ZAWGYI
"လမ္းေပ်ာက္တဲ့ သူတစ္ေယာက္ရဲ့ ၀မ္းနည္းပူေဆြးျခင္း"
လူေတြေသတဲ့အခါ က်န္ရစ္ခဲ့တဲ့ ဝိညာဥ္ေတြ
မရွိေတာ့ဘူးလို့ ငါ အျမဲေတြးခဲ့တယ္။ တကယ္လို့ ရွိခဲ့ရင္ေတာင္မွ သူတို့ရဲ့ ျပင္းျပတဲ့ စြဲလမ္းမွု၊ ျပင္းျပတဲ့ နာၾကည္းမွုေတြ ဒါမွမဟုတ္ သူတို့ရဲ့ စြန္႔စားလိုစိတ္ေတြေၾကာင့္ အဲ့ဒီေနရာမွာ ရွိေနနိုင္ပါတယ္။ ေနာက္ဆုံးမွာ ၎တို့ေတြဟာ မေကာင္းဆိုးဝါး သရဲတေစၧေတြျဖစ္လာၾကၿပီး ကမၻာေပၚတြင္ က်င္လည္ေနလိမ့္မွာျဖစ္တယ္။
အခု ၾကည့္လိုက္ေတာ့လည္း အဲဒါက ငါထင္ထားခဲ့သလိုျဖစ္ပုံမေပၚဘူး။
ငါေသသြားခဲ့ၿပီေလ။
ငါ့လက္ေကာက္ဝတ္ကို ျဖတ္ၿပီး ကိုယ့္ကိုယ္ကိုယ္ သတ္ေသခဲ့တာ။
ငါေသတဲ့အခါ ဘာကိုမွ မစြဲလမ္းခဲ့ဘူး။ စိတ္ပ်က္တာကိုမခံစားရသလို ထြက္သြားဖို့ကိုလည္း မလိုလားပါဘူး။
ဒါက ငါ့ဘဝမွာ အဓိပၸါယ္မရွိဘူးလို့ပဲ ခံစားရတယ္။
လူတစ္ေယာက္က စိတ္ပ်က္အားငယ္တဲ့အဆင့္ကို ေရာက္တဲ့အခါမွာ ေသျခင္းတရားက ေၾကာက္စရာေကာင္းလိမ့္မွာမဟုတ္ေတာ့ေပ။
သတိရမိတာက ငါ့လက္ေကာက္ဝတ္ ဒဏ္ရာေတြေပၚ စီးဆင္းေနတဲ့ ေရခဲေရေအးေတြနဲ႔ ေရအိုင္ဟာ ပန္းေရာင္ကေန အနီေရာင္ေတာက္ေတာက္ကို တျဖည္းျဖည္း ေျပာင္းလဲသြားတယ္။ အဲ့ဒီေနာက္မွာေတာ့ မ်က္လုံးေတြကို ျဖည္းညႇင္းစြာမွိတ္လိုက္ေတာ့တယ္။
ေနာက္ဆုံးေတာ့ အရာအားလုံးကို ငါ စြန္႔လႊတ္လိုက္ၿပီ။ ေနာက္ဆုံးေတာ့လည္း ငါသူ႔ကိုတကယ္လက္လႊတ္ခဲ့လိုက္ၿပီ။
ဒီတစ္ခါေတာ့ မင္းကို တကယ္လက္လႊတ္လိုက္ၿပီ။
ငါ့ႏွလုံးသားရဲ့ ေအာက္ေျခကေန မင္း ေပ်ာ္ရႊင္မွုအစစ္မွန္ကို ရွာေတြ႕မယ္လို့ ငါေမၽွာ္လင့္ပါတယ္။
နိုးထလာလိမ့္မယ္လို့လည္း ဘယ္တုန္းကမွ မေမၽွာ္လင့္ထားခဲ့ဖူးဘူး။ ဟုတ္ပါတယ္။ "နိုးထျခင္း" က အခု ငါ့အတြက္ အဓိပၸါယ္မရွိတဲ့ စကားသာျဖစ္တယ္။ ျဖစ္နိုင္တာက အလင္းကို ျပန္ျမင္ရဖို့ ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ မေမၽွာ္လင့္ထားဘူးလို့ ေျပာရမယ္။
