အပိုင်း-(၃၅)

97.4K 9.3K 473
                                    

"တော်ပြီကွာ...ငါဒီတစ်ပွဲပြီးရင် ရေသွားချိုးတော့မယ်"

Game ဆော့နေရင်း လွန်းအာကာက ညည်းညည်းညူညူဆိုသည်။ ထို့နောက် ခန့်ဦးရှိန်၏ ဘေးမှ အားလူးကြော်ကို နှိုက်စားရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

"ဒါနဲ့...မင်းနဲ့ဟိုကောင်လေး ဘယ်လိုလဲ"

"ဘာကို ဘယ်လိုရမှာလဲ...ဘော"

မသိသလိုလုပ်နေသော ခန့်ဦးရှိန်ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်လျှင် ဘာလဲ ဆိုသည့်ပုံစံမျိုးနှင့် လည်ပြန်ကြည့်၏။

"မအေ-ိုးလေးကလည်း မသိတာကျလို့ ! လည်ပင်းက အနီကွက်တွေက ဘယ်ကောင်လုပ်သွားတာလဲ?"

သူ မေးငေါ့ရင်း မေးလိုက်တော့ ခန့်ဦးရှိန်မျက်နှာက ရှဲခနဲ။ နှုတ်ခမ်းကို ဖိကိုက်ပြီး game ဆက်ဆော့ရင်းမှ..

"Propose လုပ်ထားတာ....သူက"

ခန့်ဦးရှိန်က ခပ်ရှက်ရှက်နှင့် ပြောလာတော့ လွန်းအာကာမှာ ဟုတ်လှချည်လား ဆိုပြီး အံ့သြယူရသည်။

ဒီကောင်လေး သိုက်မင်းဆက်က အေးမလိုလိုနဲ့ သွက်သားပဲ။
ကြိုက်နေမည်ဆိုတာ ရိပ်မိသော်လည်း ဒီလောက်တော့ မြန်မည်မထင်။

ခန့်ဦးရှိန်ကိုတော့ သူ သေချာသဘောပေါက် နားလည်သည်။ ခန့်၏ မျက်ဝန်းများတွင် ဒီကောင်လေးကို မလိုလားသည် မဟုတ်သော လက်ခံခြင်းများက အားသာနေ၏။

ချစ်နေပါသည်ဟုတော့ သူအတိအကျမခန့်မှန်းချင်။ Straight ဟု ကြွေးကြော်ထားသူ တစ်ယောက်ကို အမှန်တရားအကြောင်းပြုပြီး ဖိအားပေးလိုစိတ် သူ့မှာမရှိ။

အချိန်တန်ရင် အရာအားလုံးက ဖြစ်ပျက်သွားမည်သာဖြစ်သည်။ အရင်းနှီးရဆုံး သူတစ်ယောက်အနေနှင့်တော့ ခန့်ပျော်နေတာပဲ သူမြင်ချင်သည်။

တစ်ပွဲပြီး၍ သူရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သည်။ ရေပူနှင့် စပ်ချင်စိတ်မရှိတော့ဘဲ ရေအေးချည်းသပ်သပ်သာ ခလုတ်ဖွင့်ချလိုက်၏။

ရေပန်းမှ ခပ်ဆတ်ဆတ်ကျလာသည့် အေးစက်စက်ရေများက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့စီးဆင်းသွားသည်။ မော့လိုက်သော မျက်နှာအပေါ် ရေစက်များက အလုံးအထွေး နေရာယူ၏။ ရေစီးကြောင်းများ အကူအညီဖြင့် မျက်ရည်များက ရောနှော ကျလာသည်။

Swamping with Intimacy(Season-1)Where stories live. Discover now