အပိုင်း-(၆)

112K 12K 940
                                    

လွန်းအာကာ၏ ခြံထဲ သူဝင်သွားတော့ Bodyguard တွေက စ ဦးညွှတ်နှုတ်ဆက်သည်။ ခြံအကျယ်ကြီးမှ အိမ်ဆီသို့ရောက်အောင် မနည်းလျှောက်နေရသောကြောင့် နဂိုထဲကမှ သိုက်မင်းဆက်နှင့် လမ်းလျှောက်စကားပြောလာသော ခန့်ဦးရှိန်တစ်ယောက် စိတ်ပေါက်လေပြီ။ အာကာ ဒီအိမ်အသစ်ကိုပြောင်းလာတာ တစ်ပတ်ပင်မပြည့်သေး။ သူလည်း မအား၍ ခုမှရောက်ဖူးသည်။ ဒီလိုမှန်းသိလျှင် ဆိုင်ကယ်ပင် မောင်းစရာမလို။ ဒီအိမ်က တိုက်တိုက်ဆိုင်ဆိုင် သိုက်မင်းဆက်တို့ အိမ်၏ မျက်နှာချင်းဆိုင် သုံး အိမ်ကျော်လောက်မှာ ဖြစ်နေသည်။ အလယ်တွင်တော့ ကားလမ်းမကြီး ခြားထား၏။

အိမ်ထဲရောက်တော့ ဧည့်ခန်းထဲတွင် laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသူ အာကာ ကို တွေ့ရသည်။

"ဟေ့ကောင်....ငါ့ကိုရေတိုက်စမ်းကွာ မောလို့သေတော့မယ်"

ဧည့်ခန်းထဲမှ ဆိုဖာပေါ် ဆွေ့ခနဲ ခုန်တက်၍ အမောတကောပြောတော့ အလုပ်သမားကောင်လေးတစ်ယောက်က အလိုက်သိစွာ ရေတစ်ခွက်ယူလာပေး၏။ လွန်းအာကာကတော့ အလုပ်တွင်သာ အာရုံစိုက်ကာ သူဘာပြောလာမလဲ နားဆင်နေသည်။

အာကာက သူနှင့် လူမှန်းသိတတ်စကတည်းက ပေါင်းလာသော အူမှချေးခါးစ နားလည်သိကျွမ်းသည့် ငယ်သူငယ်ချင်းလေးဖြစ်သည်။ သူ့လို စီးပွားရေးလုပ်ငန်းတစ်ခု ဗန်းပြကာ နောက်ကွယ်တွင် မှောင်ခိုလုပ်ငန်းများကို ကြိုးကိုင်ထားသူဆိုလည်း မမှား။ သူငယ်ချင်းအရင်းတွေဖြစ်တာနှင့်အညီ ဘာပဲလုပ်လုပ် ယုံကြည်အားကိုးပြီး စည်းလုံးကြသည်မှာ နှစ်ယောက်ပေါင်းလောင်းကျော်၍ မြေအောက်လောက ကို ကြီးစိုးထားသူများ ဟူသည့် ဆက်နွယ်မှူတစ်ခု ပေါ်ပေါက်လာသည်အထိပင်။

သူနှင့်တော်တော်များများတူသော်လည်း ကွာခြားသည်များက ရှိပြန်၏။ သူက အာကာလို မိန်းမ မလိုက်စား။ အာကာ့မှာတော့ တရားဝင်မိန်းမ မရှိသော်လည်း ဇယားပေါင်းများစွာက ဒု နှင့် ဒေး။ ချောသန့်ပြီး ချမ်းသာသည်ထက် သာလွန်ပြည့်စုံသော လွန်းအာကာလို ဘုရင်တစ်ပါးဆီမှောက် မဝပ်တွားလိုသည့် မိန်းမဟူသည် မရှိ။

တစ်ခုမှာ အာကာသည် မှောင်ခိုလုပ်ငန်းသာ လုပ်သော်လည်း သူ့လိုလူဆိုးလူမိုက်မဟုတ်။ ယောက်ျားတစ်ယောက်အနေနှင့် တတ်သင့်တတ်ထိုက်သော ပညာများကို တတ်ကျွမ်းပါလျက် သူတပါးအား မဆင်မခြင် လက်မပါ။ ထို့ကြောင့် သူ့ဂိုဏ်းသားကောင်လေးများကလည်း ချစ်ကြောက်ရိုသေကြသည်။

Swamping with Intimacy(Season-1)Où les histoires vivent. Découvrez maintenant