Merry Christmas

23.3K 2.8K 570
                                    

စာစစ်ရင်း လွန်ခဲ့တဲ့ နှစ်နှစ်က ရေးထားတဲ့ draft လေး တွေ့လို့ ပြန်တင်ပေးလိုက်ပါတယ်။

••••••

ကုတင်ပေါ်မှ ဝရံတာသို့ လှမ်းကြည့်နေသော ဦးရှိန်၏ မျက်ဝန်း နက်နက်များက တောက်ပနေသည်။ မနက်ခင်း အစောကြီး ၅နာရီ ထကြည့်သော်လည်း ထုံးစံအတိုင်း နှင်းဖွဲဖွဲလေးတောင် မတွေ့ရဘဲ မြူများဆိုင်းနေတာကပင် ကြည့်လို့ လှနေသည်။

အသံပိတ်ထား၍ Vibrate ဖြစ်နေသော ဖုန်းကို ကောက်ကိုင်လိုက်သည်။

"Merry Christmas...ကိုကို"

သြရှရှအသံလေးက သကာရည်လောင်းထားသလို ချိုမြနေသောကြောင့် သူနှာခေါင်းရှုံ့လိုက်သည်။ မနက်အစောကြီး လာအလုပ်ရှုပ်နေသည်ပဲ...။

"ဘာကိစ္စလဲ?"

"တွေ့ချင်လို့ပေါဗျ! မြူတွေဆိုင်းနေတဲ့ မနက်ခင်းမှာ ချစ်ရသူ ရဲ့ မျက်နှာလေးကို တွေ့ချင်လို့"

"မအေ-ိုး ! "

ဆဲသံကို ဘာများသဘောကျနေလဲမသိ။ တခစ်ခစ်ရယ်နေသည့် အသံလေးက ငါးနှစ်သားကလေးနှင့်ပင် တူသည်။

"ငါတော့ မင်းကို မတွေ့ချင်ဘူး..."

"ကျွန်တော်ကတော့ တွေ့ချင်လို့ အိမ်ရှေ့တောင် ရောက်နေပြီ ! လာခေါ်အုံး ချမ်းတယ်ဗျ"

"ဘာ!!!!"

အိပ်ရာပေါ်မှ ကမန်းကတန်းထ၍ ဝရံတာဆီ အပြေးသွားမိသည်။ အိမ် အောက်ကို လှမ်းကြည့်လိုက်တော့ ကားကို မှီ၍ ရပ်နေသည်က သိုက်မင်းဆက်မှ ဟုတ်ပါလေစ။

သူ့ကို ပြုံး၍ မော့ကြည့်နေသော ကောင်လေးက မာဖလာခဲရောင်လေးဖြင့်....။ Hoodie အဖြူစွတ်စွတ် နှင့် Pants အဝါနုနုက အသားရောင်နှင့် တစ်ထပ်တည်းဖြစ်နေသည်။

ဒီလောက် အေးနေတာကို သေချင်လို့လား?

"ဝင်ခဲ့မယ်နော်" ဟု လှမ်းပြောတော့ သူခပ်ဆတ်ဆတ်ခေါင်းညိမ့်ပြလိုက်သည်။ အိပ်ခန်းထဲသို့ ပြန်ဝင်၍ မှန်ထဲမှ သူ့ပုံစံကို ကြည့်လိုက်၏။

Sweater အနီရောင်နှင့် ဂွမ်းဘောင်းဘီအမည်းရောင် ပွပွကြောင့် လူကကြောင်တောင်တောင်ဖြစ်နေသော်လည်း မျက်နှာချောချောလေးက ထိန်းလို့ တော်ပါသေးသည် ဟု ဘဝင်မြင့်စွာ တွေးလိုက်မိသည်။

Swamping with Intimacy(Season-1)Where stories live. Discover now