သူေျပာင္းသြားမယ္ဆိုရင္ ငါလဲ သူႏွင့္အတူ ဆြဲထုတ္ခံရမွာျဖစ္တယ္။
ငါခန္႔မွန္းၾကည့္ရသေလာက္ သူနဲ႔ အေဝးဆုံးသြားႏိုင္တဲ့ အကြာေဝးက သူ႕ဆီကေန သုံးမီတာ အကြာအေဝးထိပဲ!
အမွန္ေတာ့ ငါ ပထမဆုံး သတိဝင္လာတာက ေစာေစာကပါပဲ။ ငါကားထဲကို ေရာက္ေနမွန္း ႐ုတ္တရက္ သိလိုက္ရခ်ိန္မွာ သူက ေမာပန္းေနတဲ့ မ်က္ႏွာနဲ႔ ကားေနာက္ခုံမွာ ထိုင္ေနတယ္။ သူ႕မွာ အလုပ္ခ်ိန္ေတြျပည့္ေနတာပဲလို႔ ငါေျပာႏိုင္တယ္။
နာမည္ႀကီးတစ္ေယာက္ျဖစ္ဖို႔ အရမ္းခက္ခဲတယ္။
လက္ကို ဆန္႔လိုက္ေပမယ့္ မထိႏိုင္ဘူး။
ေနာက္ေတာ့ ငါ သူ႕ေနာက္ကို လိုက္ခဲ့ရင္းရင္းႏွီးရတဲ့ေနရာေလးဆီ ျပန္သြားခဲ့တယ္။
လိုက္ကာေတြကအရင္တိုင္းပဲ။ ၎ေပၚမွာ အဝါေရာင္ ပန္းဖြားမ်ား ႏွင့္ ခ်စ္စရာ ဘဲမ်ား ႐ိုက္ႏွိပ္ထားသည္မွာ အျမင္မေတာ္ေပ။ အဲ့ဒါကို ငါ ခ်ိတ္ဆြဲထားခဲ့ေပမယ့္ ဇိမ္က်က် ႐ိုး႐ိုး႐ွင္း႐ွင္းၾကည့္ေကာင္းေနတဲ့ အခန္းႏွင့္ မည္သို႔မွ် မလိုက္ဖက္ဘူး။
အခန္းဖြဲ႕စည္းပုံကေတာ့ သိပ္ၿပီးမေျပာင္းလဲပါဘူး။
ဒါေပမယ့္ စားပြဲအေပၚက ဓာတ္ပုံေဘာင္ထဲမွာေတာ့ ေနၾကာပန္းကို မွင္တက္စြာၾကည့္ရင္း သူနဲ႔နီးကပ္ေနတဲ့ ငါ့ပုံမဟုတ္ေတာ့ဘူး။ သူကတျခားသူနဲ႔ ပုံကိုေျပာင္းထားတယ္။ ပုံထဲမွာေတာ့ ေတာက္ပၿပီး လွပတဲ့သူတစ္ေယာက္ဟာ kitty ၀တ္စုံကို ၀တ္ထားၿပီး ေတာက္ပစြာ ျပဳံးေနခဲ့ပါတယ္။ သူကေတာ့ doggy အ၀တ္အစားကို ၀တ္ဆင္ထားေပမယ့္ အရပ္႐ွည္ၿပီး ေခ်ာေမာေနတုန္းပါပဲ။ သူ႕မ်က္ႏွာက ေအးစက္ေနေပမယ့္ ေဖာ္ထုတ္ရခက္တဲ့ ေႏြးေထြးမႈအရိပ္အေယာင္ေတြ ႐ွိေနပါေသးတယ္။
ဒီလိုျဖစ္လာမယ္ဆိုတာကို ငါသိထားၿပီးသားျဖစ္ေပမယ့္ အခု အဲဒါကိုျမင္ေတာ့ စိတ္မေကာင္းျဖစ္ေနတုန္းပဲ။
သူတို႔ႏွစ္ေယာက္လုံးက နာမည္ႀကီး အႏုပညာ႐ွင္ေတြ။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခဲ့ၾက႐ုံတင္မကဘဲ ကုမၸဏီကလည္း တရားဝင္တြဲဖက္ ေပးတဲ့စုံတြဲလဲျဖစ္ေသးတယ္။ သူတို႔မွာ ပရိသတ္ေတြ အမ်ားႀကီးလဲ႐ွိတယ္။ ေန႔တိုင္းေန႔တိုင္း ခ်စ္ခင္အားေပးတဲ့ ပရိသတ္အမ်ားအျပားက သူတို႔ႏွစ္ေယာက္ရဲ႕ တရားဝင္ဝဘ္ဆိုဒ္ႏွင့္ ဘေလာ့ဂ္ေတြဆီကို ဆုေတာင္းစာေတြ ပို႔ေပးၾကတယ္။
သူလွည့္ၾကည့္လိုက္႐ုံနဲ႔ မ်က္လုံးေတြေမွး မွိန္သြားရလိမ့္မယ္။
ဒီျမင္ကြင္းကိုျမင္တိုင္း ငါ ခုန္ေပါက္ၿပီး ေအာ္ဟစ္ပစ္လိုက္ခ်င္တယ္။
"ေနာက္ဆယ္ႏွစ္မွာ ေလာင္ယြီခ်န္ က ငါအပိုင္! ေ႐ွာင္ဟန္ ရဲ႕အပိုင္ျဖစ္လိမ့္မယ္!"
