အပိုင်း-(၁၄)

85.7K 10.1K 373
                                    

"မင်းထက် ! မင်းဒါမှားနေပြီ....ဒီမှာ ကိုကြီး ပြမယ်"

ဆေးရုံက ပြန်ရောက်ပြီးကတည်းက ကျူရှင်က အိမ်စာပါလာသည်ဆိုသော သိုက်မင်းထက်ကို သူစာကူလုပ်ပေးနေသည်။

ဒီရက်ပိုင်း ကလေးတွေ စာမေးပွဲနီးလာတော့ သူဘောလုံးမကန်ဖြစ်။ အလုပ်မရှိလျှင် အိမ်မှာသာ အေးဆေး နားသည်။

တစ်ခါတလေ ခန့်ဦးရှိန်က ဖုန်းခေါ်သည်။ ဘောလုံးကန်ပြီးသည့်ညမှ စ၍ သူတို့အရင်ကထက် ရင်းနှီးသွားကြသည်။ ဖုန်းပြောလျှင် ဘာမှ ရေရေရာရာ ပြောတာတော့မဟုတ်၊ သူတစ်နေ့တာ လုပ်ခဲ့တာ ဖြစ်ခဲ့တာတွေကို လာပြောပြအဖော်ပြုခြင်းဖြစ်သည်။ ဒါက မင်းဆက်အတွက် စာဖတ်ချိန်သာ ထိခိုက်၏။ သို့သော်လည်း ခန့်ဦးရှိန်ကို ခင်၍ သူအချိန်ပေးနားထောင်ဖြစ်ပါသည်။ သူ့သူငယ်ချင်းခရီးသွားနေသောကြောင့် အထီးကျန်ပြီး သူနှင့်အဖော်လာလုပ်သည် ဟု မင်းဆက် ထင်မိသည်။

(ကတောင်)

Messenger မှ noti တက်လာ၍ ယူကြည့်မိတော့ ဟိုလူကြီးပင်။

"ငါမနက်ဖြန် ဆေးရုံလာခဲ့မယ်"

တိုတိုပြတ်ပြတ် စာ တစ်စောင်သာ ပို့လာသည်။

"ဘာဖြစ်လို့လဲဗျ...လူနာနေမကောင်းဘူးလား?"

သူ့စာကို Seen သာ ပြပြီး reply မလာ။
ကြည့်!ဒါတွေကြောင့် လူ့ဂွစာကြီး ဖြစ်နေတာ။
သူငယ်ချင်း အချင်းချင်းဆို စာပို့ရင် reply ပြန်ရမယ်လေ။

နဂိုထဲက ပြင်မရသည့် အကျင့်ကို သူ ထပ်ပြောမနေချင်တော့။

နေများမကောင်းလို့လား?

ချူပ်ရိုးများ ပြန်ပြေသွားတာလား?

သူ ဆေးတွေဘာတွေ သုံးနေတာတော့ မဟုတ်ပါဘူးနော်!

တစ်ခါက ပြောဖူးတာကို သတိရပြီး မင်းဆက် လန့်ဖျပ်သွားသည်။ ဆေးနှင့်ပတ်သတ်ပြီး တစ်ခုခုရောဂါဖြစ်လျှင်တော့ မင်းဆက် တို့ ဆေးရုံလို တရားဝင် နယ်မြေကို သူလာမှာမဟုတ်။

တကယ်ပါပဲ။ ဘာမှလဲ ပြောမသွားဘူး!

•••••

လွန်းအာကာ VD call ကိုကိုင်လိုက်တော့ screen မှာ ပေါ်လာသည့် ခန့်ဦးရှိန်၏မျက်နှာ က ပြောင်စပ်စပ်။

Swamping with Intimacy(Season-1)Where stories live. Discover now