အပိုင်း-(၃၈)

90.5K 8.8K 706
                                    


အပြာနုရောင် Necktie ကိုချည်ရင်း မှန်ထဲမှ သူ့ပုံရိပ်သူ ကြည့်လိုက်သည်။ အနက်ရောင် suit နှင့် coat လက်ရှည်ကို တွဲဝတ်ထားသော ကောင်လေးက သန့်ချင်တိုင်း သန့်နေ၏။

"ဟာာ....ဒီပုံနဲ့ဆိုရင်တော့ ငါပဲတောက်ပနေတော့မှာပဲ....ဟန်သွေးကို အားနာလိုက်တာ"

ရေမွှေးစွတ်လျက် ပြုံးစိစိပြောကာ တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်က စေ့စပ်ပွဲ dinner ဖိတ်စာကို ငေးရင်း မင်းဆက် ခပ်ရေးရေးပြုံးမိ၏။ ဟန်သွေးနှင့် ဝတ်မှုန်တောင် စေ့စပ်သွားပြီဖြစ်သည်။ ဒီလိုကျတော့လည်း ဟန်သွေးဆိုတဲ့ကောင်ကို သူအားကျမိသား။

ဒီကောင်က မိန်းမရတော့မည်ဆိုသော်လည်း မင်းဆက်၏ အချစ်ရေးကတော့ တောကြီးမျက်မည်းမှာ လျှောက်သွားနေရသည့် မျက်ကန်းတစ်ယောက်လို ဝေဝေဝါးဝါး။

ခန့်ဦးရှိန်က သူချစ်နေတာသိသော်လည်း တုတ်တုတ်မျှမလှုပ်။ အရင်လိုသာ ဆက်ဆံသည်။ အဖြေတောင်းလျှင် အဆဲခံ ၊ အဆူခံ ရသည်မို့ မင်းဆက် အကြပ်ရိုက်ရသည်။ အပြတ်ငြင်းသည်လားဆိုတော့လည်း မဟုတ်ပြန်။

ဒီအခြေအနေကြီးနှင့် တစ်သက်လုံးမနေချင်ဟုဆိုလျှင် သူလွန်မလား။

မင်းဆက် ကိုကို့ကို အပိုင်ရချင်ပါသည်။

ဒီလောက်ချောပြီး ချစ်စရာကောင်းသည့် အမျိုးသားကို သူလုံးဝစိတ်မချ။ ခန့်ဦးရှိန်တွင် သူတစ်ယောက်တည်းရှိတာ သိသော်လည်း မမျှော်မှန်းရဲပေ။ ကိုကိုက သူ့ကို နိုင်သည်မို့ တစ်ချိန်ကျ ချစ်ရမည့်သူတွေ့လာလျှင် သူ့ကို အေးဆေး ခါထုတ်သွားနိုင်သည်။

ချစ်တတ်လာပြီးနောက်မှာ မင်းဆက် ကိုယ့်ကိုယ်ကိုယ် ပိုသိလာသည်။ သူက အချစ်ကြီးသည်။ ချစ်ရသူကို ပိုင်ဆိုင်ချင်သည့် အတ္တကလည်း ထုနှင့်ထည်။

ကိုယ်လုံးပေါ်မှန်မှ သူ့ပုံရိပ်သူ ပြန်ကြည့်ရင်း စိတ်မကောင်းစွာ တွေးတောနေမိသည်။

ဘာတွေများ လိုအပ်ချက် ရှိနေသလဲ???

ဒါမှမဟုတ်...ယောက်ျားတစ်ယောက်ဖြစ်နေလို့များ ကိုကိုက ပြန်မချစ်နိုင်တာလား??

Swamping with Intimacy(Season-1)Where stories live. Discover now