အရာအားလုံးဟာ မွုန္ဝါးေနၿပီး ဘာမွေရေရရာရာသဲသဲကြဲကြဲ မသိရဘူး။ အခု ငါ စဥ္းစားၾကည့္လိုက္ေတာ့ တစ္စုံတစ္ခုက ဆြဲငင္လိုက္သလို ငါ့ခႏၶာကိုယ္က အရမ္းေပါ့ပါးသြားတယ္။ သစ္ရြက္တစ္ရြက္လို ေလထဲမွာ ငါ့ကိုယ္က ကန္႔လန္႔ လြင့္ေမ်ာလ်က္ရွိေနတယ္။ ေႏြးေထြးမွုေတြဒါမွမဟုတ္ ေအးစက္ျခင္းေတြကိုလည္း မခံစားရဘူး။ နာက်င္ျခင္း ဝမ္းနည္းျခင္းကိုလည္း မခံစားခဲ့ရပါဘူး။ ငါဟာ ေပါ့ေပါ့ပါးပါး လြင့္ေမ်ာေနၿပီး ငါ့ပတ္ဝန္းက်င္တစ္ခုလုံးက ေမွာင္မဲေနကာ တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိေနတယ္။
အဲ့ဒီေနာက္ အလင္းတန္းတစ္ခု ေပၚလာတယ္။ တျဖည္းျဖည္းနဲ႔ အဲ့ဒီအလင္းေရာင္က ပိုေတာက္ပလာၿပီး လြမ္းဆြတ္တမ္းတေနမိတဲ့ အလင္းေရာင္ကို ျမင္လိုက္ရတယ္။
ငါ့ေရွ႕က ျမင္ကြင္းဟာ တျဖည္းျဖည္း ရွင္းလင္းလာတယ္။
ငါ မိန္းေမာေတြေဝစြာ လွည့္ပတ္ၾကည့္လိုက္တယ္။ ဒီေနရာက အလြန္ရင္းႏွီးတဲ့ေနရာပဲျဖစ္တယ္။ အဲဒါက သူနဲ႔ငါ့ရဲ့ အိမ္ပဲ.......
ၾကမ္းျပင္ကို အဖိုးတန္သစ္သားေတြနဲ႔ ခင္းက်င္းထားတယ္။ ေနာက္ၿပီး အဲ့ဒီမွာ ေပ်ာ့ေပ်ာင္းၿပီးေတာ့ ႀကီးမားတဲ့ အျဖဴေရာင္ဆိုဖာတစ္လုံးလဲရွိတယ္။
ၾကမ္းျပင္မွာ အလွဆင္ထားတဲ့ မီးအိမ္က မွိန္ေဖ်ာ့ေဖ်ာ့ႏွင့္ျဖစ္ကာ ေႏြးေထြးတဲ့ အဝါေရာင္အလင္းတန္းေတြကို ထုတ္လႊတ္ေနၿပီး ပုံမွန္အတိုင္း တိတ္ဆိတ္စြာ အိပ္ေနတဲ့ သူ႔မ်က္ႏွာကို အလင္းေရာင္ျဖင့္ထင္ဟပ္ေစတယ္။
ငါ ဒီျမင္ကြင္းကို ခ်က္ခ်င္းျမင္ေယာင္မိလာတယ္။
စားပြဲေပၚမွာ မီးမွိန္မွိန္ထြန္းထားၿပီး ဆိုဖာေပၚ၌ အိပ္ရတာကို သူက အေတာ္ေလး ႏွစ္သက္တယ္။ အိပ္ေပ်ာ္သြားေသာအခါတြင္လည္း အျမဲလိုလို လူးလွိမ့္ပစ္ေလ့ရွိတယ္။ ငါကေတာ့ သူ႔ေဘးမွာထိုင္ၿပီး အိပ္ေပ်ာ္ေနတဲ့အခ်ိန္ သူ႔ကို တိတ္တဆိတ္ၾကည့္ရတာကို သေဘာက်တယ္။
သူ႔ရဲ့ ေခ်ာေမာလွပတဲ့ မ်က္ႏွာနဲ႔ ေငြေရာင္နားကပ္က တဖ်တ္ဖ်တ္ ေတာက္ပေနတာကို ၾကည့္ရတာ သေဘာက်တယ္။
"ဟင္..."
