Part 16(ဒါပေါ့....ငါက မှော်နက်အရှင် ပဲလေ)

182 27 2
                                    

ဝေ့ဝူရှန့် သည် system ဆိုသည့် ထို ဖြူဖြူလုံးလုံးကောင်ကို လျစ်လျူရှုကာ လန်ကျန့်ပြန်အလာကို စောင့်နေသော်ငြား အနှီလန်ကျန့်သည်ကား ညည့်အတော်နက်သည်အထိ ပြန်ရောက်မလာသည်မို့ မသိစိတ်မှ အလွန်ပင် ပူလောင်လာခဲ့ရလေသည်။ ယခု၌မူ မှော်နက်အရှင်ပြန်လည် ရှင်သန်လာရခြင်းကို ဇယ်ဝူကျွင်းပင် သိနေပြီဖြစ်သည်မို့ လန်အိမ်တော်ရှိ ထိုအဘိုးကြီး လန်ချီရန်သည်လည်း မသိဘူးဟု ပြောလျှင်သာ ညာရာကျလိမ့်မည်ပင်။

"ဝေ့ရင်း..... '

အတွေးမဆုံးမီ ကြားလိုက်ရသည့် နောက်နားက ေအးစက်စက်ရှတတ အသံကြောင့် ရင်ထဲက တောက်လောင်နေသည့် အပူလုံးကြီးဟာ ရေဖြင့်ပက်လိုက်သကဲ့သို့ ဟုန့်ကနဲ ငြိမ်သက်သွားတော့သည်။ ဝေ့ဝူရှန့်က ဝမ်းသာအားရ လှည့်ကြည့်ကာ ထိုလူဆီသို့ ပြေးသွားလိုက်လေသည်။

"လန်ကျန့်.... မင်း ဘာမှမဖြစ်....'

စကားပင် မဆုံးလိုက်ရပါ။ ပူနွေးကာ ရှစ်ရှစ်တောက်နေသည့် လန်ဝမ့်ကျီး ၏ လက်များသည် သူ့ကို အားရပါးရ ပွေ့ဖက်လာတော့သည်။ စက္ကန့်ပိုင်းမျှ ကြောင်အနေသည့် ဝေ့ဝူရှန့်က ဘာတုံ့ပြန်ရမှန်း မသိပေ။

"ဝေ့ရင်း....'

တုန်ရီနေသည့် သူ့အသံသည် လုံးဝပုံမှန်ဟုတ်မနေကြောင်း သိသာလှသည်။ သိုင်းဖက်ထားသည့် သူ့ရင်ခွင်ထဲ၌ သေရည်နံ့ ခပ်သင်းသင်းကလေးရနေသည်။

ဝေ့ဝူရှန့်က ပုံမှန်ဖြစ်အောင် စိတ်ကို လျှော့ချကာ မေးလိုက်သည်။

"လန်...လန်ကျန့်....မင်း သေရည်တွေ သောက်လာတာလား?'

"အွန်း...'

ရွှန်းစိုနေသည့် လန်ဝမ့်ကျီး၏ နှုတ်ခမ်းကလေးများသည် အနည်းငယ် ရှေ့သို့ ထော်ထွက်ကာ ခေါင်းကို လေးလေးပင်ပင်ကြီး ငြိမ့်ပြလေသည်။ ထို့နောက် သိုင်းဖက်ထားသည့် လက်များသည် ပို၍ပင် အားပါလာသယောင်ရှိသည်မို့ စိတ်ထင်၍လား မသိ။ ဝေ့ဝူရှန့် သည် သူ့လက်မောင်းများရှိ အရိုးများထံမှ "ဂျွတ်'' ကနဲပင် အသံကြားလိုက်ရပါသည်။

"အာ့....နာတယ်...လန်ကျန့်...'

လန်ဝမ့်ကျီး ကမူ သူ့ကို နည်းနည်းမှ အရေးမလုပ်ပါပေ။ တဖြည်းဖြည်း နှင့် သူ့လက်ချောင်းများသည် ဝေ့ဝူရှန့် ၏ ကျောပြင်ကို ပွတ်သပ်လာသလို ခံစားရသည်မို့ ဝေ့ဝူရှန့်က မျက်လုံးများပြူးချင်လာလေပြီ။ ဒီအခြေအနေကြီးကို ဘယ်လို ဖြေရှင်းရပါ့မလဲ။ ထက်မြက်ဘဝကလဲ ဉာဏ်ထက်ကို ချစ်လွန်း၍ သူခံခဲ့ရပြီးပြီ။ ဒီဘဝနဲ့လဲ လန်ကျန့်ကို မတွန်းလှန်နိုင်ပြန်သည်မှာ....လန်ကျန့်နှင့် ဉာဏ်ထက်သည် ရုပ်သာတူသော်လည်း ခွန်အားခြင်း မတူလှပေ။ လန်ကျန့်သည် ကျင့်ကြံသူတစ်ဦးပီပီ အလွန်ပင် သန်မာလွန်းလှပေသည်။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now