Love Scenario (KookV/Complete...

Jinsoohyuk_0127 tarafından

66.3K 6.9K 1.1K

Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ Daha Fazla

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 24
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
EPISODE - 32
FINAL EPISODE

EPISODE - 15

1.3K 180 50
Jinsoohyuk_0127 tarafından

EPISODE - 15 (Unicode)

တက္ကသိုလ် ကားပါကင်..။ ထယ်ယောင်း တိုက်ခန်းပြန်ချင်သည်ဆိုကာ ဖုန်းဆက်လာသဖြင့် Jungkook ကားပေါ် လာထိုင်စောင့်နေခြင်းဖြစ်သည်။ ဒီနေ့က ကျောင်းသားတွေအတွက် ပျော်ရွှင်ရသောနေမို့ အတန်းထဲမှာလည်း လူမရှိသဖြင့် ထယ်ယောင်းနဲ့အတူ သူလည်း တစ်ခါတည်း ပြန်လိုက်တော့မည် စိတ်ကူးထားသည်။ ဆော့ဂျင်က နမ်ဂျွန်းနှင့် အတူရှိနေသဖြင့် သူ့အတွက်က ပူစရာမရှိ။ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်း ကျောင်းမှာဆက်နေချင်လည်း နေကြမပေါ့။

Jungkook ကားပေါ်ရောက်ပြီး သိပ်မကြာခင် ထယ်ယောင်း ကားတံခါးဆွဲဖွင့်ရင်း ကားပေါ်တက်လာသည်။ ထယ်ယောင်း မျက်နှာသိပ်မကောင်းတာမြင်တော့ Jungkookစိတ်ထဲ ပူပန်မိသော်လည်း မေးဖို့က မဝံ့မရဲ။ စိတ်မရှည်ဘဲ ထဆဲနေမှဖြင့် ထယ်ယောင်း အလှပျက်နေမည်။ ဒီလို ချောမောပြီး ချစ်စရာကောင်းသည့် ထယ်ယောင်း၏ နှုတ်ခမ်းဖျားမှ ကြမ်းတမ်းသည့်စကားလုံးတို့ ထပ်မထွက်စေလိုတော့သည်မှာ သူ့ဆန္ဒအမှန်ပင်။

" ကားတံခါးကို သေမလို့ လော့မချထားတာလား။ ကားပါကင်က လူမြင်ကွင်းမှာမို့လို့ပေါ့။ လူပြတ်တဲ့နေရာသာဆို လူဆိုးတွေ ကားတံခါးလွယ်လွယ်ဖွင့်ဝင်ပြီး မင်းကို တက်လုပ်သွားလိမ့်မယ် "

Jungkook ဆန္ဒမပြည့်လိုက်ရ။ ထယ်ယောင်းဆီက စကားကြမ်းကြမ်းတွေ ကြားလိုက်ရပြန်သဖြင့် Jungkook အတွေးတွေပျက်ပြယ်ကုန်သည်။ သို့သော် အခုပြောသောစကားက သူ့အတွက် စိုးရိမ်ပြီးပြောသည်ဖြစ်၍ ဝမ်းသာရမလိုလိုရှိသည်။ စကားလုံးတွေသာ ကြမ်းတမ်းမနေခဲ့လျှင် သူအပြည့်အဝပျော်မိလိမ့်မည် ထင်သည်။

" ထယ်ထယ် မင်းစိတ်ညစ်နေတာလား။ ငါ့ကို စကားပြောတာ အရမ်းကြမ်းတမ်းနေတယ်။ ငါမင်းကို စိတ်ဆိုးအောင် ဘာတွေလုပ်မိထားလို့လဲ။ မနက်က ငါမင်းကိုစလိုက်မိတာ အခုထိ စိတ်မပြေသေးလို့လား။ ဒါဆိုလည်း... "

ထယ်ယောင်း ဘာတွေဖြစ်ပျက်ခဲ့လဲ သူသေချာမသိ။ သူ့ကြောင့်သာဖြစ်ခဲ့လျှင် ဟူသော သဘောဖြင့် ဒီလိုဖွင့်မေးလိုက်ခြင်းသာ။ အကယ်၍ ထယ်ယောင်း စိတ်ညစ်နေရသည်က သူ့ကြောင့်ဖြစ်နေလျှင် ထိုးလိုကထိုးနိုင်ရန် မျက်နှာကိုပါ ထယ်ယောင်းဘက် တိုးပေးလိုက်သည်။

Yerinကိစ္စ ဝေခွဲမရနိုင်ဖြစ်၍ စိတ်ညစ်ပြီးငိုလာပြီးခါမှ Jungkookကပါ ဇွတ် တရားခံလုပ်ချင်နေပြန်သဖြင့် ထယ်ယောင်း ပိုစိတ်ညစ်ရသည်။ မနက်က Jungkookစနောက်လိုက်သည်က စိတ်ဆိုးနေဖို့ဝေးလို့ သူ့မှတ်ညဏ်ထဲမှာတောင် ရေးတေးတေးဖြစ်နေလေပြီ။ ဒါကို သူက အထိုးခံဖို့ မျက်နှာကိုတောင် တိုးပေးနေသေးသည်။ ဒီလောက်အထိတောင် လုပ်ဖို့မလိုသေးဟု သူထင်သည်။

" ငါစိတ်ညစ်တာ မင်းကြောင့်လို့ ဘာလို့ထင်ရတာလဲကွာ။ ငါက မင်းအပေါ် အမြဲတမ်း အပြစ်ရှာတတ်တဲ့ကောင်လို့ မင်းထင်နေတာလား။ မင်းမလုပ်ထားတဲ့ အပြစ်အတွက်နဲ့ ဘာကိစ္စ အထိုးခံဖို့ မျက်နှာကြီးထိုးပေးရတာလဲ။ လက်သီးနဲ့ထိုးရင် အသားနာတတ်တာ မသိဘူးလား အရူးကောင်ရဲ့ "

ပထမက ငိုထားသည့်အရှိန်ကြောင့် Jungkookအတွက် စိတ်မကောင်းဖြစ်မိသည်နှင့် ထပ်ပေါင်းကာ ထယ်ယောင်း ရင်ထဲက နင့်ခနဲခံစားလိုက်ရသည်။ မာကျောဟန်ဆောင်နေသော သူ့နှလုံးသားက တကယ်တမ်းတော့ သိပ်ကိုနူးညံ့လွန်းသည်။ အခုလည်း Jungkookအတွက် စိတ်မကောင်းလွန်းသဖြင့် စကားပြောရင်းဆိုရင်း ငိုနေမိလေပြီ။

" အထိုးခံရရင် နာမှန်းတော့ သိတာပေါ့။ ဒါပေမဲ့ ငါ့အသားနာတာထက် မင်းဆီက စိတ်ညိုညင်ခံရလို့ ငါ့နှလုံးသားနာကျင်ရတာက ပိုဆိုးတယ်။ ငါမင်းကို ကလေးဘဝကတည်းက အမြဲတမ်း ပျော်ရွှင်အောင် ထားပေးခဲ့တာ။ မင်းရဲ့ပျော်ရွှင်မှုတိုင်းက ငါ့နှလုံးသားရဲ့ရှင်သန်မှုအတွက် အားဖြည့်မြေသြဇာလေးပဲ။ ဒါကြောင့် ငါမင်းကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်။ ငါ့ရှေ့မှာ မင်းငိုတာမြင်ရတိုင်း မင်းစိတ်ညစ်နေတာမြင်ရတိုင်း ငါ့နှလုံးသားတွေ ဘယ်လောက်ထိနာကျင်ရလဲ မင်းသိမယ်မထင်ဘူး "

စိတ်ဓာတ်မာကျောသော Jungkookလည်း သူ့ရင်တွင်းမှဖြစ်တည်လာသည့် စကားလုံးတို့ကို ဖွင့်ဟရင်း မျက်ရည်တွေ ဝေ့ဝဲလာသည်။ ထယ်ယောင်းနှင့်ပတ်သက်လာလျှင် သူ့နှလုံးသားက ဤသို့နူးညံ့တတ်သည်၊ ခံစားလွယ်တတ်သည်။ သူ့မျက်စိရှေ့မှာ သူချစ်တဲ့သူမျက်ရည်ကျနေတာ သူလည်း မျက်ရည်ထိန်းနိုင်ဖို့ ဘယ်မှာတတ်နိုင်တော့မည်နည်း။

" မင်းအခုလို နာကျင်နေရတာက မင်းငါ့အပေါ် စောက်ရေးမပါတဲ့ အချစ်စိတ်တွေထားနေလို့လေ။ ငါမင်းကို ပြန်ကြိုက်နိုင်ခြေမရှိတာကို မင်းဟာမင်း တစ်ဖက်သတ်ဆက်ချစ်နေလို့ ဒီလိုတွေ ခံစားနေရတာ။ ငါယောက်ျားသားတွေကို မယုံကြည်တာ မချစ်လာနိုင်တာ မင်းသိတယ်။ ဒါတောင် မင်းက ငါ့ကိုချစ်နေကြောင်း ပုံစံအမျိုးမျိုးနဲ့ ဖော်ပြနေတယ်။ မင်းဘာလို့ ငါ့အတွက်နဲ့ နာကျင်ခံစားပေးနေရတာလဲ။ ငါ့ကိုမချစ်တော့ရင် မင်းဒီလို ခံစားရတော့မှာ မဟုတ်တော့ဘူးလေကွာ "