သူ အနည္းငယ္ လွည့္ပတ္ၾကည့္လိုက္တယ္။ ေအးစက္ေနပုံရၿပီး အႏုစိတ္တဲ့အိႏၵိယေစာင္ကို ရွာရန္ သူ႔လက္ကို ဆန္႔ထုတ္လိုက္တယ္။
သူ႔အလွည့္အေျပာင္းေၾကာင့္ ေစာင္က ၾကမ္းျပင္ေပၚကို အၾကာႀကီး ျပဳတ္က်လ်က္ရွိေနတယ္။ အရင္တုန္းကေတာ့ ငါက ေစာင္ေလးကိုတိတ္တဆိတ္ကူေကာက္ေပးခဲ့ဖူးတယ္။ ဒါေပမယ့္ အခုေတာ့ ငါမလုပ္နိုင္ေတာ့ဘူး။
ေစာင္က သူ႔ကိုယ္ေပၚမရွိေနတာကိုသိသျဖင့္ သူ နိုးလာခဲ့တယ္။ သူ႔ကို လွမ္းၾကည့္မိတဲ့အခ်ိန္ သူခိုးလူမိသလို ငါ့ႏွလုံးသားေလးက ခုန္ေပါက္သြားတယ္။
မည္သို့ပင္ဆိုေစကာမူ သူ႔အၾကည့္ေတြက ငါ့ကို ျဖတ္ေက်ာ္သြားတယ္။ သူက လက္ကိုဆန္႔ကာ ၾကမ္းျပင္ေပၚရွိ ေစာင္ကို ေကာက္ကိုင္လိုက္တယ္။
သူ ငါ့ကို မျမင္နိုင္ဘူးေပါ့။
သူ႔လက္ကို ဆန္႔လိုက္တဲ့အခါမွာ သူ႔ရဲ့လက္က ငါ့ကို ျဖတ္သြားခဲ့တယ္။ ဒါေပမယ့္ ငါတို့ ႏွစ္ေယာက္စလုံး ဘာမွမခံစားရဘူး။
ဒါကအေရးမႀကီးဘူး။ တကယ္လို့သူက ငါ့ကို ျမင္ရင္ေတာင္ မျမင္သလိုပဲ အျမဲဆက္ဆံတယ္။ သူငါ့ကို ထိနိုင္ေသးတယ္ဆိုရင္ေတာင္ ငါ့ကိုထိေတြ႕ဖို့ သူကအျမဲပင္ပန္းေနမွာပဲ။
သူ ဆက္အိပ္ေနတာကို ငါ ၾကည့္ေနလိုက္တယ္။
ငါေအာ္ဟစ္သင့္တယ္။ ငါ ေဒါသထြက္ပစ္သင့္တယ္။ ငါ နတ္ဘုရားတစ္ပါးကို ေကာ္လံကကိုင္ၿပီး လွုပ္ယမ္းကာ ဘာျဖစ္ေနတာလဲလို့ ေမးလိုက္သင့္တယ္။
ဒါေပမယ့္လည္း ငါဘယ္နတ္ဘုရားကိုမွမေတြ႕ဘူး။ အျဖဴအမည္း မျမဲတာကိုလဲ မေတြ႕ရဘူး။ Hades ကို လည္းမေတြ႕ခဲ့ရပါဘူး။ ငါ့ကိုလမ္းျပေပးနိုင္မယ့္ ဒ႑ာရီလာပုဂၢိဳလ္တစ္ေယာက္ေတာင္ ငါမေတြ႕ဘူး။
ငါေသသြားခဲ့ေပမယ့္ ေကာင္းကင္ဘုံသို့လဲမေရာက္ ငရဲသို့လဲမေရာက္ဘဲ ရယ္စရာေကာင္းေလာက္ေအာင္ အထီးက်န္ဆန္တဲ့ သရဲတေစၧအျဖစ္ ေျပာင္းလဲသြားခဲ့တယ္။
UNICODE
"လမ်းပျောက်တဲ့ သူတစ်ယောက်ရဲ့ ဝမ်းနည်းပူဆွေးခြင်း"
လူတွေသေတဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဝိညာဉ်တွေ
