Part 20(ငါ့ပါးနှစ်ဖက်က မင်းအတွက်ပဲ)

177 23 2
                                    

ဝေ့ဝူရှန့် မှာ ပြူးပြူးပြာပြာ ဖြစ်သွားကာ လန်ဝမ့်ကျီး ကို ကူရာမဲ့စွာ မော့ကြည့်လျှက် ချှော့လိုက်ရလေသည်။

"ငါ ခိုးမတွေ့ပါဘူးကွာ....လာလာ... ဒါက အမှတ်မထင် တိုက်ဆိုင်ပြီးတွေ့တာ....ငါက လေညှင်းခံရုံပဲ....'

လန်ဝမ့်ကျီး က သူ့ရင်ခွင်ထဲမှ အသေအလဲ တောင်းပန်နေသည့် ဝေ့ဝူရှန့်ကို မျက်နှာသေနှင့် အကြာကြီး ငုံ့ကြည့်နေကာ တိတ်ဆိတ်နေလေသည်။ ထူးထူးခြားခြားကြီးတိတ်ဆိတ်နေကာ လေတိုးသံ တဝီဝီပင် ကြားနေရသည်မို့ ဝေ့ဝူရှန့် ​ဖျန်းကနဲ ကျောချမ်းသွားရသည်။ နှစ်ယောက်သား ပူးကပ်နေသည့် ရင်ဘတ်များသည်သာ မတူညီစွာ ပူပြင်းလောင်မြိုက်လို့နေသည်။
ဝေ့ဝူရှန့်က စိတ်ထဲမှ ကူရာမဲ့စွာ ပြောလိုက်သည်။

*ငါ့ကို အဲ့လိုကြီး မကြည့်နဲ့...*

သူက သူ့ရဲ့လက်တွေကို ပင့်မြှောက်လိုက်ပြီးနောက် လန်ဝမ့်ကျီး ၏ ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ နောက်တစ်ကြိမ် ချော့လိုက်သည်။

"လန်အာ့ကောကော....ငါ ပြောတာ သဘောပေါက်တယ်မလား....ငါတို့က တိုက်ဆိုင်သွားရုံပဲလို့....နော်....'

သူ့အသံက အနည်းငယ် ချွဲတဲတဲနှင့် နှာသံလေး ပါနေသည်မို့ ဝမ်နင်းက ရယ်ချင်သွားသည်။ သို့သော် မရယ်ရဲပေ။ သူက သူ့ပါးစပ်ကို မချိမဆန့်ကြီး ပိတ်ကာ ရုပ်တည်နှင့် နေနေရလေသည်။

လန်ဝမ့်ကျီး ကမူ ထိုအသံကြောင့် အနည်းငယ်လှုပ်ရှားသွားကာ သူ့အပေါ်နှုတ်ခမ်းများက အနည်းငယ် တုန်ယင်နေသေးသည်။ သူက ဝေ့ဝူရှန့်ကို သူ့ရင်ခွင်ထဲမှ ထုတ်ကာ ဝမ်းနင်ရှေ့သို့ သွားရပ်သည့်အခါ ဝေ့ဝူရှန့်မှာ လိုက်မတားရဲရှာပေ။

သူနဲ့ ဝမ်းနင်က လူကောင်း။ ဟိုတစ်ယောက်က အမူးသမားမို့ အတတ်နိုင်ဆုံး အလိုလို်က်ထားရန်သာ ရှိတော့သည်။ ထို့အပြင် လန်ဝမ့်ကျီး က ယဥ်ကျေးသိမ်မွေ့စွာ နေထိုင်တတ်သူဟု ကျော်ကြားသူ ဖြစ်သည်။ မည်မျှ မူးနေပါစေ တစ်ပါးသူကို နာကျင်အောင် မလုပ်....

"ဖုန်း...!'

ဝေ့ဝူရှန့် ၏ အတွေး မဆုံးလိုက်ခင် လန်ဝမ့်ကျီးက ဝမ်းနင်၏ ရင်ဘတ်ကို အားနှင့် စောင့်တွန်းလိုက်ပြီ ဖြစ်သည်။ တကယ်ကြီးကို အားတွေ အများကြီး သုံးလိုက်ကြောင်း သိသာ၏။ အကြောင်းသည်ကား ဝမ်းနင်မှာ နောက်သို့လွင့်သွားကာ သစ်ပင်နှင့် ဝင်တိုက်မိသွားသည်မို့။

If we'll meet in another life(uni+zaw) 'System'Waar verhalen tot leven komen. Ontdek het nu