အပိုင်း-(၂၉)

94.9K 9.5K 1K
                                    

Parking ထိုးပြီးသော်လည်း မင်းဆက် ကားပေါ်မှ မဆင်းနိုင်။ စတီယာတိုင်ကို လက်ဖြင့် တတောက်တောက်ခေါက်၍ အပြင်သို့ မျှော်ကြည့်နေသည်မှာ တစ်နာရီလောက် ရှိပြီ။

သူ့ကို ပိတ်ထိုးမယ် ဟု ထင်ခဲ့သော်လည်း မှန်းချက် နှင့် နှမ်းထွက်က တက်တက်စင်အောင် လွဲသည်။

ဘာမှလဲပြန်မပြောဘူး.....
ဝမ်းနည်းသွားတာလား?
ဒေါသထွက်တာနဲ့ ဆဲတာပဲ လုပ်တတ်တဲ့သူက ဝမ်းနည်းသွားတာဖြစ်နိုင်ပါ့မလား?

မင်းဆက် စိတ်တွေရှုပ်ထွေးလာသည်။ စိတ်မဆိုးပေမဲ့ စိတ်ပျက်ချင်ယောင်တော့ဆောင်ရမည်။

ကိုကိုက သိပ်ဆိုးလွန်းသည်လေ.....

ဘယ်လိုဖြစ်လို့ လူတယောက်ကို ဒီလောက်ထိ ရက်စက်နိုင်ရတာလဲ?

စ တွေ့ကတည်းက ဒီလိုအချိုးပဲ ဟု တွေးမိပြန်တော့လည်း သက်ပြင်းချဖို့သာ တတ်နိုင်၏။

သူ့မှာလဲ ဒီလူဆိုးကို ဘာလို့ မငြိုငြင်နိုင်တာလဲမသိ...

မင်းဆက်က စိတ်လေးနည်းနည်းပဲ ကောက်တာကို ဖုန်းဆက်ပြီးတော့ ဖြစ်ဖြစ် ချော့ရမယ်မဟုတ်ဘူးလား?

စတီယာတိုင်ပေါ် ခေါင်းမှောက်၍ ထိုင်ခုံပေါ်မှ သူ့ဖုန်းကို လှမ်းကြည့်လိုက်သည်။

"အကြီးဖြစ်ပြီးတော့ သူက စ ချော့မယ်မရှိဘူး!"

ကြက်သတုံးကောင်!!!

ခပ်တိုးတိုးကျိန်ဆဲပြီး အပြစ်မရှိသော ခုံနေရာကို မျက်စောင်းထိုးပစ်လိုက်၏။

လူနာတွေကို ပစ်ထားခဲ့ပြီး သူဖုန်းဆက်လာမှာကို စောင့်နေသည့် ကိုယ့်ကိုယ်ကိုယ် မင်းဆက် စိတ်တိုလာသည်။ အလုပ်ဝင်တာပဲ ကောင်းမည် တွေးကာ ကားပေါ်မှ ဆင်းသည်။ Parking က အထွက် ရုတ်တရက် ရပ်သွားမိပြန်၏။

" ဘောပဲ ! "

မျက်နှာသေဖြင့် Parking ထဲသို့ ပြန်ဝင်၍ ကားပေါ်တက်ကာ စက်နှိုးလိုက်သည်။

"ငါက အငယ်ပဲ ! ငါချော့ရမှာပေါ့"

----

ကားမောင်းနေရင်းက ခန့်ဦးရှိန် ကို ဖုန်းခေါ်ကြည့်လိုက်သည်။ သုံးလေးခါ ခေါ်သော်လည်း စက်ပိတ်ထားသော ဖုန်းကြောင့် မင်းဆက် စိတ်ပူလာ၏။

Swamping with Intimacy(Season-1)Where stories live. Discover now