ခွမ်း....
ကျကွဲသွားသော ဓာတ်ပုံမှန်ဘောင်။
အဆောင်မှာ ထမင်းလာစားသော မင်းဆက်က ကျကွဲရာ စာပွဲရှေ့သို့ ပြေးသွားသည်။ ခန့်ဦးရှိန် နှင့် သူ၏ ဓာတ်ပုံလေးက ကြမ်းပြင်ပေါ်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲနေ၏။
"မင်းဆက်...ထားလိုက်...ခဏနေ သန့်ရှင်းရေးဝင်ရှင်းပေးလိမ့်မယ်..."
ထမင်းစားနေသော Senior အကိုများက သူ့ကို ခပ်ပေါ့ပေါ့လှမ်းပြောသည်။
သူစိတ်ထဲဝယ် တစ်မျိုးတစ်မည်။ ဓာတ်ပုံတွေ အများကြီးထဲကမှ ဒီဓာတ်ပုံပဲ ထူးပြီး ကျကွဲရသည်ကြောင့် ရင်ထဲ ဝမ်းနည်းလာသည်။
ကိုယ်တိုင် ရှင်းနေရင်း...
အာ့...
မှန်ကွဲစနှင့်ထိ၍ စိမ့်ကျလာသော သွေးတစ်စက်က ဓာတ်ပုံထဲက ခန့်ဦးရှိန်၏ ဆူတူတူမျက်နှာပေါ်သို့ တိုက်ရိုက်ကျ၏။ မင်းဆက် စားပွဲပေါ်မှ Tissue ကို အမြန်ဆွဲယူ၍ ဓာတ်ပုံပေါ် ပွတ်သုတ်လိုက်ရသည်။
"အစ်ကို...ကျွန်တော့်ကောင်လေးနဲ့ပုံ ကျကွဲသွားတာ...ဘာမှတော့ မဖြစ်လောက်ပါဘူးနော့..."
စိတ်ပူသလိုမေးတော့ အကြောင်းသိနေတဲ့အစ်ကိုတွေက အေးဆေး ပြန်ဖြေသည်။
"ဘာမှမဖြစ်ပါဘူးကွ...ငါတို့ဆိုလဲ တစ်ခါတလေ ကျကွဲတာပဲ...အယူသီးမနေစမ်းနဲ့..."
ခေါင်းညိမ့်ပြလိုက်သော်လည်း စိတ်ပူလာ၍ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။
ခန့်ဦးရှိန်ကို ဖုန်းဆက်မယ်ပြင်ပြီးမှ သူ့လက်ချောင်းတို့ ရပ်တန့်သွား၏။
"အလုပ်ကိစ္စနဲ့တောဘက် ခဏသွားရမယ်...ဖုန်းမဆက်နဲ့...လိုင်းမမိလောက်ဘူး..."
မှာသွားတာသိသော်လည်း စိုးရိမ်စိတ်ဖြင့် ဖုန်းဆက်ကြည့်တော့ ထင်တဲ့အတိုင်း လိုင်းကမရ။
"လာပါကွာ...ကျောင်းဆင်းမှ အိမ်ကိုမေးကြည့်ပေါ့..."
ကျောင်းပြန်တက်ချိန်လည်းဖြစ်သည့်အတွက် Senior တွေက သူ့ကို ခေါ်ကြသည်။
မင်းဆက်လည်း အင်တင်တင်ဖြင့် ဓာတ်ပုံအကွဲလေးကို စားပွဲပေါ် တင်၍သာ ထွက်သွားလိုက်သည်။
VOCÊ ESTÁ LENDO
Swamping with Intimacy(Season-1)