Part 9(ဝေ့ရင်းမဟုတ်တဲ့ဝေ့ရင်း)

354 34 0
                                    

ခုတင်ခေါင်းရင်းကိုမှီရင်း ပြတင်းပေါက်ကို ကျော်၍ ပတ်ဝန်းကျင်ကိုကြည့်မိတော့ နှင်းပွင့်ဖြူဖြူတို့က ညှင်သာစွာ ဆင်းသက်လို့နေသည်။

သူ ဒီလိုပဲ ဒီနေရာမှာပိတ်လှောင်နေရတော့မှာလား။ လန်ကျန့်က ကယ်ခဲ့ပေမယ့် သေချာစဥ်းစားကြည့်တော့ ဝေ့ဝူရှန့်အနေနဲ့ ေသသွားတာမှ ကောင်းဦးမှာ။ ဘာအလုပ်မှ မရှိပဲ ပျင်းစရာဘဝကြီးမှာ နေချင်ပါ့မလား။

"ဝေ့ရင်း...'

အသံကြားရာလှည့်ကြည့်လိုက်တော့ လက်ထဲမှာ အရက်အိုး နှစ်အိုးနှင့်။ တိမ်လွှာနန်းမြိုင်မှာ အရက်မသောက်ရဘူးဆို။ အံ့သြတကြီး ကြည့်နေသည့် သူ့ကို လန်ကျန့်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း အရက်အိုးတွေကို စားပွဲပေါ်သို့တင်သည်။

"မင်း အရမ်းကြိုက်တယ် မဟုတ်လား?'

ဝေ့ဝူရှန့်က အရက်ကြိုက်တတ်လို့များလား။ဒါဆို သူက ဝေ့ရင်းအတွက် ဂိုဏ်းစည်းကမ်းတောင်ဖောက်ဖျက်တဲ့ တစ်မိုးအောက် ဟန်ကွမ်းကျွင်းကြီးပေါ့။

သူ့အတွေးမဆုံးခင်မှာ လန်ကျန့်က ခွက်ထဲတောင် ငှဲ့ပေးနေပြီ။ သူက ဝေ့ဝူရှန့်မှ မဟုတ်တာ အရက်အများကြီး မသောက်နိုင်ဘူးလေ။တစ်ခွက်လောက်ဆို မှောက်ရော။

"system အရက်မသောက်လို့မရဘူးလား?'

"မရပါဘူး ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှုမရရင် အမှတ်လျှော့...'

"အာ...သောက်မယ် သောက်မယ်'

ခုတင်ပေါ်ကနေ ဆင်းရင်း လန်ကျန့်ရဲ့ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်တော့ သူလာထိုင်တာကို အသိအမှတ်ပြုသည့်အနေနှင့် မျက်လုံးလှန်ကြည့်ပြီး သူ့အတွက် လက်ဖက်ရည်ငှဲ့နေသည်။

"လန်ကျန့် ကျေးဇူးပါ'

ငှဲ့လက်စ လက်ဖက်ရည်အိုးကို အသာချရင်း သူ့ကိုကြည့်လာသည့် လန်ကျန့်ရဲ့ မျက်ဝန်းတို့၌ ကြင်နာမှုနှင့် မြတ်နိုးတန်ဖိုးထားမှုဟာ အနှိုင်းမဲ့စွာ ကပ်ငြိလျှက်ရှိသည်။ ငါ့ကို ဒီလိုမကြည့်ပါနဲ့ လန်ကျန့်။ ငါက ဝေ့ရင်းမဟုတ်ဘူးလေ။မင်း အရမ်းမြတ်နိုးရတဲ့သူရဲ့ နေရာကို ငါကအစားဝင်ပေးနေရတာလား။ ငါ့ကိုယ်ငါလဲ မကျေနပ်နိုင်လိုက်တာ။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now