အပိုင်း-(၂၂)

90.6K 9.5K 1.1K
                                    


"ကျွန်တော်...သိသွားပြီ"

မင်းဆက်၏ အကြည့်နွေးနွေးမှာ သူ့မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးထိ ထိုးဖောက်ဝင်ရောက်နေသည်။

"ဘာကို..သိတာလဲ"

အသိဝင်သွားသည့်တိုင် ကောင်လေး၏ ခန္ဓာကိုယ်ပေါ်မှ သူမဖယ်မိပါ။

"ကျွန်တော်...ကိုကို့ကို ..."

(You make me feel so mmmh mmmh)

ရုတ်တရက် ထမြည်လာသော ဖုန်း Ringtone
ကြောင့် နှစ်ယောက်လုံး ဆတ်ခနဲ တုန်သွားသည်။

"ဖုန်း..ဖုန်းကိုင်လိုက်ဦး!"

ခန့်ဦးရှိန် မင်းဆက် ကိုယ်ပေါ်မှ ခပ်မြန်မြန်ဖယ်ရင်း ကိုယ်ရှိန်သတ်လိုက်၏။

မင်းဆက်၏ ရင်ထဲတွင် ဟာခနဲ ...

ဖုန်းကို ယူပြီး ကောက်ကိုင်လိုက်တော့ နံပါတ်စိမ်းဖြစ်နေသည်။

"ဟယ်လို!"

"မင်းဆက်လား ယွန်းပါ။"

ခပ်ချွဲချွဲ အသံကြောင့် မင်းဆက် မျက်မှောင်ကျုံ့လိုက်သည်။ ခန့်ဦးရှိန်ကတော့ မလှုပ်မယှက်နှင့် ကုတင်စောင်းမှာသာ ထိုင်နေ၏။

"ဟုတ်...မယွန်းနုဝေ! ဘာကိစ္စရှိလို့လဲဗျ?"

ယွန်းနုဝေ ဟူသော အပြောကြောင့် ခန့်ဦးရှိန်က မျက်လုံးထောင့်ကပ်၍ ကြည့်သည်။
ထို့နောက် ကုတင်ပေါ်မှ ထရန်ပြင်လိုက်ရာ မင်းဆက်က သူ့လက်ကို လှမ်း၍ဆွဲထားသည်....

လှည့်ကြည့်တော့ "ဘယ်သွားမလို့လဲ" ဆိုသည့် ပုံစံမျိုးနှင့် မေးဆတ်ပြသည်။

"ငါ Coffee သွားဖျော်မလို့"

ထိုအခါမှ သူ့ကို ဆုပ်ကိုင်ထားသော လက်ကို ခပ်ဖွဖွဖယ်ချပေးသည်။

ကုတင်ပေါ်က ထ၍ အခန်းအပြင်သို့ ခပ်အေးအေး ထွက်သွားသော ခန့်ဦးရှိန် ၏ နားရွက်ဖျားတို့က နီရဲနေသည်။

"ဟိုလေ?ယွန်း case တစ်ခု မေးချင်လို့ပါ။"

မင်းဆက် သက်ပြင်းမျှင်းမိသည်။

"တခြား Senior တွေကိုမေးကြည့်လိုက်ပါလား ၊ ကျွန်တော်နဲ့ မယွန်းနုဝေက အတန်းတူတူဆိုတော့ ကျွန်တော်မသိလောက်ဘူးဗျ"

Swamping with Intimacy(Season-1)Where stories live. Discover now