Jungkookဆီက ကြေကြေကွဲကွဲ စကားတွေနားထောင်ပြီး မျက်ရည်ကျနေဆဲဖြစ်သည့် ထယ်ယောင်းက ဒီစကားတွေကို အားယူပြောလာခဲ့သည်။ ဘာရယ်ကြောင့်မှန်းမသိ ဒီစကားတွေပြောနေရင်း သူ့နှလုံးသားက နာကျင်နေသလို ခံစားနေရသည်။ တစ်ချက်တစ်ချက် ရှုိက်ငိုတိုင်း ခန္ဓာကိုယ်က သိမ့်ခနဲတုန်သွားတတ်သည်။

သူ့ရဲ့ဒီလိုပုံစံကိုမြင်ပြီး Jungkookလည်း ပွေ့ဖက်နှစ်သိမ့်ပေးချင်ရှာလိမ့်မည်။ သို့သော် သူ့အသားကိုမထိရဟု သူကိုယ်တိုင်အမိန့်ထုတ်ထားသဖြင့် Jungkook နှစ်သိမ့်ပေးဖို့ မဝံ့မရဲဖြစ်နေမှာ အသေအချာပေ။ သိတဲ့အတိုင်း Jungkookက သူငြိုငြင်မှာ သိပ်ကြောက်တဲ့လူ မဟုတ်လား။

အမှတ်မထင် ထယ်ယောင်း ထုတ်ပြောလိုက်သည့်စကားမှာ Jungkook သူ့ကိုချစ်နေသည်ကို သူသိထားပြီးဖြစ်ကြောင်း ပါသွားခဲ့သည်။ ရုတ်တရက်မို့ Jungkookလည်း ကြားကြားချင်း လန့်သွားသလိုရှိသော်လည်း သူ့အမူအရာတွေက သိသာနေခဲ့သည်မို့ ထယ်ယောင်းသိနေတာ အဆန်းမဟုတ်ကြောင်း သူသဘောပေါက်မိသည်။ ထယ်ယောင်း ထပ်ပြောခဲ့သည်က သူ့ကိုမချစ်တော့ရင် Jungkook နာကျင်ရတော့မည်မဟုတ် တဲ့။ Jungkook ဘက်ကတော့ နာကျင်ရလည်း ကိစ္စမရှိ ကိုယ်ချစ်တဲ့သူကို ချစ်နေရဖို့ကသာ အဓိကဖြစ်၏။

" မင်းငါ့ကို ပြန်မချစ်နိုင်လည်း ငါ့ကတော့ မင်းကိုဆက်ချစ်နေမှာ။ မင်း ငါ့မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်သွားရင်လည်း ငါမင်းကို ချစ်နေဦးမှာပဲ။ ငါ့နှလုံးသားက မင်းကိုချစ်ဖို့ ရွေးချယ်ပြီးသားမို့ ထာဝရအဆုံးထိ မင်းကိုဆက်ချစ်သွားမယ်။ ငါနာကျင်ရတယ်ဆိုတိုင်း ငါ့ကိုမချစ်ပါနဲ့တော့လို့ မင်းတားလို့မရဘူး ထယ်ထယ်။ နာကျင်ရလွန်းလို့ ငါ့နှလုံးသား အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရင်တောင် နောက်ဆုံးကျန်ခ့တဲ့ နှလုံးသားအစိတ်အပိုင်းလေးက မင်းကို ဆက်ချစ်နေဦးမှာ "

Jungkook နှုတ်ဖျားမှ အဆက်မပြတ် ပွင့်အံထွက်လာသော စကားလုံးတို့က ထယ်ယောင်းရင်ထဲ စူးနစ်ဝင်ရောက်သည်။ သို့သော် သူ့နှလုံးသားကို သူကိုယ်တိုင် နားမလည်နိုင်သေး။ အစွဲအလန်းကြီးသောစိတ်က သူ့နှလုံးသားကို ပြန်ပြီးလိမ်ညာဖို့ အမျိုးမျိုး တွန်းအားပေးနေသည်။

ဒါက Jungkook ငါ့အပေါ် အနစ်နာခံလွန်းလို့ ငါသနားနေမိတာ။ Yerinအပေါ် ငါအားနာစိတ်နဲ့ သနားမိသလိုမျိုး သူ့ကိုလည်း သနားနေမိတာ။ Jungkookက ပိုရင်းနှီးတဲ့သူမို့ ငါပိုပြီးနာကျင်ရရုံပဲ။ ဒီလောက်လေးနဲ့တော့ အချစ်မဖြစ်နိုင်လောက်ဘူး။ ဟုတ်တယ် ငါသူ့ကို သနားနေမိရုံပဲ။ ငါ့လိုလူက ယောက်ျားတစ်ယောက်ကို ဘယ်နည်းနဲ့မှ ချစ်လာစရာအကြောင်းမရှိဘူး။

အဲဲဒီနောက်တော့ သူတို့နှစ်ယောက်ကြား ဘာစကားသံမှ ထွက်ပေါ်မလာတော့ဘဲ တိတ်ဆိတ်သွားခဲ့ရသည်။ Jungkookလည်း ကားကိုစတင် မောင်းထွက်လာခဲ့ပြီး ကားလေးက လမ်းမကြီးပေါ် ရောက်လာခဲ့သည်။ Jungkook ကားကို ဂရုတစိုက်မောင်းနေရင်း တစ်ချက်တစ်ချက် ထယ်ယောင်းဘက်ကို လှမ်းကြည့်မိသည်။ ကားမှန်ပြတင်းကို ခေါင်းလေးမှီရင်း အပြင်ဘက်ဆီ အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေသော ထယ်ယောင်းပုံရိပ်က Jungkookကို စိတ်မသက်မသာဖြစ်စေသည်။

အချိန်ကလည်း နေ့လည်ပိုင်းသာရှိသေးသဖြင့် Jungkook ကွန်ဒိုဆီမပြန်သေးဘဲ ထယ်ယောင်းကို တစ်နေရာရာကို ခေါ်သွားဖို့ စဥ်းစားမိသည်။ ထယ်ယောင်းစိတ်တွေ ပေါ့ပါးလန်းဆန်းသွားစေမယ့် တစ်နေရာရာကိုပေါ့..။

Jungkook ကားလေးက လမ်းဆုံတစ်ခုအရောက်မှာ အပြန်လမ်းနှင့်ဆန့်ကျင်သော အခြားတစ်ဖက်ကို ကွေ့လိုက်ပြီး ထယ်ယောင်းစိတ်ပြေလက်ပျောက်ဖြစ်မည့် တစ်နေရာဆီသို့ ဦးတည်လိုက်သည်။ Jungkook အခြားလမ်းကို ဦးတည်နေသော်လည်း ထယ်ယောင်းက စိတ်ဝင်စားပုံမရ။ သူ့မျက်ဝန်းများက ခုနကအတိုင်း အပြင်ဘက်ဆီ မှိုင်တွေငေးမောနေဆဲ။

ကားလမ်းမထက် တရွေ့ရွေ့ခရီးဆက်ရင်း ကားလေးက စျေးဝယ်စင်တာကြီးတစ်ခုရှေ့က ကားပါကင်မှာ ရပ်တန့်သွားခဲ့သည်။ Jungkook ကားပါကင်မှာ ကားကိုနေရာယူလိုက်တော့ ထယ်ယောင်းက အခုမှ သတိဝင်လာဟန်ဖြင့် Jungkookကို နားမလည်သလို မျက်ဝန်းဖြင့် ကြည့်လာသည်။

" မင်းဘာလို့ ဒီကိုလာရတာလဲ။ တစ်ခုခု ဝယ်စရာရှိလို့လား "

ထယ်ယောင်းမေးခွန်းကို Jungkookပြန်မဖြေ နောက်ကလိုက်လာဖို့ ခြေဟန်လက်ဟန်ပြကာ ကားပေါ်က အရင်ဆင်းသွားသည်။ ထယ်ယောင်းလည်း စိတ်ပင်ပန်းထားရသဖြင့် စိတ်ပြေလက်ပျောက်သဘောဖြင့် Juနောက်ကလိုက်ရန် ဆုံးဖြတ်ပြီး ကားပေါ်က လိုက်ဆင်းလာသည်။ ထယ်ယောင်းဆင်းလာတော့ Jungkookကားကို လော့ချရင်း စျေးဝယ်စင်တာထဲသို့ အရှေ့က ဦးဆောင်ဝင်လာခဲ့သည်။

စျေးဝယ်စင်တာထဲ စဝင်ဝင်ချင်းမှာပဲ promotion areaမှာ သူတို့အရွယ်လူငယ်အချို့ K pop randomပွဲ ကျင်းပနေသည်ကို တွေ့လိုက်ရသည်။ ဒီဝါသနာရှင် လူငယ်လေးတွေက နှစ်ပတ်တစ်ခါလောက် ဒီစင်တာမှာ ပွဲလာလုပ်လေ့ရှိပြီး ဝါသနာပါသူ မည်သူမဆို ဝင်နွှဲနိုင်သည်။ Jungkook ပွဲကျင်းပသည့်နား တိုးသွားတော့ ထယ်ယောင်းလည်း နောက်က လိုက်လာခဲ့ရသည်။ သို့သော် Jungkook ဘာရည်ရွယ်ချက်နဲ့ ဒီကိုလာသလဲ သူနားမလည်နိုင်။

" ဒီတစ်ခေါက် ကျွန်တော်တို့ စိန်ခေါ်မယ့် Challengeက ကိုယ့်ရဲ့ genderကို swapလုပ်ပြီး စိန်ခေါ်ရမှာပါ။ ယောက်ျားလေးဆိုရင် girl group songနဲ့ ကပြရမှာဖြစ်ပြီး အမျိုးသမီးဆိုရင်တော့ Boy Group songနဲ့ ကပြရမှာပါ။ ကဲ ဘယ်သူ စပြီး စိန်ခေါ်မလဲ "

