Part 5(အရမ်းချစ်လို့)

352 29 2
                                    

"ထက်မြတ်ရေ....သားလေး...'

အိပ်ခန်းထဲ အော်ကျယ် အော်ကျယ်နဲ့ ဝင်လာသော အမေဖြစ်သူကို စိတ်ထဲကနေ စိတ်ကောက်မိသည်။

မိုးတောင် မလင်းသေးဘူး နှိုးပြန်ပြီ။

"သားရေ....!'

"အစောကြီးကို မာမီရာ...'

စောင်ခေါင်းမြှီး ခြုံပြီး ခေါင်းအုံးကြားထဲ မျက်နှာဖွက်ပြီး ဖင်ဘူးတောင်းထောင်နေလိုက်သည်။

"ဟဲ့...အိမ်ရှေ့မှာ ကလေး တစ်ယောက် တွေ့တယ် ငါ စျေးသွားတည်းက စကိတ်ဘုတ်ကြီး နဲ့ ဒီအိမ်ရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် စီးနေတာ....ခုထိ ရှိတုန်း နင့် သူငယ်ချင်းလားလို့'

ဟင်...! စကိတ်ဘုတ်ကြီးနဲ့ ဟုတ်လား။ဉာဏ်ထက် များလား။
အိပ်နေရင်းကနေ ဝုန်းကနဲ ထထိုင်မိသွားကာ....

"မာမီ.... အဲကောင်လေးက ဆံပင် ရွှေရောင်လေးနဲ့မလား?'

"အေး...ဟုတ်တယ်'

မာမီ့ ဆီက အဖြေ ရရချင်း ရေချိုးခန်းထဲ ပြေးဝင်လိုက်ရသည်။ သွားခေါ်ဦးမှ မဟုတ်ရင် စိတ်ကောက်တော့မှာ။

"ဟဲ့... ဘယ်နှယ့် ဖြေးဖြေးသွားလေ....ချော် လဲနေမှဖြင့်....ကလေလဲ မဟုတ်တော့ပဲနဲ့'

သူ့စောင်တွေ ခေါက်ပေးရင်းကနေ မာမီက ထုံးစံအတိုင်း ပစ်တောက် ပစ်တောက် ပြောရင်း ​ကျန်ခဲ့သည်။

"ဟဲ့....နင်နဲ့ သိတာလား?'

"အွန်း...အိဒယ်...'

သွားတိုက်နေရင်းကနေ ဝမ်းခေါင်းသံကြီးနဲ့ လှမ်းဖြေတဲ့ သားဖြစ်သူအား ဆက် မမေးဖြစ်တော့ပဲ မနက်စာ ကိုသာ တစ်ယောက်စာ ပို၍ ပြင်ပေးထားရန် မီးဖိုဆောင် သို့ ဝင်ခဲ့လိုက်တော့သည်။

ခဏကြာတော့ ပြာပြာ ပြာပြာ နဲ့ ဆင်းပြေးသွားတဲ့ သားဖြစ်သူအား ချော်မလဲဖို့ ရင် တမမ နဲ့ ကြည့်နေရင်း ခဏကြာတော့ ဆံပင်ရွှေရောင် နဲ့ ကောင်လေးအား ခေါ်ရင်း ပြန်ဝင်လာလေသည်။

"မာမီ....သားရဲ့...သူငယ်ချင်း....'

"သြော်...အရင်က မတွေ့မိဖူးဘူး သားနဲ့ ဘယ်လိုသိတာလဲ?'

မိန်းမ တို့ ထုံးစံအတိုင်း မေးခွန်း ပေါင်းစုံ တို့ စတင် မေးမြန်ပါတော့မည်။ အခြေအနေ နဲ့ ကြည့်ရှုဖြေရင် ဖြေ မဟုတ်ရင် အကုန် ဘူးပေါ်သလို ပေါ်တော့မှာ။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now