အပိုင်း-(၆၄)

66.3K 7.1K 978
                                    

အလုပ်သမားတန်းလျားနှင့် ဆက်ထားသော ဖုန်းမှ Ringtone မြည်လာ၍ ခန့်ဦးရှိန် စာဖတ်နေရင်း ကောက်ကိုင်လိုက်သည်။

တစ်ဘက်မှ အကြောင်းပြန်လာသော ကိစ္စများကို သူခေါင်းတဆတ်ဆတ်ညိမ့်၍ နားထောင်သည်။

"အေး...အေး...အောက်မှာစောင့်နေလိုက်...ငါလာခဲ့မယ်..."

ထို့နောက် ဖုန်းကိုချကာ ဖတ်နေသော စာအုပ်ကို သိမ်းသည်။ စားပွဲခုံပေါ်မှ ပန်းပုရုပ်ကို ရွှေ့ကာ ပေါ်လာသော နံရံဝှက်ထဲမှ အခန်းထဲ ဆင်းဝင်သွား၏။

"ကျစ်....ငါထင်တဲ့အတိုင်းပဲ..."

Laptop screen မှ တစ်ဆင့် တစ်ခါမှ မမြင်ဖူးသော ၊ သိပ်ကြောက်စရာကောင်းသော ဂိုဏ်ကြီးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အလုပ်သမားများက ထုနှင့်ထည်။ ဖန်စားပွဲနောက် နံရံမှ ဂိုဏ်းအမှတ်အသား ပင့်ကူပုံကြီးမှာလည်း ခန့်ဦးရှိန်၏ ကျောမှ Tattoo နှင့် တစ်ပုံစံတည်း။ Tattoo ဆိုသည့်အရာက တိုက်ဆိုင်တာမျိုးရှိနိုင်သောကြောင့် သူထပ်ဆောင်းပြင်ဆင်ခဲ့သည့် လျှို့ဝှက်ပစ္စည်းကြောင့် ဆယ်စုနှစ်တစ်စုကြာ ရှာမရသည့် အမှုကို လိုက်နိုင်တော့မည်။

"Lawrint အကြောင်း ငါစုံစမ်းခိုင်းထားတာ ဘာထူးသေးလဲ?"

"ရတယ် ဆရာ....သူ့အကြောင်းတွေက ခုကျ ရှာလို့ တအားလွယ်နေတယ်...နာမည်အရင်းက ဦးခန့်ညား...သူ့ကိုယ်ရေးရာဇဝင်မှာတော့ မိသားစုဆိုတာ ရှာမရပေမဲ့...."

သုတအောင်က မဲ့ပြုံးတစ်ချက်ပြုံးရင်း ဆက်ပြောလာသည်။

"ခန့်ဦးရှိန်ရဲ့ ကိုယ်ရေးရာဇဝင်မှာတော့ အဖေနာမည်က ဦးခန့်ညားပါ..."

စားပွဲပေါ် တတောက်တောက်ခေါက်နေသော လက်ညိုးက ရပ်တန့်သွားသည်။ ဦးသိုက်ညွှန့် ကျေနပ်စွာ ပြုံးလိုက်ရင်း....

"ဒီလူက သိပ်လည်တာပဲကွ....ဂိုဏ်းကို သူကိုင်နေသလိုလိုနဲ့ သူ့သားကို လွှဲပေးထားတာ...သူကတော့ သာမာန်လုပ်ငန်းရှင်လို ဇာတ်မြှုပ်နေတာပဲ...သူ့အဖေကျ တော်ပြီး ဒီကောင်လေးက ဘာလို့ အ နေရတာလဲ?"

Screen ကို စိတ်ပျက်သလို ကြည့်လျက် ဆိုသည်။ သူ့သားနှစ်ယောက်လုံးက ခန့်ဦးရှိန်လို လူမျိုးမဖြစ်တာ ကံကောင်းလှသည်ဟု သားသမီးချင်းမစာမနာတွေးမိသေး၏။

Swamping with Intimacy(Season-1)Where stories live. Discover now