မရှိတော့ဘူးလို့ ငါ အမြဲတွေးခဲ့တယ်။ တကယ်လို့ ရှိခဲ့ရင်တောင်မှ သူတို့ရဲ့ ပြင်းပြတဲ့ စွဲလမ်းမှု၊ ပြင်းပြတဲ့ နာကြည်းမှုတွေ ဒါမှမဟုတ် သူတို့ရဲ့ စွန့်စားလိုစိတ်တွေကြောင့် အဲ့ဒီနေရာမှာ ရှိနေနိုင်ပါတယ်။ နောက်ဆုံးမှာ ၎င်းတို့တွေဟာ မကောင်းဆိုးဝါး သရဲတစ္ဆေတွေဖြစ်လာကြပြီး ကမ္ဘာပေါ်တွင် ကျင်လည်နေလိမ့်မှာဖြစ်တယ်။
အခု ကြည့်လိုက်တော့လည်း အဲဒါက ငါထင်ထားခဲ့သလိုဖြစ်ပုံမပေါ်ဘူး။
ငါသေသွားခဲ့ပြီလေ။
ငါ့လက်ကောက်ဝတ်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ။
ငါသေတဲ့အခါ ဘာကိုမှ မစွဲလမ်းခဲ့ဘူး။ စိတ်ပျက်တာကိုမခံစားရသလို ထွက်သွားဖို့ကိုလည်း မလိုလားပါဘူး။
ဒါက ငါ့ဘဝမှာ အဓိပ္ပါယ်မရှိဘူးလို့ပဲ ခံစားရတယ်။
လူတစ်ယောက်က စိတ်ပျက်အားငယ်တဲ့အဆင့်ကို ရောက်တဲ့အခါမှာ သေခြင်းတရားက ကြောက်စရာကောင်းလိမ့်မှာမဟုတ်တော့ပေ။
သတိရမိတာက ငါ့လက်ကောက်ဝတ် ဒဏ်ရာတွေပေါ် စီးဆင်းနေတဲ့ ရေခဲရေအေးတွေနဲ့ ရေအိုင်ဟာ ပန်းရောင်ကနေ အနီရောင်တောက်တောက်ကို တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ အဲ့ဒီနောက်မှာတော့ မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်လိုက်တော့တယ်။
နောက်ဆုံးတော့ အရာအားလုံးကို ငါ စွန့်လွှတ်လိုက်ပြီ။ နောက်ဆုံးတော့လည်း ငါသူ့ကိုတကယ်လက်လွှတ်ခဲ့လိုက်ပြီ။
ဒီတစ်ခါတော့ မင်းကို တကယ်လက်လွှတ်လိုက်ပြီ။
ငါ့နှလုံးသားရဲ့ အောက်ခြေကနေ မင်း ပျော်ရွှင်မှုအစစ်မှန်ကို ရှာတွေ့မယ်လို့ ငါမျှော်လင့်ပါတယ်။
နိုးထလာလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးဘူး။ ဟုတ်ပါတယ်။ "နိုးထခြင်း" က အခု ငါ့အတွက် အဓိပ္ပါယ်မရှိတဲ့ စကားသာဖြစ်တယ်။ ဖြစ်နိုင်တာက အလင်းကို ပြန်မြင်ရဖို့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မမျှော်လင့်ထားဘူးလို့ ပြောရမယ်။
