Taehyung ဟန်မြစ်ကပြန်လာပီးတဲ့နေ့တည်းက ပုလင်းထောင်ပီးသောက်နေတာ တစ်ရက်တစ်ပိုင်းပင်ရှိနေပီ....ရေချိုးဖို့နေနေသာသာ မျက်နှာတောင်သစ်ရဲ့လားမသိ...ကြာတော့ Hoseok လဲမနေနိုင်တော့ပဲ....
" ယောင်းငယ်....ဒီလိုပဲနေနေတော့မှာလား....ကြာရင်ကျန်းမာရေးတွေ ထိလိမ့်မယ်ကွ...."
" ကျနော်ရင်မဆိုင်ရဲဘူး....Hyung...."
" ရင်မဆိုင်လို့မှ မရတာကွာ....ဒီလိုပဲခံစားနေတော့မှာလား....မင်းအနာဂတ်တွေရှိသေးတယ်လေယောင်းငယ်ရယ်..."
" ကျနော့ကိုခဏလေးထားခဲ့ပေးပါဗျာ...ဒီတစ်လုံးပဲသောက်တော့မှာပါ...."
သောက်နေရင်း မိနစ်အနည်းငယ်အကြာ စိတ်ဆုံးဖြတ်လိုက်သည်ထင်....
" Hyung..သိပ်မသောက်ထားဘူးမလား...Jimin hyung ကိုတွေ့ရင် ပိုင်ဆိုင်လိုစိတ်နဲ့ လူစိတ်ပျောက်သွားမှာစိုးလို့ ဘေးကနေထိန်းပေးပါ့လားHyung....ကျနော်ရေသွားချိုးလိုက်အုံးမယ်....ခဏပဲစောင့်ပေးနော်...."
" ယောင်းငယ်...Hyung လိုက်ပို့ရမလား....ယိုင်တိုင်တိုင်နဲ့ကွာ...ဒီလောက်သောက်ထားတာ လေဖြတ်ကုန်မှ ယောင်းငယ်ရယ်...."
" ဟားဟား...ကောင်းတာပေါ့ဗျာ....ချစ်ခြင်းမုန်းခြင်းမသိတော့...."
ဒီလိုနဲ့ Hoseok လဲစိတ်မချ၍ ရေကူချိုးပေးလိုက်ပီး သူပါရွှဲသွားသဖြင့် ခပ်သုပ်သုပ်ချိုးပီး Jimin ရှိရာထွက်ခဲ့ကြသည်
Entertainment ရောက်တော့ Practice Room ထဲတွင် Background dancer များနှင့် အကကျင့်နေသော နတ်သားလေး....အချိုးအဆစ်တစ်ခုစီတိုင်းက သိပ်ကိုကဗျာဆန်သည်....
ထိုနူးနူးညံ့ညံ့ကောင်လေးတစ်ယောက်က ဒီလောက်ရက်စက်လိမ့်မယ်လို့ ဘယ်သူထင်ရက်မလဲလေ....Taehyung ရောက်နေတာမြင်တော့ ချစ်ရသူနတ်သားလေး တစ်ချက်မျက်နှာပျက်သွားသည်ကိုတွေ့လိုက်တော့ ရင်ထဲစူးခနဲအောင့်လာပြန်သည်
လေ့ကျင့်ရေးခဏရပ်လိုက်ပီး Jimin လဲ Taehyung ရှိရာရောက်လာတော့ အဝေးကပင်ထောင်းထောင်းထနေသည့် ယမကာအနံ့ကို ရလိုက်သည်....အကင်းပါးသူပီပီ သူနှင့် မောင့်အကြောင်းသိပီးပီဖြစ်ကြောင်း ရိပ်မိလိုက်ပေမယ့်....
" Taehyung ah...Hyung မအားသေးဘူးလေ...ဘာလို့Practice room ထဲထိ လိုက်လာရတာလဲ...ညနေမှတွေ့နေကျနေရာမှာတွေ့ကျမယ်လေ...."
" ကျနော့ကိုအရူးလုပ်ခံရဖို့ ညနေထိထိုင်စောင့်နေရအုံးမှာပေါ့Hyung...."
