အပိုင်း-(၃၀)

100K 9.6K 288
                                    

ညကြီးမင်းကြီး စာလုပ်နေရင်း မင်းဆက် အတွေးတွေက ဂယောက်ဂယက်။ ဘောပင်ကို တတောက်တောက် ခေါက်ရင်း ပြတင်းပေါက်အပြင်သို့ မျှော်ကြည့်နေမိသည်။

တစ်ချိန်တည်းမှာ သက်ပြင်းချမိတာလည်း အခါခါပင်...

လူတစ်ယောက်ကို ချစ်ရတာ တကယ် ပင်ပန်းပါသည်။ ကိုယ့်ဘက်က ချစ်မိသည့်နောက်မှာ သူပြန်ချစ်ပါ့မလားမည်သည့် စိုးရိမ်စိတ်က ဖိစီးပြန်၏။

ချစ်ဦးသူမလို့လည်း ပို၍ ပူပန်ခြင်းလားတော့မသိ...

တစ်ခါတလေ စူးစိုက်ကြည့်တတ်တာမှလွဲ၍ သူ့အပေါ် ဘာဆိုဘာမှ ပိုမနေသည့် ခန့်ဦးရှိန်။
Straight ဟု သူကိုယ်တိုင် ပြောနေသည် မဟုတ်ပါလား။

ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ဘဝမှာ တစ်ခါ ချစ်မြတ်နိုးသူကို ချစ်ခွင့်မပန်နိုင်စရာအကြောင်းမရှိသော်ငြားလည်း ကာကယံရှင်မှာ ယောက်ျားရင့်မာကြီးတစ်ယောက် ဖြစ်နေသည်။

ကိုကို သူ့ဘဝထဲရောက်လာသည့်နေ့မှစ၍ ပျော်သည်ဆိုတာထက်ပိုစွာ တဖြည်းဖြည်း ကြည်နူးလာရပါသည်။ အမြစ်တွယ်လာသည့် သံယောဇဥ် မှာ နုနုနယ်နယ်သူ့နှလုံးသားကို ရိုက်ခတ်သည်အထိ အခြေအနေတွေကို မလွန်ဆန်နိုင်ခဲ့။

ခပ်စူးစူးအကြည့်တွေ ၊ ဒေါသတကြီး အပြုအမူတွေ ၊ ဆဲဆိုသံတွေ နှင့် ဘုနှင့်ဘောက် ပြောတတ်သည့် ခပ်ချောချော လူတစ်ယောက်ကို စွဲလမ်းမိကတည်းက သူ့ကိုယ်သူ အံ့သြခဲ့ရသည်။

အိမ်နေရင်း စွပ်ကျယ် နှင့် ဘောင်းဘီတိုကို ဖြစ်သလိုဝတ်ထားလည်း တစ်ခါ ၊ များသောအားဖြင့် ဘာမှလိမ်းသင်ခြင်းမရှိသည့် ပုံပန်းသွင်ပြင်မှာ တစ်ဖန် အကြိမ်ကြိမ် ရင်ခုန်ခဲ့ရသည်။ Tattoo တွေရှိနေသော စီးကရက် သောက်တတ်သည့် ကိုကိုက သူ့နှလုံးသားကို ဘယ်အချိန်ကတည်းက ခိုးယူသွားသည်လဲ သူမရိပ်မိခဲ့ပါ။

ကိုကို့ကို ပတ်သတ်ချင်လွန်း၍ မိဘစကားအမြဲနားထောင်ခဲ့သည့် သူက ဖေကြီး၏ စကားကို ပထမဆုံး ဆန့်ကျင်ခဲ့သည်။

သို့ပေသည် နူးညံ့မှု စိုးစိမျှမရှိသည့် စိတ်မြန်လက်မြန် ဒေါသကြီးသော အမျိုးသားတစ်ယောက်အား စောင့်ရှောင့်ချင်ပါသည် ဟု ဖွင့်ဟဖို့အထိတော့ သူသေချာ စဉ်းစားရပါမည်။

Swamping with Intimacy(Season-1)Where stories live. Discover now