အရာအားလုံးဟာ မှုန်ဝါးနေပြီး ဘာမှရေရေရာရာသဲသဲကွဲကွဲ မသိရဘူး။ အခု ငါ စဉ်းစားကြည့်လိုက်တော့ တစ်စုံတစ်ခုက ဆွဲငင်လိုက်သလို ငါ့ခန္ဓာကိုယ်က အရမ်းပေါ့ပါးသွားတယ်။ သစ်ရွက်တစ်ရွက်လို လေထဲမှာ ငါ့ကိုယ်က ကန့်လန့် လွင့်မျောလျက်ရှိနေတယ်။ နွေးထွေးမှုတွေဒါမှမဟုတ် အေးစက်ခြင်းတွေကိုလည်း မခံစားရဘူး။ နာကျင်ခြင်း ဝမ်းနည်းခြင်းကိုလည်း မခံစားခဲ့ရပါဘူး။ ငါဟာ ပေါ့ပေါ့ပါးပါး လွင့်မျောနေပြီး ငါ့ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မဲနေကာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေတယ်။
အဲ့ဒီနောက် အလင်းတန်းတစ်ခု ပေါ်လာတယ်။ တဖြည်းဖြည်းနဲ့ အဲ့ဒီအလင်းရောင်က ပိုတောက်ပလာပြီး လွမ်းဆွတ်တမ်းတနေမိတဲ့ အလင်းရောင်ကို မြင်လိုက်ရတယ်။
ငါ့ရှေ့က မြင်ကွင်းဟာ တဖြည်းဖြည်း ရှင်းလင်းလာတယ်။
ငါ မိန်းမောတွေဝေစွာ လှည့်ပတ်ကြည့်လိုက်တယ်။ ဒီနေရာက အလွန်ရင်းနှီးတဲ့နေရာပဲဖြစ်တယ်။ အဲဒါက သူနဲ့ငါ့ရဲ့ အိမ်ပဲ.......
ကြမ်းပြင်ကို အဖိုးတန်သစ်သားတွေနဲ့ ခင်းကျင်းထားတယ်။ နောက်ပြီး အဲ့ဒီမှာ ပျော့ပျောင်းပြီးတော့ ကြီးမားတဲ့ အဖြူရောင်ဆိုဖာတစ်လုံးလဲရှိတယ်။
ကြမ်းပြင်မှာ အလှဆင်ထားတဲ့ မီးအိမ်က မှိန်ဖျော့ဖျော့နှင့်ဖြစ်ကာ နွေးထွေးတဲ့ အဝါရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေပြီး ပုံမှန်အတိုင်း တိတ်ဆိတ်စွာ အိပ်နေတဲ့ သူ့မျက်နှာကို အလင်းရောင်ဖြင့်ထင်ဟပ်စေတယ်။
ငါ ဒီမြင်ကွင်းကို ချက်ချင်းမြင်ယောင်မိလာတယ်။
စားပွဲပေါ်မှာ မီးမှိန်မှိန်ထွန်းထားပြီး ဆိုဖာပေါ်၌ အိပ်ရတာကို သူက အတော်လေး နှစ်သက်တယ်။ အိပ်ပျော်သွားသောအခါတွင်လည်း အမြဲလိုလို လူးလှိမ့်ပစ်လေ့ရှိတယ်။ ငါကတော့ သူ့ဘေးမှာထိုင်ပြီး အိပ်ပျော်နေတဲ့အချိန် သူ့ကို တိတ်တဆိတ်ကြည့်ရတာကို သဘောကျတယ်။
သူ့ရဲ့ ချောမောလှပတဲ့ မျက်နှာနဲ့ ငွေရောင်နားကပ်က တဖျတ်ဖျတ် တောက်ပနေတာကို ကြည့်ရတာ သဘောကျတယ်။
"ဟင်..."