" မင်းမူးလာတယ်ထင်တယ်...ဘေးမှာလူတွေနဲ့လေ...ညနေမှ တွေ့ကြမယ်လေ Taehyung ah..."
" ကျနော်ဘာအမှားလုပ်ခဲ့မိလို့ အဲ့လောက်ရက်စက်ရတာလဲဗျာ....ကျနော့ကို နဲနဲလေးတောင် မချစ်ခဲ့ဘူးလား...နောက်ဆုံးအနေနဲ့ ပြောခဲ့ပါဗျာ....Park Jimin ကို သိပ်ချစ်ခဲ့တဲ့ကျနော် ဘာတွေမှားခဲ့တာလဲဗျာ...."
" ချစ်ခဲ့တယ်....ဒါပေမယ့် ညီတစ်ယောက်ထက် ပိုလို့မရခဲ့ဘူး....Hyung တောင်းပန်ပါတယ် Taehyung nah...Hyung...Hyung Jungkookie နဲ့ ထပ်မခွဲပါရစေနဲ့တော့ ကောင်လေးရယ်....Hyung တို့ လမ်းခွဲဖို့အချိန်ကျပီထင်တယ်...."
" မပြောနဲ့....မကြားချင်ဘူး....ကျနော် Hyung ကိုသိပ်ချစ်တာလေဗျာ...လမ်းခွဲမပေးနိုင်ဘူးဗျ..."
Taehyung လေ့ကျင့်ရေးခန်းမထဲ လူရှိသည်မရှိသည် မသိတော့...Jimin နှုတ်ခမ်းလေးကို ဆွဲယူပီး တရှိုက်မက်မက် နမ်းပစ်လိုက်သည်....နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် ထိုနှုတ်ခမ်းလေးကို မလွှတ်ပေးချင်...ရင်ဘတ်ကဆောင့်တွန်းခြင်းခံလိုက်ရပီး ပါးပြင်ထက်သို့ ကျရောက်လာသော လက်သီးသေးသေးလေးက သိပ်ကိုအဆိပ်ပြင်းလှသည်လေ....
" မင်းနဲ့ငါနဲ့ဇာတ်လမ်း ဒီမှာတင်ပီးပီ Kim Taehyung...ငါမင်းကိုမမြင်ချင်တော့ဘူး....ငါ့မျက်စိရှေ့ကထွက်သွား...."
" သွားမှာပါ....တသက်လုံးမမြင်ရအောင် ဒီကမ္ဘာကြီးပေါ်ကပါ ပျောက်ကွယ်သွားပေးမယ် Hyung....ဒါပေမယ့် Hyung ကိုသိပ်ချစ်ခဲ့တဲ့ကောင်တစ်ကောင် ဒီကမ္ဘာကြီးပေါ်မှာရှိခဲ့တယ်ဆိုတာ Hyung သတိရပေးပါ...."
Taehyung ဒေါသနှင့် နာကျင်မှုတို့ရောထွေးသွားပီး စိတ်ထဲရှိရာ နာနာကျည်းကျည်းပြောပစ်ခဲ့သည်....ခြေလှမ်းကျဲတို့ကတော့ Entertainment အပြင်သို့လှမ်းလျက်ပေါ့...
" Jiminah...ရရဲ့လား...အဆင်ပြေရဲ့လား..."
" ရတယ် Hoseok...ငါအဆင်ပြေတယ်....Taehyung အရမ်းခံစားသွားရပီထင်တယ်....ငါမှားများသွားပီလားကွာ...."
" ဘယ်သူ့အမှားမှ မဟုတ်တဲ့ ကံကြမ္မာရဲ့ လှည့်စားမှုပါJimin ရာ...ငါနေပေးရမလားJimin...."
" ရတယ် Hoseok...ခဏနေ Jungkookie လာတော့မှာ...မင်းအတွက် Taehyung ကဘယ်လောက်အရေးပါလဲ ငါသတိထားမိပီးသားပါ သူငယ်ချင်းရာ...မင်းကိုလဲ တောင်းပန်ပါတယ်ကွာ...အမြန်လိုက်သွားလိုက်....ငါတို့နောက်နေ့မှ တွေ့ကြတာပေါ့..."