ပွဲစီစဥ်သူဟု ယူဆရသော လူငယ်ကောင်လေးက လူအများကြားအောင် Challengeကိုပြောပြရင်း လူအုပ်ကြီးကို ပါဝင်လာအောင် ဖိတ်ခေါ်နေသည်။ Challengeကြေညာပြီးသည်နှင့် စိန်ခေါ်လာမည့်သူကို အားလုံး စိတ်ဝင်စားနေကြသည်။ ဝိုင်းကြည့်နေကြသည်က လူငယ်တွေချည်းပဲမို့ ပွဲက ဆူဆူညံညံရှိလှသည်။

အားလုံး စိတ်ဝင်တစားရှိနေခိုက် ပေါ့ပေါ့ပါးပါး crop topနှင့် ဘောင်းဘီရှည်အကြပ်ဝတ်ထားသည့် မိန်းကလေးငယ်တစ်ယောက် လူအုပ်အလယ်က နေရာလွတ်ဆီ ထွက်လာခဲ့သည်။ ထိုကောင်မလေးကို အဆင်သင့် ဖြစ်မဖြစ်အရင်မေးပြီး အဆင်သင့်ဖြစ်ကြောင်း ခေါင်းညိမ့်ပြလာမှ MCလုပ်ပေးနေသည့် ကောင်လေးက စတင်ရန်အချက်ပေးလိုက်သည်။

" ကဲ စိန်ခေါ်သူ အဆင်သင့်ဖြစ်ပြီ။ Music start! "

ပထမဆုံးလာသည့် သီချင်းက BIGBANG၏ BANG BANG BANGသီချင်း..။ ဆူညံမြူးကြွသော သံစဥ်နှင့်အညီ ကျားရဲတစ်ကောင်အလား အားမာန်အပြည့်ဖြင့် ကပြလာသော ထိုမိန်းကလေးငယ်ကြောင့် သီချင်းလိုက်ဆိုသူကဆို အော်ဟစ်အားပေးသူက အားပေးနှင့် ပွဲက မြိုင်ဆိုင်လှသည်။ ထိုစဥ် ရုတ်တရက် BTS၏ Mic drop သီချင်းပြောင်းသွားသဖြင့် မိန်းကလေးငယ်က ပြောင်းသွားသည့်အလိုက် ကကွက်ပြောင်းကနိုင်၍ Wowခနဲ ပွဲကျကုန်သည်။

မြန်ဆန် မာထန်သော အကကို မိန်းကလေးတစ်ယောက် အခုလို ကပြနေသည်ကို ဘယ်သူက ဘဘောမကျဘဲ ရှိနိုင်မည်နည်း။ တက်တက်ကြွကြွ အားပေးနေသည့် လူအုပ်အလယ်မှာ ထယ်ယောင်းလည်း စိတ်ညစ်စရာတွေမေ့ကာ အနည်းငယ် ပျော်ရွှင်လာသလိုရှိသည်။ သံစဥ်နှင့်အညီ ခန္ဓာကိုယ်ကိုလှုပ်ရွရင်း မျက်နှာကလည်း ပြုံးယောင်သန်းလာသည်။

Mic dropမှ ရုတ်တရက် Bling Bling သီချင်းပြောင်းပြန်တော့ ထိုမိန်းကလေးငယ်က အလိုက်သင့်လေး ကနိုင်ပြန်သဖြင့် ပရိသတ်က ပိုပြီးအားပေးကြမ်းလာသည်။ လက်ခုပ်သံတွေ၊ ေအာ်ဟစ်အားပေးသံတွေ ပိုမိုကျယ်လောင်လာခဲ့ပြီး ထယ်ယောင်းပါ လိုက်အော်မိသည်အထိ။ Jungkook အော်လိုက်သည်နှင့်လည်း တိုက်ဆိုက်နေပြန်၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မိကြသေးသည်။

" ငါမင်းကို ဘာလို့ ဒီကိုခေါ်လာလဲ မင်းသိပြီမဟုတ်လား။ ဘယ်လိုလဲ စိတ်တွေပေါ့ပါးသွားပြီလား "

အသံတွေဆူနေသည့်ကြားက Jungkookတစ်ယောက် ထယ်ယောင်းကြားနိုင်အောင် မေးခွန်းထုတ်လာတော့ ထယ်ယောင်းက ပြုံးပြီး ခေါင်းညိမ့်ပြသည်။ ထိုစဥ် ကပြနေသောကောင်မလေးက သီချင်းသုံးပုဒ်ပြည့်ပြီး ပရိသတ်ကို မိတ်ဆက်နေသည်။ ပရိသတ်၏ အော်ဟစ်အားပေးသံတွေ ဆူညံလွန်း၍ အသံအနည်းငယ်တိုးသည့်အချိန်ကို ခဏစောင့်ရသေးသည်။

" ငါ့ကို ဒီခေါ်လာပေးတာ ကျေးဇူးပါပဲ Jungkookရာ။ ငါအခု စိတ်တွေပေါ့ပါးသွားသလို ခံစားနေရတယ် "

" ဒါဆို မင်းထပ်ပြီးပျော်ရအောင် ငါပါ ဝင်ကပေးရမလား "

Jungkook ဒီလိုပြောလာတော့ ထယ်ယောင်းက အံ့သြသလို ကြည့်လာသည်။ Jungkookက လူရှေ့သူရှေ့မှာ သူ့အတွက် ကပြဦးမည်တဲ့။ ပိုဆိုးသည်က ရိုးရိုးအကမျိုးမဟုတ်ဘဲ မိန်းကလေးသီချင်းဖြင့် ကပြရမည်။ ဒါက သိပ်ကို ရူးသွပ်လွန်းတဲ့အတွေးမဟုတ်လား။

" မင်းရူးနေလား လူလယ်ခေါင်မှာ မိန်းကလေးအက ကပြရမှာနော်။ တော်ရုံလူ စိန်မခေါ်ရဲတဲ့ကိစ္စနော် "

ထယ်ယောင်း ဒီလိုပြောလာတော့ Jungkookက သူ့မျက်ဝန်းတွေဆီ လေးနက်စွာကြည့်ရင်း ခပ်ယဲ့ယဲ့ကလေး ပြုံးပြလာသည်။ ထယ်ယောင်းအတွက် ဒီအပြုံးတွေက နားလည်ရခက်ပေမယ့်လည်းပေါ့။

" မင်းသာ ငါ့ကိုကစေချင်မယ်ဆို ငါကပြရမှာပေါ့။ မင်းပျော်ရွှင်ဖို့အတွက်ပဲလေ။ ဘယ်လိုလဲ ငါ့ကို ကစေချင်လား "

Jungkookစကားကြောင့် ထယ်ယောင်း ထပ်ပြီးအံ့သြရသည်။ Jungkook သူ့ကိုကြိုက်နေသော်လည်း ဒီလောက်အထိ လုပ်ပေးလိမ့်မည်မထင်ခဲ့။ အခုတော့ Jungkookက သူ့အရှက်ကိုတောင် မငဲ့ဘဲ သူ့အတွက် ​ကပြမယ်တဲ့လား။ ဒီအရူးကောင် သက်သက် စကားလုံးတွေနဲ့ ခြွေရန်ကြိုးစားနေသည်ထင်..။ ဒီလောက်နဲ့တော့ ထယ်ယောင်းတို့ မယုံကြည်နိုင်။ လက်တွေ့ပြမှ ယုံကြည်မည်။

" ကောင်းပြီ ဒါဆို ငါ့အတွက် ကပြပေးပါလား Jungkook "

Puppy eyesလေးဖြင့် ခပ်ချွဲချွဲလေသံဖြင့် ပြောလာခဲ့သော ထယ်ယောင်း၏စကားတို့ကို Jungkook တွန်းလှန်နိုင်စွမ်းမရှိ။ အပေါ်အင်္ကျီကို ထယ်ယောင်းဆီအပ်ထားခဲ့ရင်း လူအုပ်အလယ်ကို ဝင်လာခဲ့သည်။ Jungkookကိုမြင်တော့ အမျိုးသမီးထုကြီးထံမှ အော်ဟစ်အားပေးသံတွေ ဆူညံထွက်လာခဲ့သည်။

" ခက်ခဲတဲ့ challengeကို စိန်ခေါ်ရဲတဲ့ အမျိုးကောင်းသားလေးအတွက် Music... start! "

Jungkookအတွက် ပထမဆုံးသီချင်းက MAMAMOO၏ Hip ဖြစ်ပြီး အကအမျိုးအစား အနည်းငယ်မာသဖြင့် ယောက်ျားလေးအတွက် သိပ်အခက်အခဲမရှိသေး။ သို့သော် အမျိုးသမီးထုကြီး၏ အားပေးမှုက လိုအပ်တာထက် ပိုပြီးမြိုင်ဆိုင်နေသည်။ Jungkookကတော့ ပရိသတ်ကိုအာရုံမရှိ သူ့အကြည့်တွေက ထယ်ယောင်းတစ်ယောက်တည်းဆီမှာ ရှိနေသည်။

ပြုံးယောင်သန်းနေသော ထယ်ယောင်းမျက်နှာကိုကြည့်ရင်း ကပြနေရသဖြင့် ရှက်ကြောက်နေဖို့ဝေးစွ လောကကြီးကိုပင် သူမေ့ထားနိုင်သည်။ ဒါက သူချစ်တဲ့သူအတွက် အချစ်တွေကိုထုတ်ပြခြင်း။ အချစ်မှာ ရှက်ကြောက်တာတွေ မရှိသင့်ဟု သူယူဆထားသည်။

