အပိုင်း-(၁၉)

87.6K 9.7K 1K
                                    

ညနေစာကို နှစ်ယောက်သား အပြင်က မှာစားသည့်တိုင် လွန်းအာကာ ကြည့်ရတာ ခံတွင်းတွေ့ပုံမပေါ်ပေ။ Pizza တစ်ချပ်ကို ဝါးနေရာက ခန့်ဦးရှိန် သူ့ကို မျက်နှာရိပ်မျက်နှာကဲ ကြည့်နေသည်။

"အာကာ...မင်းအသည်းကွဲလာတာမလား ဘယ်မိန်းမနဲ့လဲ?"

သူမေးတော့ ခေါင်းသာယမ်းသည်။

"အရင်တုန်းက ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူး"

"မဟုတ်ပါဘူးကွာ...ငါ့ကို လိုက်လည်ပေးတဲ့ အစ်ကိုက လေဆိပ်ကို လိုက်ပို့ပေးမယ်ဆိုပြီး မလာလို့"

မဟုတ်လည်း ဆက်တိုက်မေးနေမှာမို့ သူအမှန်တိုင်း ပြောပြလိုက်သည်။

"ဆိုတော့ မင်းက စိတ်ဆိုးနေတာလား?"

"မဟုတ်ဘူး စိတ်မကောင်းဖြစ်တာ"

ခန့်ဦးရှိန် ဗူးထဲမှ pizza တစ်ခြမ်းကို ယူ၍ လွန်းအာကာ၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"မင်းကလည်းကွာ...ကြီးကြီးမားမားကိစ္စလည်း မဟုတ်ဘဲနဲ့ အဲ့လောက်ထိတွေးမနေနဲ့ ၊ မင်းအဲ့အစ်ကိုကို တော်တော်ခင်သွားလို့နေမှာ"

သူပြောလိုက်တော့လည်း စိတ်မသက်သာသည့်ရုပ်လေးနှင့် နှုတ်ခမ်းကို မဲ့၍ ပန်းကန်ထဲမှ Pizza ကို ကောက်ဝါးလေသည်။

"ဘာလဲ ! စကားမစပ် ငါကျန်ခဲ့တော့မှာလား"

"ဟင်...ဘာကိုလဲ"

"မင်းက သူငယ်ချင်းအသစ်ရသွားတော့ ငါ့ကိုထားခဲ့တော့မှာပေါ့"

ဘဲပစ်ခံရသလို မျက်နှာနှင့် ငိုမဲ့မဲ့ပြောလာသော ခန့်ဦးရှိန်ကြောင့် လွန်းအာကာ၏ မျက်နှာက ပြုံးရိပ်ထင်သွားသည်။

"ကဲ...စား!"

စစနောက်နောက်နှင့် ချော့မော့ကျွေးတော့လည်း ဝင်သလောက်တော့ စားပါသည်။

"ခန့်.."

"ဟမ်....ပြော"

Pizza စားရင်း လေးလေးနက်နက်ခေါ်လိုက်တော့ ခန့်ဦးရှိန်က မော့ကြည့်လာသည်။

"မင်း...ကောင်လေးတွေကို ကြိုက်လား?"

"......"

မေးခွန်းကြီးက ကျောရိုးတစ်လျှောက် စိမ့်ခနဲ...

Swamping with Intimacy(Season-1)Opowieści tętniące życiem. Odkryj je teraz