Part 1(စတင်တွေ့ဆုံခြင်း)

1.4K 73 0
                                    

ကြည်လဲ့လဲ့ ကောင်းကင်ပြာရဲ့ အောက် ခန်းနားထည်ဝါသော တက္ကသိုလ် ကျောင်းဝန်း အတွင်း တက်ကြွစွာ လှုပ်ရှားနေကြသော ဘွဲ့ဝတ်ဆုံ နှင့် တင်တယ်နေကြလေသော လူငယ်တစ်စု ဟာ ပျော်ရွှင်စွာ ရှိလို့နေသည်။

"ထက်မြတ်....လာဦး ဓာတ်ပုံ အတူရိုက်ရအောင်'

ရိုးရှင်းစွာ လှပလေသော သူ့ရဲ့ သူငယ်ချင်းမလေး ကြည်ပြာ....သူလှည့်ရယ်ပြတော့ မျက်စောင်းထိုးလေသည်။

"လာပါဟ သူငယ်ချင်းတွေ နောက်ဆို အချိန်တိုင်း တွေ့ဖို့မလိုတော့ဘူး အမှတ်တရ ရိုက်ရအောင်'

"လာပြီ လာပြီ'

လှပလေခဲ့သော သူ့ရဲ့ နွေဦးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အတူ နွေးထွေးကာ ပျော်စရာကောင်းခဲ့၏။

"ငါ့မေမေဆီသွားဦးမယ် '

တစ်ခြားသူတွေနဲ့ လှည့်ပတ်ကာ ဓာတ်ပုံရိုက်ရင်း သူအား သွားဆိုသည့်သဘောဖြင့် လက်ယပ်ပြသော ကြည်ပြာအား ပြန်ရယ်ပြကာ ထက်မြတ်ဆည်းဆာ canteen ဘက်သို့ ထွက်လာခဲ့သည်။

"အာ့!'

"အာ....sorry'

ပြာပြာ ပြာပြာနဲ့ ပြေးလာသော ကောင်လေးတစ်ယောက် သူ့ကိုပင်မမြင်ပဲ သူ့ရင်ဘတ်အား ဝင်တိုက်လေသည်။

"ရတယ်....ကိစ္စမရှိဘူး'

ဆံနွယ်ပျော့အိအိဟာ ဂုတ်နားထိဝဲဝဲလေးရှည်နေကာ ရွှေဖြူရောင် လေးဆိုးထားပုံက
ဒီကောင် ဘယ်လိုဆံပင်ပုံစံထားပါလိမ့် မိန်းကလေး ဆန်လိုက်တာဟု တွေးမိသော်လည်း ရုပ်ကလေးက သာမန်မိန်းကလေးတွေထက်ပင် ချစ်စရာကောင်းသေးသည်။

"ဟုတ် ဒါဆို ကျွန်တော်သွားတော့မယ်နော်'

အလျင်လိုနေသော ပုံစံမို့ သူ ခေါင်းသာငြိမ့်ပြမိကာ ထို ဆံပင်ရွှေရောင်ဂုတ်ဝဲနဲ့ ကောင်လေးအား ငေးရင်း ကျန်ခဲ့မိသည်။

"နာမည်တောင် မိတ်မဆက်သွားဘူး'

သူ့ဘာသာ ခပ်တိုးတိုးရွတ်မိရင်း မေမေ့ဆီသာ ပြေးထွက်လာခဲ့မိသည်။

                             🐰🦁🐰🦁

ကြည်လင်သော ကောင်းကင်ပြာကို မော့ကြည့်ရင်း သူကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ ဒီနေ့ ကမ်းခြေမှာ သူတို့သူငယ်ချင်းတွေ ပျော်ပွဲစားထွက်ကြမှာပဲ။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now