အပိုင်း-(၇)

106K 11.8K 698
                                    

ဆူညံလှသည့် နှိုးစက်မြည်အော်သံနှင့် မသက်ဆိုင်စွာဖြစ်သော ကြည်ကြည်လင်လင်မနက်ခင်းတွင် ခန့်ဦးရှိန်တစ်ယောက် စိတ်ရှုပ်စွာ နှိုးထလာရသည်။ ကုတင်းဘေး စာပွဲပေါ်မှ အသံလာရာ နှိုးစက်နာရီအနက်လေးဟာ လက်တစ်ဖက်ဖြင့် ဆွဲယူ၍ နံရံဆီသို့ ပစ်ကာ ပေါက်ခွဲခြင်းခံလိုက်ရ၏။

ခလွမ်း...

"ခန့် ဘာလုပ်တာလဲကွ! ထတော့ ငါအလုပ်လုပ်ရဦးမှာ...."

အိမ်ကိုလာတိုင်း တစ်ခန်းသပ်သပ်ပေးသော်လည်း ခန့်ဦးရှိန်က လွန်းအာကာ၏ကုတင်ပေါ်တွင်သာ အမြင်ကတ်စရာကောင်းစွာ တက်အိပ်လေ့ရှိသည်။ Alarm ပေးထားတတ်လို့ စိတ်တိုရသည်ကလွဲ အာကာနှင့်ကျ အဖော်ရ၍ သူပိုပျော်၏။

"ငါမထချင်သေးဘူးကွာ.....မင်းပဲထ!"

သူ့ဗိုက်ကို တက်ခွထားသော ခန့်ဦးရှိန်၏ ခြေတံရှည်ကြီးကို တွန်းဖယ်ကာ အိပ်ရာမှ ထ၍ ရေချိုးခန်းသို့ဝင် ၊ မျက်နှာသစ် သွားတိုက် လုပ်သည်။ ထို့နောက်တွင်တော့ ထုံးစံအတိုင်း အကြောဆန့်၍ ဝရံတာဖက် ထွက်နေဖြစ်သည်။ လေကောင်းလေသန့်ရအောင် သူ့အိပ်ခန်းနှင့်ဆက်ထားသော ဝရံတာသည် အခန်းတစ်ခုစာလောက် ကျယ်ပြော၏။

နေရောင်ခြည် နုနုကြောင့် သူ့စိတ်က အနည်းငယ်လန်းဆန်းသွားသည်။ လမ်းတွင် ဓမ္မာရုံက ပြန်လာသော လူကြီးများနှင့် ဆော့နေသော ကလေးများကို လှမ်းတွေ့ရ၏။ ဒီရပ်ကွက်လေးဟာ သိပ်ကို အေးချမ်းပါသည်။ သူတရားမဝင်အလုပ်တွေ လာလုပ်ဖို့မတန်သော်လည်း ဒုစရိုက်ရှားပါးသည့် ချစ်စရာရပ်ဝန်းလေးက သူ့လိုလူအတွက် လုံခြုံသည်။

"သည်းလေး....ဘာတွေကြည့်နေတာလဲ?"

"ဘော ကို သည်းလေး!သွားစမ်းကွာ မျက်နှာသွားသစ်"

မျက်နှာမသစ်ရသေးဘဲ ပြည်တီတီ လာစနေသည်ကို ပိတ်ဟောက်ပစ်လိုက်တာတောင် ခန့်ဦးရှိန်က စပ်ဖြဲဖြဲ။

"သစ်မှာပါကွာ နေပါဦး မင်းဘာတွေ ကြည့်နေတာလဲ!"

ခန့်ဦးရှိန် ရပ်ကွက်ထဲ လှမ်းကြည့်လိုက်ချိန်မှာ တည့်တည့် မြင်လိုက်ရသည့် အရိပ်ဖြူလေး.... သူ့အိမ်ရှေ့တွင် Duty coat လေးဖြင့် ဆေးရုံသွားမလို့ ထင်သည်။ သူ့အဖေက အိမ်အပြင်ထိ လိုက်ပို့နေသည်ကို တွေ့သဖြင့် ခန့်ဦးရှိန်မှာ အလိုမကျစွာ ကျွတ်တစ်ချက် စုတ်သပ်မိ၏။ ဒီအရွယ် လူပျိုလေးကိုတောင် ဘာလို့ မူလတန်းကလေးလို ဆက်ဆံနေသလဲ နားကိုမလည်။ ဟိုကလေးက ယောက်ျားတန်မဲ့ နုဖတ်အုအက်နေတာကိုလည်း သိပ်ဘဝင်မတွေ့။ သူကြည့်နေသော ကောင်လေးက သူ့အဖေကို နှုတ်ဆက်ပြီး ကားကိုအေးဆေးမောင်းထွက်သွားသည့် မြင်ကွင်းက မထူးဆန်းပါ။ ထူးဆန်းနေသည်က...

Swamping with Intimacy(Season-1)Where stories live. Discover now