သူ အနည်းငယ် လှည့်ပတ်ကြည့်လိုက်တယ်။ အေးစက်နေပုံရပြီး အနုစိတ်တဲ့အိန္ဒိယစောင်ကို ရှာရန် သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။
သူ့အလှည့်အပြောင်းကြောင့် စောင်က ကြမ်းပြင်ပေါ်ကို အကြာကြီး ပြုတ်ကျလျက်ရှိနေတယ်။ အရင်တုန်းကတော့ ငါက စောင်လေးကိုတိတ်တဆိတ်ကူကောက်ပေးခဲ့ဖူးတယ်။ ဒါပေမယ့် အခုတော့ ငါမလုပ်နိုင်တော့ဘူး။
စောင်က သူ့ကိုယ်ပေါ်မရှိနေတာကိုသိသဖြင့် သူ နိုးလာခဲ့တယ်။ သူ့ကို လှမ်းကြည့်မိတဲ့အချိန် သူခိုးလူမိသလို ငါ့နှလုံးသားလေးက ခုန်ပေါက်သွားတယ်။
မည်သို့ပင်ဆိုစေကာမူ သူ့အကြည့်တွေက ငါ့ကို ဖြတ်ကျော်သွားတယ်။ သူက လက်ကိုဆန့်ကာ ကြမ်းပြင်ပေါ်ရှိ စောင်ကို ကောက်ကိုင်လိုက်တယ်။
သူ ငါ့ကို မမြင်နိုင်ဘူးပေါ့။
သူ့လက်ကို ဆန့်လိုက်တဲ့အခါမှာ သူ့ရဲ့လက်က ငါ့ကို ဖြတ်သွားခဲ့တယ်။ ဒါပေမယ့် ငါတို့ နှစ်ယောက်စလုံး ဘာမှမခံစားရဘူး။
ဒါကအရေးမကြီးဘူး။ တကယ်လို့သူက ငါ့ကို မြင်ရင်တောင် မမြင်သလိုပဲ အမြဲဆက်ဆံတယ်။ သူငါ့ကို ထိနိုင်သေးတယ်ဆိုရင်တောင် ငါ့ကိုထိတွေ့ဖို့ သူကအမြဲပင်ပန်းနေမှာပဲ။
သူ ဆက်အိပ်နေတာကို ငါ ကြည့်နေလိုက်တယ်။
ငါအော်ဟစ်သင့်တယ်။ ငါ ဒေါသထွက်ပစ်သင့်တယ်။ ငါ နတ်ဘုရားတစ်ပါးကို ကော်လံကကိုင်ပြီး လှုပ်ယမ်းကာ ဘာဖြစ်နေတာလဲလို့ မေးလိုက်သင့်တယ်။
ဒါပေမယ့်လည်း ငါဘယ်နတ်ဘုရားကိုမှမတွေ့ဘူး။ အဖြူအမည်း မမြဲတာကိုလဲ မတွေ့ရဘူး။ Hades ကို လည်းမတွေ့ခဲ့ရပါဘူး။ ငါ့ကိုလမ်းပြပေးနိုင်မယ့် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်တောင် ငါမတွေ့ဘူး။
ငါသေသွားခဲ့ပေမယ့် ကောင်းကင်ဘုံသို့လဲမရောက် ငရဲသို့လဲမရောက်ဘဲ ရယ်စရာကောင်းလောက်အောင် အထီးကျန်ဆန်တဲ့ သရဲတစ္ဆေအဖြစ် ပြောင်းလဲသွားခဲ့တယ်။