အပိုင်း-(၄)

114K 12.8K 806
                                    

ရေချိုးခန်းထဲမှ ရေစက်ကျသံတဖြောက်ဖြောက်၏ မြိုင်ဆိုင်နေမှူမှာ ရေချိုးနေသူကို ဖျော်ဖြေနေသည်အလား ထင်မှတ်ရသည်။ ရေပန်းအောက်တွင် တည့်တည့်ရပ်နေသော ခန့်ဦးရှိန်သည် ခေါင်းကို အပေါ်သို့ မော့ကာ ရေစက်များ မျက်နှာပေါ်သို့ အရှိန်ပြင်းပြင်းကျလာသည်ကို အရသာခံယူနေ၏။ ရေစီးကြောင်းများ အနှံ့စီးကျနေသည့် သူ့ လက်မောင်းမှ ကြွက်သားများဟာ ဖြူဉ၍ ဝင်းစက်နေသည်။ ဗိုက်ပြင်တစ်လျှောက်မှ ပြေပြစ်စွာ တည်ဆောက်ထားသော အသားစိုင်များကလည်း ခိုင်ခိုင်မာမာ။ လက်မောင်းမှ ချူပ်ရိုးက တစ်ချက်တစ်ချက် စပ်လာသောကြောင့် သူ မျက်နှာကို ရှုတ်မဲ့လိုက်မိသည်။ ထို့နောက် ချူပ်ရိုးကို အုပ်၍ ကိုင်မိတော့ မနက်က အကြောင်းများက အတွေးထဲကို အတိုးအကြိတ်....။

သိုက်မင်းဆက် ဟူသည့် သတ္တိခဲလေး ။ သတ္တိရှိတာ မှန်သော်လည်း ဒီကောင်လေး သိပ်ရဲတင်းလွန်း၏ ။ First sight မှာပင် ခပ်ချောချောကောင်လေးဆိုတာကို သတိတထား ကောက်ချက်ချမိသည် ။ သူ့မျက်လုံးထဲက Duty coat နှင့် အသားဖြူဖြူ ဆရာဝန်လေးဟာ သန့်ချင်တိုင်းသန့်နေခဲ့၏ ။

အညိုနုရောင်မျက်ခုံးများနှင့် အရောင်တူ မျက်ဆံများ ၊ နှာခေါင်းချွန်ချွန်လေးနှင့် အသားဖြူလွန်း၍သဘာဝအတိုင်းရဲနေသည့် နှုတ်ခမ်းပါးတို့က မိန်းမဆန်သည်ဟုထင်ရသော်လည်း အကုန်လုံး ခြုံကြည့်လိုက်လျှင်တော့ ယောက်ျားတစ်ယောက်လို ကြည့်ကောင်း၏ ။ နုဖတ်နေသော မျက်နှာလေးက အထက်တန်းကျောင်းသား သာသာ ရှိသော်လည်း အရပ်ကြီးကတော့ သူနှင့်တန်းတူ ရှည်မိုးမိုး ။ သို့သော် ဆေးရုံလာသော ဆရာဝန်ဖြစ်ပါလျှက် မထူမပါးဆံပင်များကိုတော့ Gel ဖြင့် သပ်တင်ခဲ့ဖို့ ကောင်းမည် ။ နဖူးပေါ်တွင် ဆံမျှင်အုပ်အုပ်လေးက ဟိုဝဲဒီဝဲဖြင့် သူ့ကိုယ်သူ fan meetingလာသော Idol ထင်နေပုံရ၏ ။ သက်သက် လူနာမလေးစားအောင်ပင်...။

သို့ပေမဲ့ ဘဝမှာ သူ့ကို ကောင်းကောင်းကုသပေးနိုင်သည်မှာ ဤဆရာဝန်လေးတစ်ယောက်သာရှိသည် ။ သူ ဘယ်တော့မှ ဆေးရုံမသွားတတ် ။တစ်ခုခုဖြစ်လျှင် ဒယ်ဒီ၏ family doctor နှင့် သူ့တပည့်များက ဝိုင်းဝန်းလုပ်ကိုင်ပေးတတ်သည် ။ မနက်က သူများနိုင်ငံကို ပို့မည့် တရားမဝင် ဆေးခြောက်နှင့် ဘိန်းဖြူအပါအဝင် တခြားပစ္စည်းများကို ဆုံးရှုံးလိုက်ရ၍ ဒေါသတကြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်မိ၏ ။

Swamping with Intimacy(Season-1)Where stories live. Discover now