အပိုင်း-(၉)

99.1K 11K 250
                                    

လေယာဉ်ပေါ် ရောက်သည့်အချိန်ထိ လွန်းအာကာ စိတ်မငြိမ်သေး။ ဖုန်းပိတ်ထားရသော်လည်း ကလောက သူ့တပည့်များကို ဖုန်းဆက်၍ အကျိုးအကြောင်း သေချာမေးချင်သည်။ ဈေးအပေးမတည့်၍ ပြဿနာတက်သည်ဟု သိလိုက်သည့်အချိန်တွင် ကလောက သူ့မူးယစ်ဂိုဏ်းကို ဝင်စီးခံလိုက်ရသည်။ ပစ္စည်းတွေ ပါသွားရင်တောင် မနှမြောသော်လည်း ဟိုဖက်က သူ့လူတွေကိုသာ ထိခိုက်သွား၏။ ကလောက နာမည်ကြီးဂိုဏ်းနှင့် လူချင်းငြိလာသည်မို့ တစ်ဖက် က လူကြီးကိုလည်း တောင်းပန်ရမည်။ ကလေးတွေဖြစ်သည့် ကိစ္စအတွက် သူတို့အချင်းချင်းက နားလည်မှုရနိုင်သော်လည်း သူ့လူတစ်ဝက်ကျော်က ဆေးရုံတင်ထားရသည်။ ကျန်သည့် လူနည်းနည်းနှင့် ထားခဲ့ရအောင်လည်း သူ့လုပ်ငန်းက ရိုးရိုးတန်းတန်းစီးပွားရေးမဟုတ်။

နယ်ဘက်ရောက်နေသော ကလေးအချို့ကို ခဏပြန်ခေါ်၍ ကောင်လေးတွေ သက်သာသွားသည်အထိ ဒီမှာလူဖြည့်ထားရမည်။ ကိစ္စတွေ အကုန်အပြီးသတ်ပြီးမှ သူမန္တလေး ပြန်ရမည်။

လေယာဥ်ထွက်သွား၍ ထိုင်ခုံကို ခေါင်းမှီကာ ပြတင်းပေါက်ကို ငဲ့ကြည့်လိုက်သည်။ သက်ပြင်းကို တစ်ချက်ချင်း ချနေသော်လည်း စိတ်မှာ မအေး။

အကယ်၍များ..

"ညီ..."

အကယ်၍များ..အစိုးရဘက်က...

"ညီလေး...."

"ခင်..ခင်ဗျာ"

လွင့်​နေသော စိတ်တို့ကို ဖမ်းဆွဲလိုက်သည့် သေသပ်စွာသော အသံဟာ သူ့ဘေးခုံကလူဆီမှ ဖြစ်သည်။ လေယာဉ်ပေါ်တက်ကတည်းက ကိုယ့်အပူနဲ့ကိုယ်မို့ သတိမထားမိခဲ့။

"ညီလေး မင်းအဆင်ပြေရဲ့လား ? အသက်ရှုတွေ အရမ်းမြန်နေသလိုပဲ"

တဖက်လူက စိုးရိမ်တကြီးမေးလာမှ သူ သတိထားမိသည်။ အသက်ရှုမြန်ပြီး ရင်တွေ တုန်နေသည်က စိုးရိမ်မှု လွန်ကဲနေသောကြောင့်ဖြစ်လိမ့်မည်။

"မင်း လေယာဉ်ကြောက်လို့လား?"

"မဟုတ်ပါဘူး...ကျွန်တော်အဆင်ပြေပါတယ်"

Swamping with Intimacy(Season-1)Where stories live. Discover now