" မင်းကငါ့အချစ်ဆုံးသူငယ်ချင်းလေကွာ....ငါအပစ်ပြောရက်ပါ့မလား...နောက်မှတွေ့မယ်သူငယ်ချင်း...ငါလိုက်သွားလိုက်အုံးမယ်..."
Hoseok ပြောပီး နောက်မှလိုက်လာတော့ အပေါက်ဝတွင် Jungkook ကိုတွေ့သည်နှင့် ရှင်းပြဖို့ ပြင်လိုက်တော့....
" ကျနော်အစဆုံးမြင်လိုက်တယ် Hyung....Taehyung ကိုသေချာဂရုစိုက်ပေးပါHyung....ကျနော်အားနာနာနဲ့ပဲ အတ္တကြီးပါရစေဗျာ...."
Jungkook ပခုံးကို တချက်ပုတ်လိုက်ပီး Hoseok နှစ်သိမ့်အပြုံးနှင့် ပြုံးပြလိုက်ပီး နေရာကပင် ထွက်လာခဲ့လေသည်....Taehyung နောက်အမှီလိုက်ခဲ့ပေမယ့် Driver ဆီမှကားသော့တောင်းပီး ထွက်သွားသည်ကြောင့် ငယ်ထိပ်မြွေပေါက်သည့်အလား စိတ်ပူရပြန်သည်....ကားသော့ပေးလိုက်သည့်Driver ကိုလဲ ဒေါသနှင့်ကြိမ်းမောင်းလိုက်ပီး တွေ့ရာမြင်ရာကားတစ်စီးတား၍အမှီလိုက်ရတော့သည်
-----------------
Practice Room ထဲတွင် နံရံကိုမှီထိုင်နေသော ချစ်ရသူလေးမှာ အားငယ်စိတ်ကြောင့်ပင် သေးကွေးသွားသလားထင်မိသည်....Jungkook ဒီအခြေနေကနေ ဆွဲထုတ်သွားရမည်
ခေါင်းကိုငုံ့ထားသည်မှာလဲ သူ့ကိုယ်သူ Idol တစ်ယောက်ဆိုတာပင် မေ့နေသည့်အလား...ဆွေးဆွေးငေးငေးပုံစံလေးက သိပ်ကိုမာယာများလွန်းလှသည်လေ....
မာနတရားနှင့် ညီလေးတစ်ယောက်လို ချစ်ရသောသူကို ချိန်ခွင်ခွက်ပေါ်တွင် ချိန်ထိုးကြည့်မိခဲ့သည့် မျက်လှည့်ဆရာလေးက သိပ်ကိုအားငယ်နေလေရဲ့....သူငယ်ချင်းဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရသလို နုနုနယ်နယ်နှလုံးသားလေးနှင့် ကျနော့ကမ္ဘာလေးကိုလဲ အပစ်မတင်ရက်...ကျနော် ဝင်လာတာမြင်တော့ မျက်ရည်တွေကို အမြန်သုတ်လိုက်သော ကမ္ဘာငယ်လေးက ကျနော့မျက်စိထဲတွင်တော့ သိပ်ကိုဖြူစင်အပစ်ကင်းလွန်းသည်....အနားထိကပ်သွားလိုက်ပီး....
" ကိုကို...အဆင်ပြေရဲ့လား...."
" မောင်...မောင်အကုန်မြင်လိုက်တာလား...Hyung..ရှင်းပြ...."
" အိမ်ရောက်မှရှင်းမယ် ကိုကို....ခုသူများတွေလဲ ရှိနေတယ်..."
Jungkook အသဲစားလူဆိုးလေးကို နဲနဲတော့စိတ်ဆိုးသည်...ထို့ကြောင့် အသံတို့က အနဲငယ်မာနေသယောင်....
" အားလုံးကို ကျနော်တောင်းပန်ပါတယ်....ကျနော့ကြောင့် အနှောက်ယှက်ဖြစ်ရပီ...တောင်းပန်ပါတယ်ဗျာ..."
