အပိုင်း-(၂၃)

90K 9.5K 1.5K
                                    

"စားပြီးသွားရင် အစ်ကို့ Condo ခဏလိုက်ခဲ့ပါလား"

ရှမ်းခေါက်ဆွဲ စားနေရင်း ခပ်အေးအေးပြောလာသဖြင့် လွန်းအာကာ နင်သွားသည်။

"ခင်ဗျာ?"

"ဪ...မင်း မန္တလေးပြန်တဲ့နေ့တုန်းက အစ်ကိုမင်းကိုပေးဖို့ဆိုပြီး လက်ဆောင် ဝယ်ထားတာရှိတယ် ၊ မပေးလိုက်ရလို့ အဲ့ဒါ အခုလိုက်ယူလိုက်လေနော်!"

သူ့အတွက် စေတနာနှင့် ဝယ်ထားသည်မို့ လွန်းအာကာ ခေါင်းညိမ့်လိုက်ပါသည်။ အစ်ကိုက တခုတ်တရ စီမံထားသည်ကို သူ မငြင်းရက်ပေ။

လိုက်ပါရောက်ရှိရာ Condo အခန်းကျယ်ကြီးကို လွန်းအာကာ လှည့်ပတ်ကြည့်လိုက်သည်။ အခန်းတစ်ခန်းလုံး ရှင်းလင်းနေသည်က ပုံမှန်သန့်ရှင်းရေးလုပ်ထားကြောင်း ပြနေ၏။ ဆေးစာအုပ်တွေက နေရာအနှံ့ စီထားသည်။ အစ်ကိုက သူ့ကို အိပ်ခန်းထဲ ခေါ်လာပြီး မွေ့ယာအောက်မှ ပစ္စည်း တစ်ခုကို ထုတ်ယူသည်။

"ရော့!"

သူ့လက်ထဲ ရောက်လာသည်က ရှမ်းလုံချည် အစိမ်းရင့်ရောင်ဘူးလေး။

"လုံချည်လား...အကို"

သူ့အမေးကို နှုတ်ခမ်းစွန်းမှ ပါးချိုင့်ငယ်လေး ထင်းအောင် ပြုံးပြလျက်...

"လွန်း က ပုဆိုးနဲ့ဆို အရမ်းလိုက်လို့ အစ်ကိုက ဝတ်စေချင်တာ"

"ဟုတ်ကဲ့ ကျေးဇူးပါဗျ ! ကျွန်တော်ကောင်းကောင်းဝတ်ပါ့မယ်"

ခုလို သတိတရရှိတော့လည်း လွန်းအာကာ ကြိတ်ကျေနပ်နေရသည်။

"ဪ...ရှိသေးတယ် လမ်းမှာ ဝယ်လာတာ"

လင်းထက်သူက ပြောရင်းဆိုရင်း သူ့ဆေးစာအုပ်တွေတင်ထားသည့် စားပွဲပေါ်မှ တစ်ခုခုရှာနေသည်။ ခဏကြာမှ စာအုပ် လေးငါး အုပ်ကို ဆွဲထုတ်လာကာ သူ့ကို ကမ်းပေး၏။

"မင်း BL novel တွေကြိုက်တာသိပေမဲ့ ဘယ်ဟာဝယ်ပေးရမလဲမသိလို့ ၊ FB မှာ မင်း share ထားတဲ့ Give away တွေ ရှာဝယ်ပေးထားတာ"

လက်ထဲမှ BL translation များနှင့် လတ်တလောအတွင်း သူလိုချင်သော်ငြား မဝယ်ဖြစ်သေးသည့် မြန်မာ BL စာအုပ်များကို ကြည့်ရင်း ပြုံးမိသည်။ လင်းထက်သူလို လူကြီးတစ်ယောက်က  ခုလို Rated novel တွေ သူ့အတွက် ဝယ်ပေးခဲ့သည် ဆိုတော့.....

Swamping with Intimacy(Season-1)Where stories live. Discover now