Part 3(ကလေးနှင့်တူသော လူကြီး)

493 50 0
                                    

ပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ခတ်နေသောလေအေးအေးဟာ ဉာဏ်ထက်ရဲ့ ရွှေရောင် ဆံနွယ်ရှည်ရှည်တွေကို လှပစွာ လွင့်ပျံ့စေသည်။ တလိမ့်လိမ့်တက်လာသော လှိုင်းလုံးကြီးများကို မျက်တောင်မခတ်ငေးနေလေသော အရောင်လဲ့လဲ့မျက်ဝန်းတွေနဲ့ ကောင်လေးဟာ ၃,၄ရက်အတွင်းမှာပင် သူနှင့် အတော်လေး ရင်းနှီးနေလေပြီ။

ဘောင်းဘီတိုအောက်က ခြေသလုံးဖွေးဖွေးပေါ်က ဒဏ်ရာငယ်တို့ကို သူအမြင်ရောက်တော့....

"မင်း ခြေထောက်က ငါ စရောက်တဲ့နေ့ကတည်းက သတိထားမိတာ ဘာဖြစ်တာလဲ?'

သူမျက်စပစ်ပြရင်း မေးတော့ သွားတန်းညီညီဖွေးဖွေးလေးတွေပေါ်အောင်ရယ်ပြလေကာ....

"စကိတ်ဘုတ် စီးတယ်လေ ဆိုင်ကယ်ပြိုင်ပွဲတွေလဲ ပါတော့ ဒဏ်ရာကတော့ မပြတ်ဘူးပဲ'

အလို!....ဒီနုနုထွတ်ထွတ်လေးက ဆိုင်ကယ်ပြိုင်ပွဲလည်း ဝင်သတဲ့။ သူမယုံသလိုလေး မျက်လုံးပြူးပြတော့ ပုခုံးပြန်တွန့်ပြလေရဲ့။

"မင်း မယုံဘူးလား ငါ dancer လည်း ကတယ်'

"မင်း မလုပ်ဖူးတာ ဘာရှိလဲ?'

ငေါ့သလိုလို အမေးပေမယ့် ငတိကတော့ သဘောကျစွာ ရယ်နေပြန်သည်။

"မီးသတ်အဖွဲ့ထဲတောင် ဝင်ဖူးတယ်'

တကယ် လက်မြှောက်သွားပါပြီ။ ဒီသေးသေးလေး မလုပ်တတ်တာ ဘာမှမရှိဘူးပဲ။

"ကျောင်း အားကစားပွဲတွေမှာ ပါမှာပေါ့'

"အင်း ပါတယ်လေ'

"ငါ ဘာလို့ မင်းကို မသိလိုက်ပါလိမ့်'

"မင်း သူစိမ်းတစ်ယောက်ကို စိတ်မဝင်စားတတ်လို့နေမှာပါ'

သူပြောတာလဲ ဟုတ်သားပဲ ။ သူက တစ်ခြားသူတွေအကြောင်း သိပ်စိတ်ဝင်စားတတ်သူမဟုတ်။

"မနက်ဆို ပြန်ရတော့မှာ'

နေဝင်ပျိုးစချိန် ကမ်းခြေအား တစ်ဖန်ပြန်လည်ငေးမောရင်း ဉာဏ်ထက်က ဆွေးဆွေးလေးပြောလာသည်။

"ဟုတ်တယ် မင်းပြောကြည့် ဉာဏ်ထက် ငါတို့ ထပ်ဆုံဖြစ်ဦးမယ် ထင်လား?'

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now