အပိုင်း-(၂၆)

94K 10K 893
                                    

တစ်ညလုံးစာကျက်ထား၍ ထုံသွားမည် ထင်သော်လည်း ဉာဏ်ကောင်းသည့် ကောင်လေး က Meeting ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

သူ့ဆီလာမြဲတိုင်း လာနေသော ခန့်ဦးရှိန်ဆီ သူကတော့ သိပ်မသွားဖြစ်ပါ။ ထိုညက ကိစ္စကြောင့် ရှက်နေတာပဲ သူသိသည်။ ငိုမိ၍ ရှက်သည်လား၊ နမ်းမိ၍ ရှက်သည်လားကတော့ မသဲကွဲ။

________

"ဒီနေ့ကျမှလဲ လူနာတွေကများလိုက်တာကွာ"

ညည်းညူနေသည့် ဝင်းကျော်က နောက်ကျမှ ဆေးရုံဆင်းရရှာသည်။

သူ့အိမ်ပြန်လမ်းမှာ လမ်းမီးများက ဖျော့တော့နေသည်။ လူကလည်းပြတ်သဖြင့်
ခပ်မြန်မြန် လျှောက်နေရ၏။

လေအေးစိမ့်စိမ့် တိုက်နေသောကြောင့် လမ်းမကြီးထဲ သူတစ်ယောက်တည်း ချမ်းနေသည်။

အထီးကျန်စိတ်နဲ့ ကြောက်မိသော်လည်း အနောက်မှ ကားတစ်စီးကို မြင်လိုက်သဖြင့် သူ စိတ်အေးသွားမိသည်။

အနည်းဆုံး ငါတစ်ယောက်တည်းတော့ မဟုတ်ဘူးပဲ။

စိတ်ထင့်နေ၍ အနောက်ကို သေချာပြန်ကြည့်တော့ ကားက တစ်စီးတည်း မဟုတ်။ နှစ်စီး..? မျက်မှောင်ကျုံ့၍ ထပ်မံစူးစိုက်ကြည့်ရင်း ဝင်းကျော်တစ်ယောက် မျက်လုံးပြူးသွားသည်။ လမ်းမထဲသို့ ဆက်တိုက်ဝင်လာသော ကားများက အတိအကျဆို သုံးစီး။ ပိုဆိုးတာက ကားတွေဟာ သူ့နောက်ကိုပဲ ဆက်တိုက် လိုက်နေသည်မို့ ဝင်းကျော်၏ ထိတ်လန့်မှုက ပိုပိုကြီးလာသည်။

"Shitttt!"

အန္တရာယ်ကို နားလည်စွာ ဘာကိုမှ မကြည့်ဘဲ အရှေ့ကိုသာ ဆက်တိုက်ပြေးတော့သည်။

ဝူးးးးးးးး.....!!!!

"အမယ်လေးးးးး!"

ရုတ်တရက်မှာပဲ ကျယ်လောင်လှသော ဆိုင်ကယ်သံနှင့်အတူ လမ်းမတစ်လျှောက် တည့်တည့်ပွတ်ဆွဲခြင်းခံလိုက်ရသည်။ ဟန်ချက်ပျက်၍ လမ်းမပေါ် ပစ်လှဲသွားသော ဝင်းကျော်သည် အရှေ့မှ ပွတ်ဆွဲသွားသည့် ဆိုင်ကယ်အား လှမ်းကြည့်မိသောအခါ အာရုံထဲ ပြည့်သွားသည်က ပြောင်လက်နေသော အနီရောင် Ducati။

Swamping with Intimacy(Season-1)Where stories live. Discover now