ရုတ်တရက် ပြောင်းလဲသွားခဲ့သော သံစဥ်ကြောင့် အမျိုးသမီးထုကြီးဆီက အော်သံတွေပိုကျယ်လာသည်။ မိန်းကလေးဆန်ဆန် ပျော့ပြောင်းသောကကွက်များပါသည့် TWICEအဖွဲ့၏ fancy. . ယောက်ျားဆန်သော Jungkookနှင့် ဒီအရာက လုံးဝဆက်စပ်လို့မရ။ သို့သော် အချစ်ကပေးသည့်ခွန်အားက Jungkookကို မဖြစ်နိုင်တာလည်း လုပ်တတ်သွားစေခဲ့သည်။

သူ့မျက်နှာကို လှမ်းကြည့်ရင်း Fancyဖြင့် နူးညံ့ပျော့ပြောင်းစွာ ကပြနေသော Jungkookကြောင့် ထယ်ယောင်းရင်ထဲ တလှပ်လှပ်ဖြစ်ကုန်သည်။ Fancy. .. You....ဆိုပြီး အသံရှည်ဆွဲသည့်နေရာအရောက် Jungkookကပြလိုက်ပုံကြောင့် ပရိသတ်ဆီက ဝိုးခနဲအသံတွေ ထပ်ထွက်လာပြီး မိန်းကလေးအချို့ ဖုန်းထုတ်လိုက်သည်ကို ထယ်ယောင်း သတိပြုမိလိုက်သည်။

ဒါကိုမြင်မြင်ချင်း ထယ်ယောင်းစိတ်ထဲ မလိုမကျဖြစ်လာသည်။ Jungkookက သူ့အတွက်က့ပနေသည်ကို အခြားသူက ဗီဒီယိုခိုးရိုက်ဖို့ကြံနေသည်တဲ့။ ထယ်ယောင်း ရုတ်တရက်ထူပူသွားသဖြင့် သူ့ကိုယ်သူပင် သတိမထားမိဘဲ လူအုပ်ကြားထဲတိုးကာ ကနေဆဲဖြစ်သည့် Jungkookကို လက်ဆွဲခေါ်လာခဲ့သည်။ ပြင်ဆင်ချိန်မရလိုက်သော Jungkookလည်း ထယ်ယောင်း လက်ဆွဲခေါ်ရာနောက် ကြောင်အန်းအန်းဖြင့်ပါလာခဲ့သည်။

လူအုပ်ကြီးကတော့ သူတို့နှစ်ယောက်ကို အထူးအဆန်းသဖွယ်ကြည့်ရင်း ဟာခနဲ ဟင်ခနဲဖြစ်ကျန်နေခဲ့သည်။ ထိုမြင်ကွင်းကို မိန်းကလေးတစ်ယောက်က ဖုန်းဖြင့် အမိအရ မှတ်တမ်းတင်လိုက်နိုင်သည်။ Jungkookတို့ ထွက်လာခဲ့ပြီးနောက် ပွဲက စိန်ခေါ်သူအသစ်ဖြင့် ပြန်လည်စတင်ခဲ့သည်။

" နောက်တစ်ခါ ငါ့အတွက်နဲ့ အဲ့လို ရူးကြောင်ကြောင်အလုပ်တွေ ထပ်မလုပ်မိစေနဲ့။ Yerinနဲ့ကိစ္စ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ငါ့ကို အချိန်ပေး။ မင်းအတွက် ငါစဥ်းစားပေးမယ်။ ဒါပေမဲ့ ငါမ​သေချာဘူးနော်။ ငါက ယောက်ျားလေးတစ်ယောက်ကို ချစ်လာနိုင်ပါ့မလားဆိုတာ မင်းကံတရားနဲ့ပဲဆိုင်တယ် Jungkook "

အပြင်ရောက်ရောက်ချင်း ထယ်ယောင်း ဆီးပြီးပြောလာသော စကားကြောင့် Jungkook ပါးစပ်အဟောင်းသား ဖြစ်ရသည်။ ပြီးမှ ဝမ်းသာအားရ ခေါင်းညိမ့်ပြရင်း မျောက်အုန်းသီးရသလို ဂဏာမငြိမ်ဖြစ်လျှက်..။

" ရတယ် ထယ်ထယ်။ မင်းငါ့ကို စဥ်းစားပေးမယ်ဆိုတာနဲ့တင် ငါအရမ်းပျော်နေပြီ။ အချိန်ဘယ်လောက်ကြာကြာ ငါစောင့်နိုင်ပါတယ်။ စောင့်ပြီးမှ မင်းငါ့ကိုမချစ်လာဘူးဆိုလည်း ငြင်းလို့ရတယ်နော်။ ငါက မင်းဆန္ဒကို အလေးထားပေးမှာ "

အသည်းအသန်ကြီး ပျော်ပြနေသော Jungkookကြောင့် ထယ်ယောင်း နှုတ်ခမ်းစူလျှက် အပြုံးမမည်သောအပြုံးဖြင့် Jungkookကို မျက်နှာချင်းဆိုင်လာသည်။

" ဟွန့် အရူးကောင်။ အိမ်ပြန်ကြမယ် ကားတံခါးဖွင့်တော့ "

