အပိုင်း-(၄၂)

96.1K 8.7K 1.1K
                                    

မနက်စောစော လေဆိပ်က Coffee shop တွင် သံပုရာရနံ့လေး လွင့်ပျံ့နေသည်။ သန့်ရှင်းလှပသော ဆိုင်မှ အပြင်ရှုခင်းမြင်ရသည့်နေရာတွင် သူတို့ ထိုင်ဖြစ်ကြသည်။

မနေ့ညက ဘာမှမဖြစ်ခဲ့သလို Coffee သောက်လိုက် ၊ မုန့်စားလိုက်လုပ်နေသော မင်းဆက်က အမြင်ကတ်ဖို့ကောင်းစွာ လန်းဆန်းနေလျက်။

"တတ်လည်းတတ်နိုင်တဲ့ကောင်" ဟု ခပ်တိုးတိုးကျိန်ဆဲရင်း ခန့်ဦးရှိန် သူ့ရှေ့က coffee ကို မော့သောက်လိုက်သည်။

"မာဖလာ တစ်ခုလောက် ဝင်ဝယ်မယ်လို့ ပြောတာကို ကားက ရပ်မပေးဘူး"

သူ့လည်ပင်းက အနီကွက်များကို ဖိပွတ်ရင်း ပွစိစိပြောလေသည်။

ဂိုဏ်းချုပ်ကြီးက သူ့တပည့်တွေ မြင်မှာတော့ ရှက်ပုံရသည်။

"လေယာဉ်ပေါ်ရောက်ရင် ကျွန်တော်ပေးတဲ့ဆေးတွေ သေချာသောက်နော်...အအေးတွေ သောက်မနေနဲ့! ရေခဲမုန့်လဲမစားနဲ့...လှုပ်လှုပ်ရှားရှားလဲ တအားမလုပ်နဲ့"

"မင်းမေကြီးတော်.... ငါက ကိုယ်ဝန်ဆောင်သည်လား"

အုပ်ထိန်းသူတစ်ယောက်လို ဂရုတစိုက် မှာလာသည့် ကောင်လေးကို ပက်ခနဲပြန်ပြောတော့ ခပ်တိုးတိုးရယ်နေသည်။

"ကိုကိုက ကိုယ်ဝန်ဆောင်သည်ထက် ပိုဆိုးတယ်လေ...ကိုယ့်ကိုယ်ကိုယ် မသိဘူးလား"

ဒုတ်...

အာ့....

စားပွဲခုံအောက်မှ ပေါင်ကြားတည့်တည့်ကို ပစ်ဝင်လာသော ခြေထောက်ကန်ချက်ကြောင့် မင်းဆက် မျက်နှာလေး ရှုံ့မဲ့သွားသည်။

"တစ်ခုခုဖြစ်သွားရင် နောက်တစ်ခါ တူတူနေလို့မရတော့ဘူးနော်"

"-ီးတောင် မနေတော့ဘူး...မင်းနဲ့....မနေ့ညက နောက်ဆုံးပဲ"

Cake ကို ဖဲ့စားပြီး ပေစောင်းစောင်းပြောတော့ မင်းဆက် က မယုံသလိုနှာခေါင်းရှုံ့ပြသည်။

"ခရီးသွားလို့ ဖြစ်ပါ့မလား စိတ်ပူတယ်"

မျက်နှာနွမ်းနွမ်းကို သတိထားမိတော့ ကိုယ်ကို ကိုင်းကာ ကိုကို့နဖူးကို လက်ဖြင့် စမ်းရသည်။ နွေးနေသေးသည့် အပူရှိန်၏ အရင်းခံက ညကချွေးအအေးပက်သွားတာဖြစ်မည်။

Swamping with Intimacy(Season-1)Onde histórias criam vida. Descubra agora