အခန်းထဲရှိ staff များနှင့် Background dancer များကလည်း နားလည်ပေးကြသည်....သို့သော် နံရံတိုင်းရဲ့ နားများကိုတော့ ပိတ်လို့မရခဲ့...
Jimin အားလုံးကို ဦးညွှတ်တောင်းပန်လိုက်ပီးသည်နှင့် ရှေ့က ငေါက်ခနဲထထွက်သွားသော Jungkook ခြေလှမ်းကျဲကြီးတွေနောက် မနဲအမှီလိုက်ခဲ့ရသည်....ကားပေါ်ရောက်တော့.....
" မောင် အိမ်တောင်ပြန်ရောက်တော့မယ်...Hyung ကိုစကားမပြောတော့ဘူးလား...."
" .............."
စကားမပြောပဲ သက်ပျင်းသာအကြိမ်ကြိမ်ချနေသော Jungkook ကြောင့် ခြေမကိုင်မိလက်မကိုင်မိ...
" မောင်....အဲ့လိုစကားမပြောဘဲနေတာ Hyung စိတ်ကိုသတ်နေသလိုပဲ....Hyung တောင်းပန်ပါတယ်ကွာ..."
Jungkook မပြောမဆိုလမ်းဘေးကားထိုးရပ်လိုက်တော့ ရုတ်တရက်မို့လန့်သွားသည့်အကောင်ပေါက်လေးက ပြူးပြူးလေးကြည့်နေပြန်သည်....
" မောင့်ကိုမတိုင်ပင်ပဲ တစ်ယောက်ထဲဖြေရှင်းနေတော့မှာလား.....မောင်က ကိုကို့အတွက်အရေးမပါဘူးပေါ့...."
" မဟုတ်ဘူးလေမောင်....မောင့်ကိုစိတ်မညစ်စေချင်လို့ပါ...ပီးတော့ ဒီကိစ္စတွေစဖြစ်ခဲ့တော့ မောင်က အဝေးမှာလေ...Hyung ကဘယ်လိုပြောပြရမှာလဲ...."
Jungkook အရစ်ပြုန်းသည်အထိ ရစ်ချင်လာ၍ ဆက်ရစ်နေပြန်သည်
" ဒါဆို ဘာလို့မဆက်သွယ်လဲ...မောင်မရှိတုန်း နောက်ထပ်ဘယ်သူတွေရှိသေးလဲ...မောင်နောက်မှသိရင် မလွယ်ဘူးနော်..."
" မောင်...Hyung ရဲ့အချစ်ဦးကလဲ မောင်ဖြစ်သလို အချစ်ဆုံးကလဲ မောင်ပဲ...."
" ဒါဆိုအချစ်အစတွေ အလယ်တွေ နောက်ပိတ်တွေရှိသေးတယ်ဆိုတဲ့သဘောပေါ့..."
Jungkook ပြောပီးသည်နှင့် နှုတ်ခမ်းကြီးဆူပီး ကားမှန်ချ၍ ဘေးပြတင်းသို့သာ ငေးကြည့်နေသည်....Jimin ခေါ်နေလဲ ပြန်မထူးတော့....
" မောင်....မောင်လို့....အဟင့်...အဟင့်...မောင်...ခေါ်နေတယ်လေ...."
ချစ်ရသူကိုကို့ဆီမှ ငိုသံလေးရောစွက်လာတော့ တင်းထားသည့်စိတ်များအရည်ပျော်သွားသည်....သို့သော် ဒီအကောင်ပေါက်လေးသိပ်ဆိုးသည်မဟုတ်လား....ပြန်မထူးပဲ ဆက်တင်းထားလိုက်တော့ ချုံးပွဲချငိုလေတော့သည်
" အီးဟီးဟီး....Hyung က ကိုယ့်ဖာသာနေတာလေ...အဲ့မိန်းမကြီးက အိမ်ထိလာပီးရန်လာစတာလေ....ပီးတော့ ပါးပါအရိုက်ခံခဲ့ရတာ သိရဲ့လားမောင်ရဲ့....အီးဟီးဟီး...ပီးတော့...မောင်နဲ့ Hyung ကိုလဲ သေခွဲခွဲဖို့ ဟင့် ဟင့် ကြံနေတာကို Hyung ကဒီတိုင်းထားလိုက်ရမှာလား အီးဟီးဟီး.."