အွန့်လည်းမဟုတ် ဟွန့်ဟူ၍လည်း ပီပီပြင်ပြင်မထွက်သော ထယ်ယောင်း လေသံကြောင့် Jungkookရင်ထဲ ကလိလိဖြစ်ရသည်။ နူးညံ့သော အချစ်၏အမိန့်တော်ကို မလွန်ဆန်နိုင်ဘဲ ကားတံခါးဖွင့်ပေးပြီး ကားပေါ်တက်စေလိုက်သည်။ ထယ်ယောင်း ကားပေါ်ရောက်သည်နှင့် ကားတံခါး သေချာပိတ်ပေးပြီး သူပါကားပေါ်တက်လိုက်ကာ ပျော်ရွှင်စရာ အပြန်ခရီးကို စတင်လိုက်လေ၏။
~~~~~xxxxx~~~~

Jungkookတို့ ကွန်ဒိုဆီအပြန်လမ်းမှာပင် Social Mediaတစ်ခွင် သူတို့အကြောင်းက ဂယက်ထနေခဲ့ပြီ။ ပုံနှင့်တကွတင်ထားသော statusအောက်မှာ မျိုးစုံသော commentတို့က ပွထနေခဲ့၏။

" ဆိုဝန် စျေးဝယ်စင်တာက randomပွဲမှာ ချစ်စရာကပြသွားတဲ့ကောင်လေး။ ကနေရင်းတန်းလန်း နောက်ကောင်လေးတစ်ယောက်က အတင်းလာဆွဲခေါ်သွားတယ် "

" ဟယ် နှစ်ယောက်လုံး အချောလေးတွေပဲ Accသိရင် လင်းကြပါဦး "

" တို့ကတော့ ဒီနှစ်ယောက်ကို shipပြီ။ အကြည့်တွေက သူ့ကောင်လေးကို သဝန်တိုနေတဲ့ပုံ "

" အို မြင်မြင်ချင်း ကြွေသွားပြီကွယ် "

" သူတို့က တကယ်သာအတွဲဆိုရင် ငါက ရေအဆုံး မိုးအဆုံး supportမှာ။ ငါလည်း shipper team "

" Accရဖို့က အဓိက။ သိရင် အချင်းချင်း ပြန်လင်းကြပါ။ အမျိုးသမီးထုကြီး စည်းလုံးချိန်တန်ပြီ "

To be continued..

EPISODE - 15 (Zawgyi)

တကၠသိုလ္ ကားပါကင္..။ ထယ္ေယာင္း တိုက္ခန္းျပန္ခ်င္သည္ဆိုကာ ဖုန္းဆက္လာသျဖင့္ Jungkook ကားေပၚ လာထိုင္ေစာင့္ေနျခင္းျဖစ္သည္။ ဒီေန႔က ေက်ာင္းသားေတြအတြက္ ေပ်ာ္႐ႊင္ရေသာေနမို႔ အတန္းထဲမွာလည္း လူမ႐ွိသျဖင့္ ထယ္ေယာင္းနဲ႔အတူ သူလည္း တစ္ခါတည္း ျပန္လိုက္ေတာ့မည္ စိတ္ကူးထားသည္။ ေဆာ့ဂ်င္က နမ္ဂြၽန္းႏွင့္ အတူ႐ွိေနသျဖင့္ သူ႕အတြက္က ပူစရာမ႐ွိ။ တစ္ေယာက္ကိုတစ္ေယာက္ အေဖာ္ျပဳရင္း ေက်ာင္းမွာဆက္ေနခ်င္လည္း ေနၾကမေပါ့။

Jungkook ကားေပၚေရာက္ၿပီး သိပ္မၾကာခင္ ထယ္ေယာင္း ကားတံခါးဆြဲဖြင့္ရင္း ကားေပၚတက္လာသည္။ ထယ္ေယာင္း မ်က္ႏွာသိပ္မေကာင္းတာျမင္ေတာ့ Jungkookစိတ္ထဲ ပူပန္မိေသာ္လည္း ေမးဖို႔က မဝံ့မရဲ။ စိတ္မ႐ွည္ဘဲ ထဆဲေနမွျဖင့္ ထယ္ေယာင္း အလွပ်က္ေနမည္။ ဒီလို ေခ်ာေမာၿပီး ခ်စ္စရာေကာင္းသည့္ ထယ္ေယာင္း၏ ႏႈတ္ခမ္းဖ်ားမွ ၾကမ္းတမ္းသည့္စကားလုံးတို႔ ထပ္မထြက္ေစလိုေတာ့သည္မွာ သူ႕ဆႏၵအမွန္ပင္။

" ကားတံခါးကို ေသမလို႔ ေလာ့မခ်ထားတာလား။ ကားပါကင္က လူျမင္ကြင္းမွာမို႔လို႔ေပါ့။ လူျပတ္တဲ့ေနရာသာဆို လူဆိုးေတြ ကားတံခါးလြယ္လြယ္ဖြင့္ဝင္ၿပီး မင္းကို တက္လုပ္သြားလိမ့္မယ္ "

Jungkook ဆႏၵမျပည့္လိုက္ရ။ ထယ္ေယာင္းဆီက စကားၾကမ္းၾကမ္းေတြ ၾကားလိုက္ရျပန္သျဖင့္ Jungkook အေတြးေတြပ်က္ျပယ္ကုန္သည္။ သို႔ေသာ္ အခုေျပာေသာစကားက သူ႕အတြက္ စိုးရိမ္ၿပီးေျပာသည္ျဖစ္၍ ဝမ္းသာရမလိုလို႐ွိသည္။ စကားလုံးေတြသာ ၾကမ္းတမ္းမေနခဲ့လွ်င္ သူအျပည့္အဝေပ်ာ္မိလိမ့္မည္ ထင္သည္။

" ထယ္ထယ္ မင္းစိတ္ညစ္ေနတာလား။ ငါ့ကို စကားေျပာတာ အရမ္းၾကမ္းတမ္းေနတယ္။ ငါမင္းကို စိတ္ဆိုးေအာင္ ဘာေတြလုပ္မိထားလို႔လဲ။ မနက္က ငါမင္းကိုစလိုက္မိတာ အခုထိ စိတ္မေျပေသးလို႔လား။ ဒါဆိုလည္း... "

ထယ္ေယာင္း ဘာေတြျဖစ္ပ်က္ခဲ့လဲ သူေသခ်ာမသိ။ သူ႕ေၾကာင့္သာျဖစ္ခဲ့လွ်င္ ဟူေသာ သေဘာျဖင့္ ဒီလိုဖြင့္ေမးလိုက္ျခင္းသာ။ အကယ္၍ ထယ္ေယာင္း စိတ္ညစ္ေနရသည္က သူ႕ေၾကာင့္ျဖစ္ေနလွ်င္ ထိုးလိုကထိုးႏိုင္ရန္ မ်က္ႏွာကိုပါ ထယ္ေယာင္းဘက္ တိုးေပးလိုက္သည္။

Yerinကိစၥ ေဝခြဲမရႏိုင္ျဖစ္၍ စိတ္ညစ္ၿပီးငိုလာၿပီးခါမွ Jungkookကပါ ဇြတ္ တရားခံလုပ္ခ်င္ေနျပန္သျဖင့္ ထယ္ေယာင္း ပိုစိတ္ညစ္ရသည္။ မနက္က Jungkookစေနာက္လိုက္သည္က စိတ္ဆိုးေနဖို႔ေဝးလို႔ သူ႕မွတ္ညဏ္ထဲမွာေတာင္ ေရးေတးေတးျဖစ္ေနေလၿပီ။ ဒါကို သူက အထိုးခံဖို႔ မ်က္ႏွာကိုေတာင္ တိုးေပးေနေသးသည္။ ဒီေလာက္အထိေတာင္ လုပ္ဖို႔မလိုေသးဟု သူထင္သည္။

" ငါစိတ္ညစ္တာ မင္းေၾကာင့္လို႔ ဘာလို႔ထင္ရတာလဲကြာ။ ငါက မင္းအေပၚ အၿမဲတမ္း အျပစ္႐ွာတတ္တဲ့ေကာင္လို႔ မင္းထင္ေနတာလား။ မင္းမလုပ္ထားတဲ့ အျပစ္အတြက္နဲ႔ ဘာကိစၥ အထိုးခံဖို႔ မ်က္ႏွာႀကီးထိုးေပးရတာလဲ။ လက္သီးနဲ႔ထိုးရင္ အသားနာတတ္တာ မသိဘူးလား အ႐ူးေကာင္ရဲ႕ "

ပထမက ငိုထားသည့္အ႐ွိန္ေၾကာင့္ Jungkookအတြက္ စိတ္မေကာင္းျဖစ္မိသည္ႏွင့္ ထပ္ေပါင္းကာ ထယ္ေယာင္း ရင္ထဲက နင့္ခနဲခံစားလိုက္ရသည္။ မာေက်ာဟန္ေဆာင္ေနေသာ သူ႕ႏွလုံးသားက တကယ္တမ္းေတာ့ သိပ္ကိုႏူးညံ့လြန္းသည္။ အခုလည္း Jungkookအတြက္ စိတ္မေကာင္းလြန္းသျဖင့္ စကားေျပာရင္းဆိုရင္း ငိုေနမိေလၿပီ။

" အထိုးခံရရင္ နာမွန္းေတာ့ သိတာေပါ့။ ဒါေပမဲ့ ငါ့အသားနာတာထက္ မင္းဆီက စိတ္ညိဳညင္ခံရလို႔ ငါ့ႏွလုံးသားနာက်င္ရတာက ပိုဆိုးတယ္။ ငါမင္းကို ကေလးဘဝကတည္းက အၿမဲတမ္း ေပ်ာ္႐ႊင္ေအာင္ ထားေပးခဲ့တာ။ မင္းရဲ႕ေပ်ာ္႐ႊင္မႈတိုင္းက ငါ့ႏွလုံးသားရဲ႕႐ွင္သန္မႈအတြက္ အားျဖည့္ေျမၾသဇာေလးပဲ။ ဒါေၾကာင့္ ငါမင္းကို အၿမဲတမ္း ေပ်ာ္႐ႊင္ေစခ်င္တယ္။ ငါ့ေ႐ွ႕မွာ မင္းငိုတာျမင္ရတိုင္း မင္းစိတ္ညစ္ေနတာျမင္ရတိုင္း ငါ့ႏွလုံးသားေတြ ဘယ္ေလာက္ထိနာက်င္ရလဲ မင္းသိမယ္မထင္ဘူး "

စိတ္ဓာတ္မာေက်ာေသာ Jungkookလည္း သူ႕ရင္တြင္းမွျဖစ္တည္လာသည့္ စကားလုံးတို႔ကို ဖြင့္ဟရင္း မ်က္ရည္ေတြ ေဝ့ဝဲလာသည္။ ထယ္ေယာင္းႏွင့္ပတ္သက္လာလွ်င္ သူ႕ႏွလုံးသားက ဤသို႔ႏူးညံ့တတ္သည္၊ ခံစားလြယ္တတ္သည္။ သူ႕မ်က္စိေ႐ွ႕မွာ သူခ်စ္တဲ့သူမ်က္ရည္က်ေနတာ သူလည္း မ်က္ရည္ထိန္းႏိုင္ဖို႔ ဘယ္မွာတတ္ႏိုင္ေတာ့မည္နည္း။

" မင္းအခုလို နာက်င္ေနရတာက မင္းငါ့အေပၚ ေစာက္ေရးမပါတဲ့ အခ်စ္စိတ္ေတြထားေနလို႔ေလ။ ငါမင္းကို ျပန္ႀကိဳက္ႏိုင္ေျခမ႐ွိတာကို မင္းဟာမင္း တစ္ဖက္သတ္ဆက္ခ်စ္ေနလို႔ ဒီလိုေတြ ခံစားေနရတာ။ ငါေယာက်္ားသားေတြကို မယုံၾကည္တာ မခ်စ္လာႏိုင္တာ မင္းသိတယ္။ ဒါေတာင္ မင္းက ငါ့ကိုခ်စ္ေနေၾကာင္း ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေဖာ္ျပေနတယ္။ မင္းဘာလို႔ ငါ့အတြက္နဲ႔ နာက်င္ခံစားေပးေနရတာလဲ။ ငါ့ကိုမခ်စ္ေတာ့ရင္ မင္းဒီလို ခံစားရေတာ့မွာ မဟုတ္ေတာ့ဘူးေလကြာ "

Jungkookဆီက ေၾကေၾကကြဲကြဲ စကားေတြနားေထာင္ၿပီး မ်က္ရည္က်ေနဆဲျဖစ္သည့္ ထယ္ေယာင္းက ဒီစကားေတြကို အားယူေျပာလာခဲ့သည္။ ဘာရယ္ေၾကာင့္မွန္းမသိ ဒီစကားေတြေျပာေနရင္း သူ႕ႏွလုံးသားက နာက်င္ေနသလို ခံစားေနရသည္။ တစ္ခ်က္တစ္ခ်က္ ႐ႈိက္ငိုတိုင္း ခႏၶာကိုယ္က သိမ့္ခနဲတုန္သြားတတ္သည္။

