အပိုင်း-(၄၀)

110K 10K 3.6K
                                    

(Mature scene alert🚫)

"အွန်း...."

ရုန်းကန်လာသော လက်များကို သူ့ရင်ဘတ်တွင် ဆွဲချူပ်လိုက်သည်။ နှုတ်ခမ်းသားကို ပူးကပ်ကာ ထပ်လှုပ်ရှားလိုက်တော့ ထွက်သက်နွေးနွေးက သူ့ခံတွင်းထဲသို့ တလိမ့်လိမ့်ဝင်၏။ ထင်မထားသည့် အပြုအမူမို့ လန့်သွားသည့် မျက်နှာလေးကို ထိန်းကိုင်ကာ အနမ်းဖြင့်သာ ချော့ရသည်။

ခန့်ဦးရှိန် မြင်နေရသော မင်းဆက်၏ မျက်လွှာများက ပိတ်ချထား၏။ ရုန်းနေသော လက်များက ဆွဲချူပ်စရာမလိုဘဲ ငြိမ်ကျသွားမှ ခန့်ဦးရှိန်၏ ခံတွင်းထဲသို့ လျှာနီတာရဲလေးက တိုးဝင်လာသည်။

ကြည်ဖြူညံ့သက်စွာနှင့် သူ့ မျက်လွှာများကို ပိတ်ချပေးပြီးနောက်တွင် ခန့်ဦးရှိန်၏ ခါးသည် နူးညံ့စွာ ထွေးပွေ့ခြင်းခံလိုက်ရသည်။ စိတ်လိုလက်ရ တုံ့ပြန်နေမိသည့် အနမ်းများက ကြမ်းလာသည့်အလျောက် လည်ချောင်းတစ်လျှောက်မှ ညည်းသံသဲ့သဲ့က တိုးထွက်လာ၏။ ရှေ့တိုးလာသော မင်းဆက်ကြောင့် သူတဖြည်းဖြည်းနောက်ဆုတ်မိသွားကာ အနောက်မှ လူနာကုတင်သို့ ခါးကကပ်သွားသည်။

နမ်းရှိုက်နေရင်းမှပင် သူ့ Duty coat ကို ချွတ်ချလိုက်သော ကောင်လေးကြောင့် ခန့်ဦးရှိန်မျက်လုံးပြူးလာသည်။

ဘုရားရေ ! ငါတော့ ကိုယ်ကျိုးနည်းပြီ....

ကြမ်းပြင်ပေါ် ပုံကျသွားသော Duty coat ကိုမြင်မှ အသိဝင်လာကာ နမ်းနေရာက ဆတ်ခနဲခွာလိုက်၏။

"အဟွတ်...အဟွတ်"

အသက်ရှုကြပ်နေဟန် ချောင်းဟန့်နေသော ခန့်ဦးရှိန်ကို မင်းဆက် စိုက်ကြည့်လိုက်တော့ နှုတ်ခမ်းတွေက မီးကျီးခဲ လို ရဲတွတ်နေသည်။

ခုမှ နမ်းဖူးတာလား?

သူ့ကို ပြန်ကြည့်လာသော ရှက်သလိုလို ကြောက်သလိုလိုအကြည့်များတွင် မင်းဆက်သည် ကိန်းအောင်းနေသော ယောက်ျားတစ်ယောက်၏ တောင့်တစိတ်ဖြင့် အူယားလာမိသည်။

"ကိုကို...."

"ဘာ...ဘာလုပ်မလို့လဲ?"

ပြုံးစိစိနှင့် သူ့နားကပ်လာသော ကောင်လေးကြောင့် နောက်လှည့်ပြေးမည်လုပ်သော်လည်း လူနာကုတင်ကြီးက ခံနေ၏။

Swamping with Intimacy(Season-1)Where stories live. Discover now