Jungkook ငယ်ထိပ်ကိုမိုးကြိုးပစ်ခံရသလို ဆံပင်တွေပါထောင်သွားသည်....ဒေါသကြောင့်မေးရိုးတို့ တင်းခနဲ....ဘေးနားတွင်ထိုမိန်းမရှိနေလျှင် နေရာမှာပင် ဈာပနပွဲကျင်းပနေရလောက်ပီ....
" အဲ့မိန်းမခုဘယ်မှာလဲ....မောင်ကိုယ်တိုင်သွားထိုးမယ်...
ဘယ်မှာလဲသိလားကိုကို...."
မျက်ရည်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်နေပီး ကြည့်လာသည့်အကြည့်လေးနှင့်အတူ လက်တွေကိုဒေါသလျော့ပါဟုပြောနေသယောင် ဆုပ်ကိုင်ထားသော လက်လေးက စကားအများကြီးပြောတတ်လွန်းသည်ထင်သည်....
" ခုမှ ဆွဲမယ်ဖြဲမယ်လုပ်နေတာ...ခုဏကကျ စိတ်ဆိုးနေပီးတော့..."
" ဟီး....ခုဏက အဆိုးလေးကိုမှတ်လောက်အောင် အပစ်ပေးတာ...မောင်အမြတ်တနိုး ဥထားတဲ့ပါးလေးကိုများကွာ....အဲ့မိန်းမကြီးကတော့ မောင်နဲ့တွေ့ရင်မလွယ်ဘူး..."
" တော်ပါ...ခုစိတ်ဆိုးပြေပီပေါ့....အိမ်ပြန်ကြမယ်..."
" စိတ်ကမဆိုးရက်လို့ အစောထဲကမဆိုးတာ....နောက်ဆိုမောင့်ကို တစ်နေ့တာဘာဖြစ်ခဲ့လဲကအစ ပြောပြရမယ်နော်ကိုကို...."
" အင်း..ဟုတ်ပါပီမောင်ရယ်...ဒီနေ့ အီအီးဘယ်နှစ်တုံးပါလဲကစ ပြောပြမယ်...ဟီး...."
" ဟား...ညစ်ပတ်အိုးလေး...အဲ့လောက်ထိပြောစရာလားကွ...လွယ်လွယ်ပြောထွက်တဲ့အဲ့ပါးစပ်ကို အပစ်ပေးရမယ်..."
ရုန်းသူကရုန်း အတင်းချုပ်နမ်းသူကနမ်းနှင့် ညနေနေဝင်ဆည်းဆာက သိပ်ကိုလှပနေသည်
ကောင်းကင်တစ်ခုထဲတွင်ပင် အကျည်းတန်သော နေဝင်ဆည်းဆာတစ်ဖက်ခြမ်းလဲ ရှိနေသေးသည်
Taehyung ပြသနာဖြစ်ပီး Driver ဆီမှ ကားသော့တောင်းပီး ထွက်လာသည်မှာပင် အတော်ကြာခဲ့ပီ....ကားကိုလဲရောက်တတ်ရာရာမောင်းရင်း အတွေးထဲဝင်ဝင်လာသော ပုံရိပ်တွေကို ဖျောက်ပစ်ရသည်.....အတွေးတို့ကဝင်လာလိုက် လှောင်ရီနေလိုက် ပျောက်သွားလိုက်နှင့် ထိန်းချုပ်မရခဲ့....
နေမကွဲတကွဲ ညနေဆည်းဆာချိန်က အသဲကွဲနေသူအဖို့သိပ်ကိုအကျည်းတန်လှသည်....သောက်လာသောအရှိန်တို့ကို တင်လိုက်သည့်အလား အာရုံတွင်ပေါ်လာသောမြင်ကွင်းများက တရိပ်ရိပ်မူးဝေစေသည်....တရွေ့ရွေ့ပြေးနေသော ကားလေးကလဲ တစ်ဖက်လမ်းကြောရောက်လိုက် ကိုယ့်လမ်းကြောကို ပြန်ဝင်လာလိုက်နှင့် ဒယိမ်းဒယိုင်.....