သူ႕ရဲ႕ဒီလိုပုံစံကိုျမင္ၿပီး Jungkookလည္း ေပြ႕ဖက္ႏွစ္သိမ့္ေပးခ်င္႐ွာလိမ့္မည္။ သို႔ေသာ္ သူ႕အသားကိုမထိရဟု သူကိုယ္တိုင္အမိန္႔ထုတ္ထားသျဖင့္ Jungkook ႏွစ္သိမ့္ေပးဖို႔ မဝံ့မရဲျဖစ္ေနမွာ အေသအခ်ာေပ။ သိတဲ့အတိုင္း Jungkookက သူၿငိဳျငင္မွာ သိပ္ေၾကာက္တဲ့လူ မဟုတ္လား။

အမွတ္မထင္ ထယ္ေယာင္း ထုတ္ေျပာလိုက္သည့္စကားမွာ Jungkook သူ႕ကိုခ်စ္ေနသည္ကို သူသိထားၿပီးျဖစ္ေၾကာင္း ပါသြားခဲ့သည္။ ႐ုတ္တရက္မို႔ Jungkookလည္း ၾကားၾကားခ်င္း လန္႔သြားသလို႐ွိေသာ္လည္း သူ႕အမူအရာေတြက သိသာေနခဲ့သည္မို႔ ထယ္ေယာင္းသိေနတာ အဆန္းမဟုတ္ေၾကာင္း သူသေဘာေပါက္မိသည္။ ထယ္ေယာင္း ထပ္ေျပာခဲ့သည္က သူ႕ကိုမခ်စ္ေတာ့ရင္ Jungkook နာက်င္ရေတာ့မည္မဟုတ္ တဲ့။ Jungkook ဘက္ကေတာ့ နာက်င္ရလည္း ကိစၥမ႐ွိ ကိုယ္ခ်စ္တဲ့သူကို ခ်စ္ေနရဖို႔ကသာ အဓိကျဖစ္၏။

" မင္းငါ့ကို ျပန္မခ်စ္ႏိုင္လည္း ငါ့ကေတာ့ မင္းကိုဆက္ခ်စ္ေနမွာ။ မင္း ငါ့မဟုတ္တဲ့ အျခားတစ္ေယာက္နဲ႔ လက္ထပ္သြားရင္လည္း ငါမင္းကို ခ်စ္ေနဦးမွာပဲ။ ငါ့ႏွလုံးသားက မင္းကိုခ်စ္ဖို႔ ေ႐ြးခ်ယ္ၿပီးသားမို႔ ထာဝရအဆုံးထိ မင္းကိုဆက္ခ်စ္သြားမယ္။ ငါနာက်င္ရတယ္ဆိုတိုင္း ငါ့ကိုမခ်စ္ပါနဲ႔ေတာ့လို႔ မင္းတားလို႔မရဘူး ထယ္ထယ္။ နာက်င္ရလြန္းလို႔ ငါ့ႏွလုံးသား အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားရင္ေတာင္ ေနာက္ဆုံးက်န္ခ့တဲ့ ႏွလုံးသားအစိတ္အပိုင္းေလးက မင္းကို ဆက္ခ်စ္ေနဦးမွာ "

Jungkook ႏႈတ္ဖ်ားမွ အဆက္မျပတ္ ပြင့္အံထြက္လာေသာ စကားလုံးတို႔က ထယ္ေယာင္းရင္ထဲ စူးနစ္ဝင္ေရာက္သည္။ သို႔ေသာ္ သူ႕ႏွလုံးသားကို သူကိုယ္တိုင္ နားမလည္ႏိုင္ေသး။ အစြဲအလန္းႀကီးေသာစိတ္က သူ႕ႏွလုံးသားကို ျပန္ၿပီးလိမ္ညာဖို႔ အမ်ိဳးမ်ိဳး တြန္းအားေပးေနသည္။

ဒါက Jungkook ငါ့အေပၚ အနစ္နာခံလြန္းလို႔ ငါသနားေနမိတာ။ Yerinအေပၚ ငါအားနာစိတ္နဲ႔ သနားမိသလိုမ်ိဳး သူ႕ကိုလည္း သနားေနမိတာ။ Jungkookက ပိုရင္းႏွီးတဲ့သူမို႔ ငါပိုၿပီးနာက်င္ရ႐ုံပဲ။ ဒီေလာက္ေလးနဲ႔ေတာ့ အခ်စ္မျဖစ္ႏိုင္ေလာက္ဘူး။ ဟုတ္တယ္ ငါသူ႕ကို သနားေနမိ႐ုံပဲ။ ငါ့လိုလူက ေယာက်္ားတစ္ေယာက္ကို ဘယ္နည္းနဲ႔မွ ခ်စ္လာစရာအေၾကာင္းမ႐ွိဘူး။

အဲဲဒီေနာက္ေတာ့ သူတို႔ႏွစ္ေယာက္ၾကား ဘာစကားသံမွ ထြက္ေပၚမလာေတာ့ဘဲ တိတ္ဆိတ္သြားခဲ့ရသည္။ Jungkookလည္း ကားကိုစတင္ ေမာင္းထြက္လာခဲ့ၿပီး ကားေလးက လမ္းမႀကီးေပၚ ေရာက္လာခဲ့သည္။ Jungkook ကားကို ဂ႐ုတစိုက္ေမာင္းေနရင္း တစ္ခ်က္တစ္ခ်က္ ထယ္ေယာင္းဘက္ကို လွမ္းၾကည့္မိသည္။ ကားမွန္ျပတင္းကို ေခါင္းေလးမွီရင္း အျပင္ဘက္ဆီ အဓိပၸါယ္မဲ့စြာ ေငးၾကည့္ေနေသာ ထယ္ေယာင္းပုံရိပ္က Jungkookကို စိတ္မသက္မသာျဖစ္ေစသည္။

အခ်ိန္ကလည္း ေန႔လည္ပိုင္းသာ႐ွိေသးသျဖင့္ Jungkook ကြန္ဒိုဆီမျပန္ေသးဘဲ ထယ္ေယာင္းကို တစ္ေနရာရာကို ေခၚသြားဖို႔ စဥ္းစားမိသည္။ ထယ္ေယာင္းစိတ္ေတြ ေပါ့ပါးလန္းဆန္းသြားေစမယ့္ တစ္ေနရာရာကိုေပါ့..။

Jungkook ကားေလးက လမ္းဆုံတစ္ခုအေရာက္မွာ အျပန္လမ္းႏွင့္ဆန္႔က်င္ေသာ အျခားတစ္ဖက္ကို ေကြ႕လိုက္ၿပီး ထယ္ေယာင္းစိတ္ေျပလက္ေပ်ာက္ျဖစ္မည့္ တစ္ေနရာဆီသို႔ ဦးတည္လိုက္သည္။ Jungkook အျခားလမ္းကို ဦးတည္ေနေသာ္လည္း ထယ္ေယာင္းက စိတ္ဝင္စားပုံမရ။ သူ႕မ်က္ဝန္းမ်ားက ခုနကအတိုင္း အျပင္ဘက္ဆီ မိႈင္ေတြေငးေမာေနဆဲ။

ကားလမ္းမထက္ တေ႐ြ႕ေ႐ြ႕ခရီးဆက္ရင္း ကားေလးက ေစ်းဝယ္စင္တာႀကီးတစ္ခုေ႐ွ႕က ကားပါကင္မွာ ရပ္တန္႔သြားခဲ့သည္။ Jungkook ကားပါကင္မွာ ကားကိုေနရာယူလိုက္ေတာ့ ထယ္ေယာင္းက အခုမွ သတိဝင္လာဟန္ျဖင့္ Jungkookကို နားမလည္သလို မ်က္ဝန္းျဖင့္ ၾကည့္လာသည္။

" မင္းဘာလို႔ ဒီကိုလာရတာလဲ။ တစ္ခုခု ဝယ္စရာ႐ွိလို႔လား "

ထယ္ေယာင္းေမးခြန္းကို Jungkookျပန္မေျဖ ေနာက္ကလိုက္လာဖို႔ ေျခဟန္လက္ဟန္ျပကာ ကားေပၚက အရင္ဆင္းသြားသည္။ ထယ္ေယာင္းလည္း စိတ္ပင္ပန္းထားရသျဖင့္ စိတ္ေျပလက္ေပ်ာက္သေဘာျဖင့္ Juေနာက္ကလိုက္ရန္ ဆုံးျဖတ္ၿပီး ကားေပၚက လိုက္ဆင္းလာသည္။ ထယ္ေယာင္းဆင္းလာေတာ့ Jungkookကားကို ေလာ့ခ်ရင္း ေစ်းဝယ္စင္တာထဲသို႔ အေ႐ွ႕က ဦးေဆာင္ဝင္လာခဲ့သည္။

ေစ်းဝယ္စင္တာထဲ စဝင္ဝင္ခ်င္းမွာပဲ promotion areaမွာ သူတို႔အ႐ြယ္လူငယ္အခ်ိဳ႕ K pop randomပြဲ က်င္းပေနသည္ကို ေတြ႕လိုက္ရသည္။ ဒီဝါသနာ႐ွင္ လူငယ္ေလးေတြက ႏွစ္ပတ္တစ္ခါေလာက္ ဒီစင္တာမွာ ပြဲလာလုပ္ေလ့႐ွိၿပီး ဝါသနာပါသူ မည္သူမဆို ဝင္ႏႊဲႏိုင္သည္။ Jungkook ပြဲက်င္းပသည့္နား တိုးသြားေတာ့ ထယ္ေယာင္းလည္း ေနာက္က လိုက္လာခဲ့ရသည္။ သို႔ေသာ္ Jungkook ဘာရည္႐ြယ္ခ်က္နဲ႔ ဒီကိုလာသလဲ သူနားမလည္ႏိုင္။

" ဒီတစ္ေခါက္ ကြၽန္ေတာ္တို႔ စိန္ေခၚမယ့္ Challengeက ကိုယ့္ရဲ႕ genderကို swapလုပ္ၿပီး စိန္ေခၚရမွာပါ။ ေယာက်္ားေလးဆိုရင္ girl group songနဲ႔ ကျပရမွာျဖစ္ၿပီး အမ်ိဳးသမီးဆိုရင္ေတာ့ Boy Group songနဲ႔ ကျပရမွာပါ။ ကဲ ဘယ္သူ စၿပီး စိန္ေခၚမလဲ "

ပြဲစီစဥ္သူဟု ယူဆရေသာ လူငယ္ေကာင္ေလးက လူအမ်ားၾကားေအာင္ Challengeကိုေျပာျပရင္း လူအုပ္ႀကီးကို ပါဝင္လာေအာင္ ဖိတ္ေခၚေနသည္။ Challengeေၾကညာၿပီးသည္ႏွင့္ စိန္ေခၚလာမည့္သူကို အားလုံး စိတ္ဝင္စားေနၾကသည္။ ဝိုင္းၾကည့္ေနၾကသည္က လူငယ္ေတြခ်ည္းပဲမို႔ ပြဲက ဆူဆူညံညံ႐ွိလွသည္။

အားလုံး စိတ္ဝင္တစား႐ွိေနခိုက္ ေပါ့ေပါ့ပါးပါး crop topႏွင့္ ေဘာင္းဘီ႐ွည္အၾကပ္ဝတ္ထားသည့္ မိန္းကေလးငယ္တစ္ေယာက္ လူအုပ္အလယ္က ေနရာလြတ္ဆီ ထြက္လာခဲ့သည္။ ထိုေကာင္မေလးကို အဆင္သင့္ ျဖစ္မျဖစ္အရင္ေမးၿပီး အဆင္သင့္ျဖစ္ေၾကာင္း ေခါင္းညိမ့္ျပလာမွ MCလုပ္ေပးေနသည့္ ေကာင္ေလးက စတင္ရန္အခ်က္ေပးလိုက္သည္။

" ကဲ စိန္ေခၚသူ အဆင္သင့္ျဖစ္ၿပီ။ Music start! "

ပထမဆုံးလာသည့္ သီခ်င္းက BIGBANG၏ BANG BANG BANGသီခ်င္း..။ ဆူညံျမဴးႂကြေသာ သံစဥ္ႏွင့္အညီ က်ားရဲတစ္ေကာင္အလား အားမာန္အျပည့္ျဖင့္ ကျပလာေသာ ထိုမိန္းကေလးငယ္ေၾကာင့္ သီခ်င္းလိုက္ဆိုသူကဆို ေအာ္ဟစ္အားေပးသူက အားေပးႏွင့္ ပြဲက ၿမိဳင္ဆိုင္လွသည္။ ထိုစဥ္ ႐ုတ္တရက္ BTS၏ Mic drop သီခ်င္းေျပာင္းသြားသျဖင့္ မိန္းကေလးငယ္က ေျပာင္းသြားသည့္အလိုက္ ကကြက္ေျပာင္းကႏိုင္၍ Wowခနဲ ပြဲက်ကုန္သည္။

ျမန္ဆန္ မာထန္ေသာ အကကို မိန္းကေလးတစ္ေယာက္ အခုလို ကျပေနသည္ကို ဘယ္သူက ဘေဘာမက်ဘဲ ႐ွိႏိုင္မည္နည္း။ တက္တက္ႂကြႂကြ အားေပးေနသည့္ လူအုပ္အလယ္မွာ ထယ္ေယာင္းလည္း စိတ္ညစ္စရာေတြေမ့ကာ အနည္းငယ္ ေပ်ာ္႐ႊင္လာသလို႐ွိသည္။ သံစဥ္ႏွင့္အညီ ခႏၶာကိုယ္ကိုလႈပ္႐ြရင္း မ်က္ႏွာကလည္း ျပဳံးေယာင္သန္းလာသည္။