အခုျပန္ေတြးၾကည့္ေတာ့ ဝတၳဳတိုင္းထဲက အမုန္းခံရတဲ့ ဒုတိယအမ်ိဳးသမီးဇာတ္ေဆာင္ (ဗီလိန္) နဲ႔ ငါက တူေနသလိုပဲ။
(Sorry, မ်ားေသာအားျဖင့္ လူေတြက ဒုတိယအမ်ိဳးသားဇာတ္ေဆာင္ကို သေဘာက်ေပမယ့္ ဒုတိယအမ်ိဳးသမီးဇာတ္ေဆာင္ကိုေတာ့ အၿမဲမုန္းတီးတတ္ၾကတယ္ေလ။ျပသနာ႐ွာသူတစ္ေယာက္က စုံတြဲေတြၾကားက ခ်စ္ျခင္းေမတၱာကို ေႏွာင့္ယွက္ၿပီးေတာ့ သူနဲ႔ ထိုက္တန္တဲ့ ဆိုး႐ြားတဲ့အဆုံးသတ္ကို ရခဲ့သလိုပဲေပါ့)
အဆုံးမွာေတာ့ အဓိကစုံတြဲရဲ႕ ေပ်ာ္႐ႊင္မႈကို ဟန္႔တားတဲ့ လူဆိုးတစ္ေယာက္အျဖစ္ ဆိုး႐ြားတဲ့ အဆုံးသတ္ကို ငါရခဲ့တယ္။
ငါအတင္းအက်ပ္တိုက္တြန္းလို႔ခ်ိတ္ထားရတဲ့ နံရံေပၚက ႀကီးမားၿပီးခမ္းနားတဲ့သူ႕ရဲ႕ ပိုစတာႀကီးကိုလဲသူကဖယ္႐ွားပစ္လိုက္ၿပီဆိုတာကို ငါသတိထားမိတယ္။
အဲ့တာေတြကိုသူ ဘယ္မွာ ပစ္ထားလဲေတာ့ငါ မသိဘူး။ ငါအဲ့တာကိုအရမ္း တန္ဖိုးထားျမတ္ႏိုးခဲ့တာ။
စိတ္မ႐ွိပါနဲ႔! ငါဘာလို႔ဒီ အေၾကာင္းေတြကိုဇာခ်ဲ႕မိၿပီးေရးႀကီးခြင္က်ယ္လုပ္ေနရတာလဲ?
သူ ေရခ်ိဳးခန္းထဲဝင္သြားၿပီး ေရခ်ိဳးေနတာကို ငါခိုးၾကည့္မိတယ္။ သုံးမီတာပတ္လည္ နယ္နိမိတ္ေၾကာင့္ ကိုယ့္ကိုယ္ကို အ႐ွက္မ႐ွိ ေတာ့သလိုလဲခံစားရတယ္။
ဖန္သားျပင္က ေရေငြ႕႐ိုက္လို႔ မႈန္ဝါးသြားတာေၾကာင့္ သူ႕ရဲ႕ အရပ္႐ွည္႐ွည္နဲ႔ လွပၿပီး ေကာင္းမြန္စြာ ေသခ်ာတည္ေဆာက္ထားတဲ့ ပုံပန္းသ႑ာန္ကို ငါ ဝိုးတိုးဝါးတားသာျမင္ႏိုင္တယ္။
အခုခ်ိန္ထိ ငါသူ႕ကိုၾကည့္ခ်င္ေနေသးတယ္။ ငါက သူ႕ကို အရမ္းစြဲလမ္းေနတာေၾကာင့္ သူ႕ပတ္၀န္းက်င္က တေစၧ ျဖစ္သြားတာျဖစ္ႏိုင္တယ္။
ငါေသၿပီးရင္ လြတ္ေျမာက္ႏိုင္မယ္လို႔ ထင္ခဲ့တယ္။
ငါ့အမွားေတြကေနမသင္ယူႏိုင္ခဲ့ဘူး။ ငါေသၿပီးေနာက္မွာေတာင္ ငါ့ႏွလုံးသားက သူနဲ႔အတူ႐ွိေနခဲ့တယ္!
ဒါကသိပ္မဆိုးပါဘူး! ငါေသၿပီးၿပီမို႔ သူကငါ့ဆီကေန ဘာမွေတာင္းလို႔ ,ေမးလို႔ မရေတာ့ဘူး။
ငါ့ကိုယ္ငါ နိမ့္က်ေအာင္အတင္းအက်ပ္တိုက္တြန္းလို႔မရသလို သူ႕ကိုယ္သူျမင့္ျမတ္ေအာင္လို႔လဲ တြန္းအားေပးလို႔မရေတာ့ဘူး။
ဝိညာဥ္က အိပ္စက္ရန္ မလိုအပ္ေပ။
ဒါ့ေၾကာင့္ သူအိပ္သည့္အခါတိုင္း ငါ သူ႕ကို ေလာဘႀကီးစြာ ၾကည့္ေနမိတယ္။ သူ႕ကို မထိလဲမထိႏိုင္ ေပြ႕ဖက္လို႔ လဲမရတာေၾကာင့္ သူ႕ကို ေလာဘႀကီးစြာ ပဲ ၾကည့္ေနမိတယ္။ ဒီေလာက္နဲ႔တင္ေက်နပ္ရတယ္ေလ။
ငါတကယ္ကို ကုသဖို႔အတြက္ ေက်ာ္လြန္ေနၿပီလား?
ဆယ္ႏွစ္ေတာင္႐ွိေနၿပီ။
ေက်နပ္ေနရမယ္။