(ဇာတ်သိမ်းပိုင်း)

122K 7.7K 778
                                    

"ဟား......ငါတို့ဆရာကြီးပါလား!!!!!!"

ရွဲ့တဲ့တဲ့ နှင့် လာခနဲ့သော အဖွဲ့ကို လွန်းအာကာ မျက်ထောင့်နီဖြင့် စိုက်ကြည့်လိုက်သည်။ သူ့ပုခုံးကို ခပ်ဖွဖွ ပုတ်၍ ပါးစပ်ရွဲ့ပြနေသည်က ပိတ်ထိုးချင်စရာ။

"ဘာလာလုပ်တာလဲကွ!!!!"

"ငါ့မိတ်ဆွေကို လာတွေ့တာ..."

ခပ်ပြတ်ပြတ်ပြောရင်း ဘီယာတစ်ကျိုက်ကို မော့သောက်လိုက်၏။ လွန်းအာကာ ဒီအလုပ်နှင့် ပြတ်သွားတာ ကြာလေပြီ။ ခုလည်း သူ့ ဆက်သွယ်ရေး Company မှ partner ၏ Bar ကို လာခြင်းဖြစ်သည်။

"မင်းကောင်ကြီးရော?"

ဘယ်သူ့ကို မေးနေလဲ သိ၍ လွန်းအာကာ ကျွတ်တစ်ချက် စုပ်သပ်လိုက်သည်။ တစ်ဖက်အဖွဲ့မှ ကောင်က အလိုမကျဟန်ဖြင့်...

"ခေါင်းကြီးလေ...ဒီလောကမှာ အတော်ဆုံး အလျင်ဆုံးဆိုတဲ့ ပင့်ကူလေကွာ...ဘယ်ကြွသွားလဲ?"

သိရက်သားနဲ့ တမင်မေးနေသောကြောင့် သူ ဘီယာဖိုးရှင်း၍ ထထွက်ဖို့ပြင်သည်။

ခန့်ဦးရှိန်နှင့် လွန်းအာကာဆိုတာ ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ၊ ကြီးလာတော့လည်း ဘယ်လောကမှာမဆို တကယ့်ဆရာကြီးတွေ ဖြစ်သောကြောင့် ဘယ်သူကမှ မထိရဲကြ။ခုလည်း အရင်က သူတို့ကို ဖိတ်ဖိတ်တုန်အောင် ကြောက်ရသော ငတိ က ခန့်ဦးရှိန်အကြောင်း လာ စ နေခြင်းပင်။

"ဆရာကြီး....နေပါအုံးဗျ....ပင့်ကူဂိုဏ်းခေါင်းဆောင် သေပြီဆို..."

ခွပ်...

ပုခုံးကို လှမ်းကိုင်၍ မေးလိုက်သော ရိတိတိစကားကြောင့် ငတိမျက်နှာပေါ်သို့ လက်သီးပြင်းပြင်းက တန်းခနဲ။

သွေးထွက်သွားသော နှာခေါင်းတစ်ဝှိုက်ကို ပွတ်သုတ်နေရင်း ခပ်စူးစူးပြန်ကြည့်သည်။ Bar အတွင်း လူတွေ ရှဲခနဲဖြစ်သွားသလို ငတိ၏ တပည့်များကလည်း နောက်ဆုတ်ကုန်ကြသည်။

ဘယ်လိုပဲ တစ်ယောက်တည်း ပြောပြော ၊ လွန်းအာကာဟာ တောဘုရင်မဟုတ်လား။

တောက်ခေါက်၍ ကောင်တာပေါ်မှ ဝိုင်ပုလင်းတစ်လုံးကို ဆွဲယူလိုက်သောကြောင့် အထိုးခံထားရသောကောင် မျက်လုံးပြူးသွားသည်။

Swamping with Intimacy(Season-1)जहाँ कहानियाँ रहती हैं। अभी खोजें