Mic dropမွ ႐ုတ္တရက္ Bling Bling သီခ်င္းေျပာင္းျပန္ေတာ့ ထိုမိန္းကေလးငယ္က အလိုက္သင့္ေလး ကႏိုင္ျပန္သျဖင့္ ပရိသတ္က ပိုၿပီးအားေပးၾကမ္းလာသည္။ လက္ခုပ္သံေတြ၊ ေအာ္ဟစ္အားေပးသံေတြ ပိုမိုက်ယ္ေလာင္လာခဲ့ၿပီး ထယ္ေယာင္းပါ လိုက္ေအာ္မိသည္အထိ။ Jungkook ေအာ္လိုက္သည္ႏွင့္လည္း တိုက္ဆိုက္ေနျပန္၍ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ရယ္မိၾကေသးသည္။

" ငါမင္းကို ဘာလို႔ ဒီကိုေခၚလာလဲ မင္းသိၿပီမဟုတ္လား။ ဘယ္လိုလဲ စိတ္ေတြေပါ့ပါးသြားၿပီလား "

အသံေတြဆူေနသည့္ၾကားက Jungkookတစ္ေယာက္ ထယ္ေယာင္းၾကားႏိုင္ေအာင္ ေမးခြန္းထုတ္လာေတာ့ ထယ္ေယာင္းက ျပဳံးၿပီး ေခါင္းညိမ့္ျပသည္။ ထိုစဥ္ ကျပေနေသာေကာင္မေလးက သီခ်င္းသုံးပုဒ္ျပည့္ၿပီး ပရိသတ္ကို မိတ္ဆက္ေနသည္။ ပရိသတ္၏ ေအာ္ဟစ္အားေပးသံေတြ ဆူညံလြန္း၍ အသံအနည္းငယ္တိုးသည့္အခ်ိန္ကို ခဏေစာင့္ရေသးသည္။

" ငါ့ကို ဒီေခၚလာေပးတာ ေက်းဇူးပါပဲ Jungkookရာ။ ငါအခု စိတ္ေတြေပါ့ပါးသြားသလို ခံစားေနရတယ္ "

" ဒါဆို မင္းထပ္ၿပီးေပ်ာ္ရေအာင္ ငါပါ ဝင္ကေပးရမလား "

Jungkook ဒီလိုေျပာလာေတာ့ ထယ္ေယာင္းက အံ့ၾသသလို ၾကည့္လာသည္။ Jungkookက လူေ႐ွ႕သူေ႐ွ႕မွာ သူ႕အတြက္ ကျပဦးမည္တဲ့။ ပိုဆိုးသည္က ႐ိုး႐ိုးအကမ်ိဳးမဟုတ္ဘဲ မိန္းကေလးသီခ်င္းျဖင့္ ကျပရမည္။ ဒါက သိပ္ကို ႐ူးသြပ္လြန္းတဲ့အေတြးမဟုတ္လား။

" မင္း႐ူးေနလား လူလယ္ေခါင္မွာ မိန္းကေလးအက ကျပရမွာေနာ္။ ေတာ္႐ုံလူ စိန္မေခၚရဲတဲ့ကိစၥေနာ္ "

ထယ္ေယာင္း ဒီလိုေျပာလာေတာ့ Jungkookက သူ႕မ်က္ဝန္းေတြဆီ ေလးနက္စြာၾကည့္ရင္း ခပ္ယဲ့ယဲ့ကေလး ျပဳံးျပလာသည္။ ထယ္ေယာင္းအတြက္ ဒီအျပဳံးေတြက နားလည္ရခက္ေပမယ့္လည္းေပါ့။

" မင္းသာ ငါ့ကိုကေစခ်င္မယ္ဆို ငါကျပရမွာေပါ့။ မင္းေပ်ာ္႐ႊင္ဖို႔အတြက္ပဲေလ။ ဘယ္လိုလဲ ငါ့ကို ကေစခ်င္လား "

Jungkookစကားေၾကာင့္ ထယ္ေယာင္း ထပ္ၿပီးအံ့ၾသရသည္။ Jungkook သူ႕ကိုႀကိဳက္ေနေသာ္လည္း ဒီေလာက္အထိ လုပ္ေပးလိမ့္မည္မထင္ခဲ့။ အခုေတာ့ Jungkookက သူ႕အ႐ွက္ကိုေတာင္ မငဲ့ဘဲ သူ႕အတြက္ ​ကျပမယ္တဲ့လား။ ဒီအ႐ူးေကာင္ သက္သက္ စကားလုံးေတြနဲ႔ ေႁခြရန္ႀကိဳးစားေနသည္ထင္..။ ဒီေလာက္နဲ႔ေတာ့ ထယ္ေယာင္းတို႔ မယုံၾကည္ႏိုင္။ လက္ေတြ႕ျပမွ ယုံၾကည္မည္။

" ေကာင္းၿပီ ဒါဆို ငါ့အတြက္ ကျပေပးပါလား Jungkook "

Puppy eyesေလးျဖင့္ ခပ္ခြၽဲခြၽဲေလသံျဖင့္ ေျပာလာခဲ့ေသာ ထယ္ေယာင္း၏စကားတို႔ကို Jungkook တြန္းလွန္ႏိုင္စြမ္းမ႐ွိ။ အေပၚအက်ႌကို ထယ္ေယာင္းဆီအပ္ထားခဲ့ရင္း လူအုပ္အလယ္ကို ဝင္လာခဲ့သည္။ Jungkookကိုျမင္ေတာ့ အမ်ိဳးသမီးထုႀကီးထံမွ ေအာ္ဟစ္အားေပးသံေတြ ဆူညံထြက္လာခဲ့သည္။

" ခက္ခဲတဲ့ challengeကို စိန္ေခၚရဲတဲ့ အမ်ိဳးေကာင္းသားေလးအတြက္ Music... start! "

Jungkookအတြက္ ပထမဆုံးသီခ်င္းက MAMAMOO၏ Hip ျဖစ္ၿပီး အကအမ်ိဳးအစား အနည္းငယ္မာသျဖင့္ ေယာက်္ားေလးအတြက္ သိပ္အခက္အခဲမ႐ွိေသး။ သို႔ေသာ္ အမ်ိဳးသမီးထုႀကီး၏ အားေပးမႈက လိုအပ္တာထက္ ပိုၿပီးၿမိဳင္ဆိုင္ေနသည္။ Jungkookကေတာ့ ပရိသတ္ကိုအာ႐ုံမ႐ွိ သူ႕အၾကည့္ေတြက ထယ္ေယာင္းတစ္ေယာက္တည္းဆီမွာ ႐ွိေနသည္။

ျပဳံးေယာင္သန္းေနေသာ ထယ္ေယာင္းမ်က္ႏွာကိုၾကည့္ရင္း ကျပေနရသျဖင့္ ႐ွက္ေၾကာက္ေနဖို႔ေဝးစြ ေလာကႀကီးကိုပင္ သူေမ့ထားႏိုင္သည္။ ဒါက သူခ်စ္တဲ့သူအတြက္ အခ်စ္ေတြကိုထုတ္ျပျခင္း။ အခ်စ္မွာ ႐ွက္ေၾကာက္တာေတြ မ႐ွိသင့္ဟု သူယူဆထားသည္။

႐ုတ္တရက္ ေျပာင္းလဲသြားခဲ့ေသာ သံစဥ္ေၾကာင့္ အမ်ိဳးသမီးထုႀကီးဆီက ေအာ္သံေတြပိုက်ယ္လာသည္။ မိန္းကေလးဆန္ဆန္ ေပ်ာ့ေျပာင္းေသာကကြက္မ်ားပါသည့္ TWICEအဖြဲ႕၏ fancy. . ေယာက်္ားဆန္ေသာ Jungkookႏွင့္ ဒီအရာက လုံးဝဆက္စပ္လို႔မရ။ သို႔ေသာ္ အခ်စ္ကေပးသည့္ခြန္အားက Jungkookကို မျဖစ္ႏိုင္တာလည္း လုပ္တတ္သြားေစခဲ့သည္။

သူ႕မ်က္ႏွာကို လွမ္းၾကည့္ရင္း Fancyျဖင့္ ႏူးညံ့ေပ်ာ့ေျပာင္းစြာ ကျပေနေသာ Jungkookေၾကာင့္ ထယ္ေယာင္းရင္ထဲ တလွပ္လွပ္ျဖစ္ကုန္သည္။ Fancy. .. You....ဆိုၿပီး အသံ႐ွည္ဆြဲသည့္ေနရာအေရာက္ Jungkookကျပလိုက္ပုံေၾကာင့္ ပရိသတ္ဆီက ဝိုးခနဲအသံေတြ ထပ္ထြက္လာၿပီး မိန္းကေလးအခ်ိဳ႕ ဖုန္းထုတ္လိုက္သည္ကို ထယ္ေယာင္း သတိျပဳမိလိုက္သည္။

ဒါကိုျမင္ျမင္ခ်င္း ထယ္ေယာင္းစိတ္ထဲ မလိုမက်ျဖစ္လာသည္။ Jungkookက သူ႕အတြက္က့ပေနသည္ကို အျခားသူက ဗီဒီယိုခိုး႐ိုက္ဖို႔ၾကံေနသည္တဲ့။ ထယ္ေယာင္း ႐ုတ္တရက္ထူပူသြားသျဖင့္ သူ႕ကိုယ္သူပင္ သတိမထားမိဘဲ လူအုပ္ၾကားထဲတိုးကာ ကေနဆဲျဖစ္သည့္ Jungkookကို လက္ဆြဲေခၚလာခဲ့သည္။ ျပင္ဆင္ခ်ိန္မရလိုက္ေသာ Jungkookလည္း ထယ္ေယာင္း လက္ဆြဲေခၚရာေနာက္ ေၾကာင္အန္းအန္းျဖင့္ပါလာခဲ့သည္။

လူအုပ္ႀကီးကေတာ့ သူတို႔ႏွစ္ေယာက္ကို အထူးအဆန္းသဖြယ္ၾကည့္ရင္း ဟာခနဲ ဟင္ခနဲျဖစ္က်န္ေနခဲ့သည္။ ထိုျမင္ကြင္းကို မိန္းကေလးတစ္ေယာက္က ဖုန္းျဖင့္ အမိအရ မွတ္တမ္းတင္လိုက္ႏိုင္သည္။ Jungkookတို႔ ထြက္လာခဲ့ၿပီးေနာက္ ပြဲက စိန္ေခၚသူအသစ္ျဖင့္ ျပန္လည္စတင္ခဲ့သည္။

" ေနာက္တစ္ခါ ငါ့အတြက္နဲ႔ အဲ့လို ႐ူးေၾကာင္ေၾကာင္အလုပ္ေတြ ထပ္မလုပ္မိေစနဲ႔။ Yerinနဲ႔ကိစၥ ႐ွင္း႐ွင္းလင္းလင္းျဖစ္ဖို႔ ငါ့ကို အခ်ိန္ေပး။ မင္းအတြက္ ငါစဥ္းစားေပးမယ္။ ဒါေပမဲ့ ငါမ​ေသခ်ာဘူးေနာ္။ ငါက ေယာက်္ားေလးတစ္ေယာက္ကို ခ်စ္လာႏိုင္ပါ့မလားဆိုတာ မင္းကံတရားနဲ႔ပဲဆိုင္တယ္ Jungkook "

အျပင္ေရာက္ေရာက္ခ်င္း ထယ္ေယာင္း ဆီးၿပီးေျပာလာေသာ စကားေၾကာင့္ Jungkook ပါးစပ္အေဟာင္းသား ျဖစ္ရသည္။ ၿပီးမွ ဝမ္းသာအားရ ေခါင္းညိမ့္ျပရင္း ေမ်ာက္အုန္းသီးရသလို ဂဏာမၿငိမ္ျဖစ္လွ်က္..။

" ရတယ္ ထယ္ထယ္။ မင္းငါ့ကို စဥ္းစားေပးမယ္ဆိုတာနဲ႔တင္ ငါအရမ္းေပ်ာ္ေနၿပီ။ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ငါေစာင့္ႏိုင္ပါတယ္။ ေစာင့္ၿပီးမွ မင္းငါ့ကိုမခ်စ္လာဘူးဆိုလည္း ျငင္းလို႔ရတယ္ေနာ္။ ငါက မင္းဆႏၵကို အေလးထားေပးမွာ "

အသည္းအသန္ႀကီး ေပ်ာ္ျပေနေသာ Jungkookေၾကာင့္ ထယ္ေယာင္း ႏႈတ္ခမ္းစူလွ်က္ အျပဳံးမမည္ေသာအျပဳံးျဖင့္ Jungkookကို မ်က္ႏွာခ်င္းဆိုင္လာသည္။

" ဟြန္႔ အ႐ူးေကာင္။ အိမ္ျပန္ၾကမယ္ ကားတံခါးဖြင့္ေတာ့ "

အြန္႔လည္းမဟုတ္ ဟြန္႔ဟူ၍လည္း ပီပီျပင္ျပင္မထြက္ေသာ ထယ္ေယာင္း ေလသံေၾကာင့္ Jungkookရင္ထဲ ကလိလိျဖစ္ရသည္။ ႏူးညံ့ေသာ အခ်စ္၏အမိန္႔ေတာ္ကို မလြန္ဆန္ႏိုင္ဘဲ ကားတံခါးဖြင့္ေပးၿပီး ကားေပၚတက္ေစလိုက္သည္။ ထယ္ေယာင္း ကားေပၚေရာက္သည္ႏွင့္ ကားတံခါး ေသခ်ာပိတ္ေပးၿပီး သူပါကားေပၚတက္လိုက္ကာ ေပ်ာ္႐ႊင္စရာ အျပန္ခရီးကို စတင္လိုက္ေလ၏။
~~~~~xxxxx~~~~