ဦးတည်ချက်မရှိပဲမောင်းနှင်လာသောကားလေးက မြို့ပြင်သို့ပင်ရောက်နေပီ....မောင်းနှင်သူမှာတော့ ဘယ်ရောက်ရောက်ဆီမကုန်မချင်းရပ်မည့်ပုံမပေါ်....မြို့ပြင်လယ်ကွင်းထဲမှ ပြေးဝင်လာသော နွားအုပ်ကို ရုတ်တရက်တွေ့လိုက်တော့ သတိမကပ်သည့်ရလာဒ်အနေဖြင့် လီဗာနှင့်ဘရိတ်မှားနင်းမိပြန်သည်....နွားအုပ်နှင့်တိုက်မိရန် လက်တကမ်းအလိုမှ ကားလေးကလမ်းဘေးကွေ့ချလိုက်ပီး ရေမြောင်းထဲရေသောက်ဆင်းသွားသည်....မောင်းနှင်လာသော ပိုင်ရှင်ဖြစ်သူလေးမှာတော့ သတိရတချက်မရတစ်ချက်.....
Hoseok တစ်ယေက် Taxi ဖြင့် Taehyung နောက်အမှီလိုက်ခဲ့ပေမယ့် မြို့ပြင်တနေရာအရောက် လမ်းဘေးရေမြောင်းထဲသို့ ရေသောက်ဆင်းနေသော ကားလေးကိုမြင်တော့ ကမ္ဘာပျက်မတတ် ခြောက်ခြားသွားလေသည်....သတိရတချက်မရတချက်ဖြစ်နေသော Taehyung ကြောင့်လဲ ရင်တစ်ခုလုံး စုတ်ပြတ်သတ်သွားသည်
" ယောင်းငယ်....ဘာ..ဘာမှမဖြစ်ဘူးနော်...Hyung ကိုစကားပြောပါအုံး...အိပ်ပျော်သွားလို့မဖြစ်ဘူးကလေးလေး...Hyungက မင်းကိုသိပ်ချစ်တာကွ...ဒီပုံစံကြီးနဲ့ Hyung ကို မကျီစားနဲ့လေ ယောင်းငယ်လေးရယ်....
Hyung ယောင်းငယ်လေးကို အရမ်းချစ်တဲ့အကြောင်းမပြောရသေးဘူးလေ....ကလေးလေး သတိထားအုံးလေ....ယောင်းငယ်လေးHyungရှိတယ်နော်....အားတင်းထားပါကွာ...."
Taehyung ကို ကားထဲကဆွဲထုတ်လိုက်ပီး ကတ္တရာလမ်းပေါ်တွင် ဖက်ထား၍ Ambulance အလာစောင့်ရင်း သတိမေ့မသွားစေရန် စကားတဖွဖွပြောနေသည်....ဝတ်လာသော အင်္ကျီကိုလဲ ချွတ်ပီး သွေးထွက်သည့်နေရာကို ဖိထားပေးနေသေးသော မျှော်လင့်ချက်များစွာဖြင့် လူသားလေးတစ်ယောက် ကံကောင်းမည်လော ကံဆိုးမည်လော......
XXXXXXXXXXXXXXXXX
ယုတ်မာချက်သာသာရယ်....အဟဲအဲ့လိုပဲဖြစ်သွားတယ် 🙏🥴...ဖတ်ရတာ အများကြီးလိုနေမယ်ထင်တယ်....တိုးတက်နှုန်းနှေးတဲ့သာသာ့ကြောင့် ဖတ်ရတာပေါ့သွားရင် မီရမ်းပါရှင်💜💜💜💜💜💜💜
XXXXXXXXXXXXXXXXXXXX
ZAWGYI :
-----------------
" ကိုကို...အဆင်ပြေရဲ့လား...."
" .............."
ဘယ်မှာလဲသိလားကိုကို...."
XXXXXXXXXXXXXXXXX