Jungkookတို႔ ကြန္ဒိုဆီအျပန္လမ္းမွာပင္ Social Mediaတစ္ခြင္ သူတို႔အေၾကာင္းက ဂယက္ထေနခဲ့ၿပီ။ ပုံႏွင့္တကြတင္ထားေသာ statusေအာက္မွာ မ်ိဳးစုံေသာ commentတို႔က ပြထေနခဲ့၏။

" ဆိုဝန္ ေစ်းဝယ္စင္တာက randomပြဲမွာ ခ်စ္စရာကျပသြားတဲ့ေကာင္ေလး။ ကေနရင္းတန္းလန္း ေနာက္ေကာင္ေလးတစ္ေယာက္က အတင္းလာဆြဲေခၚသြားတယ္ "

" ဟယ္ ႏွစ္ေယာက္လုံး အေခ်ာေလးေတြပဲ Accသိရင္ လင္းၾကပါဦး "

" တို႔ကေတာ့ ဒီႏွစ္ေယာက္ကို shipၿပီ။ အၾကည့္ေတြက သူ႕ေကာင္ေလးကို သဝန္တိုေနတဲ့ပုံ "

" အို ျမင္ျမင္ခ်င္း ေႂကြသြားၿပီကြယ္ "

" သူတို႔က တကယ္သာအတြဲဆိုရင္ ငါက ေရအဆုံး မိုးအဆုံး supportမွာ။ ငါလည္း shipper team "

" Accရဖို႔က အဓိက။ သိရင္ အခ်င္းခ်င္း ျပန္လင္းၾကပါ။ အမ်ိဳးသမီးထုႀကီး စည္းလုံးခ်ိန္တန္ၿပီ "

To be continued.. .

Okumaya devam et

Bunları da Beğeneceksin

53.1K 3.2K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
49.4K 13K 47
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
28.7K 1.5K 21
🌅ᑌᑎIᑕOᗪᗴ+ᘔᗩᗯᘜI🌅 🧵အဆုံးသတ်၏တထောင့်‌တနေရာ🧵 ᴀ ᴄᴏʀɴᴇʀ ᴏғ ᴛʜᴇ ᴇɴᴅ.. "ငါကတိပေးထားတယ် အရုပ်လေးရှိတဲ့နေရာ လိုက်လာခဲ့မယ်လို့ ဒီတခါတော့ ငါကအရုပ်လေးခံစားခဲ...
28.9K 6.5K 38
tk sinhala